Mi Max 3 နဲ့ Xiaomi Mi Max 2 ဘာတွေကွာခြားချက်ရှိနေလဲ ?

0
1408







unicode

Mi Max 3 ဟာ 6.9-inch full-HD+ IPS display နဲ့အတူ 2160×1080 pixel resolution ဖြစ်ပြီး 18:9 aspect ratio ဒီဇိုင်းပါ။ Mi Max 2 ကတော့  6.44-inch full-HD IPS display သာသုံးထားပြီး 1080×1920 pixel resolution ကိုသာသုံးထားပြီး ပုံမှန်အတိုင်း 16:9 aspect ratio နဲ့သာလာပါတယ်။ ဒါကြောင့် မြင်ကွင်းပိုင်းမှာတော့ လုံးဝကွဲပြားပါတယ်။

ကင်မရာပိုင်းမှာတော့  Mi Max 3 ရဲ့နောက်ကျောဘက်မှာ dual camera စနစ်နဲ့ဖြစ်ပြီး 12-megapixel sensor + 5-megapixel ပေါင်းစပ်မှုဖြစ်ပါတယ်။ sensors ၂ခုလုံးမှာ  f/1.9 aperture နဲ့ဖြစ်ပြီး LED flash တပ်ဆင်ပေးထားပါတယ်။ Mi Max 2 မှာတော့  f/2.2 aperture, Phase Detection Autofocus နဲ့ dual-LED (dual-tone) flash တပ်ဆင်ထားတဲ့ 12-megapixel ကင်မရာတစ်ခုသာ တပ်ဆင်ထားပါတယ်။ Mi Max 3ရဲ့အရှေ့ဘက်မှာ 8-megapixel ဆင်ဆာနဲ့ဖြစ်ပြီး ‘soft’ LED flash ထောက်ပံ့ပေးထားပါတယ်။ Max 2 မှာတော့ f/2.0 aperture နဲ့ 5-megapixel ကင်မရာသာတပ်ဆင်ပေးထားပါတယ်။

hardware ပါဝါစွမ်းအားပိုင်းမှာတော့ Mi Max 3 မှာ Redmi Note 5 Pro နဲ့ဆင်တူပြီး 1.8GHz octa-core Qualcomm Snapdragon 636 ပရိုဆက်ဆာကို သုံးထားပါတယ်။ Adreno 509 GPU ကိုဂရပ်ဖစ်ပိုင်းအတွက် ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် သိပ်အားရစရာမကောင်းလှပါဘူး။ Mi Max 2 မှာတော့ 2GHz octa-core Qualcomm Snapdragon 625 ပရိုဆက်ဆာနဲ့အတူ  Adreno 506 GPU ကိုတွဲဖက်သုံးထားပါတယ်။ Snapdragon 636 ဟာပါဝါစွမ်းအားပိုင်းမှာ Snapdragon 630 ၄၀ရာခိုင်နှုန်းလောက် ပိုကောင်းလာပါတယ်။

အချက်အလက်သိုလှောင်မှုပိုင်းမှာတော့ Mi Max 3 မှာ4GB RAM နဲ့ 6GB RAM ဆိုပြီး ၂မျိုးထွက်လာပါတယ်။ 4GB RAM version မှာ 64GB storage နဲ့ဖြစ်ပြီး 6GB RAM version ကတော့ 128GB storage နဲ့ပါ။ RAM ၂မျိုးလုံးမှာ micro-SD card ထပ်မံ ထောက်ပံ့မှုသုံးနိုင်မှာပါ။ Mi Max 2 မှာတော့ 4GB RAM နဲ့ 32/64/128 GB storage သာထုတ်ထားပြီး အချက်အလက်ထပ်မံတိုးနိုင်ပါတယ်။ Mi Max 3 မှာတော့ OS ပိုင်းအတွက် Android 8.1 Oreo အခြေပြု  MIUI 9.5 နဲ့ဖြစ်ပြီး Mi Max 2 ကိုတော့ Android 7.1.1 (Nougat) အခြေပြု MIUI 8.0 နဲ့ထွက်ထားတာပါ။

ကွန်ရက်ချိတ်ဆက်မှုပိုင်းမှာတော့  Mi Max 2 နဲ့ Mi Max 3 ၂မျိုးလုံးမှာ dual-SIM, 4G LTE (VoLTE-ready) နဲ့ USB Type-C ထောက်ပံ့ပေးထားပါတယ်။ IR blaster လုပ်ဆောင်ချက်ကိုလည်း သုံးနိုင်မှာ ဖြစ်တာကြောင့် Mi Home app ကိုသုံးပြီး စမတ်အိမ်လိုမျိုး ထိန်းချုပ်နိုင်မှာပါ။ ဗားရှင်း ၂မျိုးလုံးမှာ  Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, DLNA, hotspot နဲ့ဖြစ်ပြီး Bluetooth မှာတော့ Max 3 မှာတော့ 5.0 ဖြစ်သွားပါတယ်။ ဒါကြောင့် အချက်အလက်တွေ ဝေမျှတဲ့ အချိန်မှာ ပိုမိုမြန်ဆန် လာမှာ ဖြစ်ပါတယ်။

ဘက်ထရီစွမ်းအားပိုင်းမှာတော့ Mi Max 3 မှာ Mi Max 2ထက်ပိုမိုကြီးမားတဲ့ 5,500mAh  စွမ်းအားကိုသုံးထားပါတယ်။ Max 2မှာ  5,300mAh ကိုသာသုံးထားတဲ့ အတွက်ကြောင့်ပါ။ စမတ်ဖုန်း၂မျိုးလုံး မှာအားသွင်းမြန် ဆန်တဲ့ စနစ်အတွက် Qualcomm ရဲ့ Quick Charge 3.0 ကိုထောက်ပံ့ပေးထားပါတယ်။

Leave a Reply