Snapdragon 855+5G Chip ပါဖို႔ေသခ်ာသေလာက္ရွိေနၿပီျဖစ္တဲ့ Galaxy S10+

0
1425

Samsung အေနနဲ႔လာမယ့္ႏွစ္မွာ အသစ္ထြက္မယ့္ ကုမၸဏီရဲ႕စမတ္ဖုန္းသစ္မွာ 5G Chip ျဖစ္တဲ့ Snapdragon 855 ကိုအသုံးျပဳသြားဖို႔ ေသခ်ာသေလာက္ရွိေနပါၿပီ။ ဒါ့အျပင္ သူ႕ရဲ႕ေနာက္ေက်ာဘက္မွာကင္မရာ၃လုံးကို ေဒါင္လိုက္တပ္ဆင္ေပးထားအုံးမွာပါ။ ဖုန္းမွာပါဝင္တဲ့ ပရိုဆက္ဆာဟာ ပုံမွန္ေနာက္ဆုံးေပၚ ဖုန္းေတြမွာထည့္သြင္းလာမယ့္ Snapdragon 855 ေတြထက္ ပိုမိုျမန္ဆန္သြက္လက္ၿပီး ကင္မရာပိုင္းကိုလည္း အေကာင္းဆုံးေထာက္ပံ့ေပးမယ္လို႔ ဆိုပါတယ္။ Samsung S10+ ရဲ႕ကင္မရာဟာ 41MP+20MP + 8MP ျဖစ္ၿပီး 8X optical zoom ဒီဇိုင္းနဲ႔လာမယ့္အျပင္ optical image stabilization နည္းပညာအျပင္  PDAF phase focusing ကိုပါ ေထာက္ပံ့လာလိမ့္မယ္လို႔ သတင္းေတြထြက္ေနပါတယ္။

Samsung ဟာ Galaxy S10 + ကိုထြက္ရွိထားသမွ် ဖုန္းေတြထဲမွာ မ်က္ႏွာျပင္အႀကီးမားဆံုးျဖစ္တဲ့ 6.44-inch screen နဲ႔ထုတ္လုပ္လာမွာ ျဖစ္တယ္လို႔ သိရပါတယ္။ Samsung အေနနဲ႔တန္ဖိုး ႀကီး ေမာ္ဒယ္ႏွစ္ခုထဲမွ တစ္လံုးရဲ႕ ေဘးဘက္မွာ လက္ေဗြရာ ကိရိယာနဲ႔အတူ Curved အစား Flat Infinity Display တပ္ဆင္ထားမွာပါ။ ေမာ္ဒယ္ျမင့္အလုံးမွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာလည္း ပါလာ ႏုိင္ပါတယ္။ သို႕ေပမယ့္စမတ္ဖုန္း အားလံုးမွာ 3D Face Scanning နည္းပညာလည္း ပါလာႏုိင္တဲ့အျပင္ ဒါ့အျပင္ Iris Scanning လည္း ထည့္ေပးထားမွာပါ။

Samsung Galaxy S10 ဖုန္းေတြဟာ Samsung စမတ္ဖုန္းေတြမွာ under-screen fingerprint လုပ္ေဆာင္ခ်က္ကို ပထမဆုံးသုံးလာမယ့္ ဖုန္းေတြျဖစ္ၿပီး သူ႕မွာ face recognition အတြက္ 3D camera လုပ္ေဆာင္ခ်က္ေပါင္း ထည့္ေပးႏိုင္ပါတယ္။ Samsung S10 အေနနဲ႔ 4K AMOLED ကိုအသုံးျပဳလာႏုိင္ၿပီး Qualcomm ရဲ႕ Snapdragon 855 မွာ 6GB RAM နဲ႔ 128GBအခ်က္အလက္သိုေလွာင္ႏုိင္စြမ္းကို သုံးစြဲလာပါလိမ့္မယ္။

unicode

Samsung အနေနဲ့လာမယ့်နှစ်မှာ အသစ်ထွက်မယ့် ကုမ္ပဏီရဲ့စမတ်ဖုန်းသစ်မှာ 5G Chip ဖြစ်တဲ့ Snapdragon 855 ကိုအသုံးပြုသွားဖို့ သေချာသလောက်ရှိနေပါပြီ။ ဒါ့အပြင် သူ့ရဲ့နောက်ကျောဘက်မှာကင်မရာ၃လုံးကို ဒေါင်လိုက်တပ်ဆင်ပေးထားအုံးမှာပါ။ ဖုန်းမှာပါဝင်တဲ့ ပရိုဆက်ဆာဟာ ပုံမှန်နောက်ဆုံးပေါ် ဖုန်းတွေမှာထည့်သွင်းလာမယ့် Snapdragon 855 တွေထက် ပိုမိုမြန်ဆန်သွက်လက်ပြီး ကင်မရာပိုင်းကိုလည်း အကောင်းဆုံးထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။ Samsung S10+ ရဲ့ကင်မရာဟာ 41MP+20MP + 8MP ဖြစ်ပြီး 8X optical zoom ဒီဇိုင်းနဲ့လာမယ့်အပြင် optical image stabilization နည်းပညာအပြင်  PDAF phase focusing ကိုပါ ထောက်ပံ့လာလိမ့်မယ်လို့ သတင်းတွေထွက်နေပါတယ်။

Samsung ဟာ Galaxy S10 + ကိုထွက်ရှိထားသမျှ ဖုန်းတွေထဲမှာ မျက်နှာပြင်အကြီးမားဆုံးဖြစ်တဲ့ 6.44-inch screen နဲ့ထုတ်လုပ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ Samsung အနေနဲ့တန်ဖိုး ကြီး မော်ဒယ်နှစ်ခုထဲမှ တစ်လုံးရဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာနဲ့အတူ Curved အစား Flat Infinity Display တပ်ဆင်ထားမှာပါ။ မော်ဒယ်မြင့်အလုံးမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာလည်း ပါလာ နိုင်ပါတယ်။ သို့ပေမယ့်စမတ်ဖုန်း အားလုံးမှာ 3D Face Scanning နည်းပညာလည်း ပါလာနိုင်တဲ့အပြင် ဒါ့အပြင် Iris Scanning လည်း ထည့်ပေးထားမှာပါ။

Samsung Galaxy S10 ဖုန်းတွေဟာ Samsung စမတ်ဖုန်းတွေမှာ under-screen fingerprint လုပ်ဆောင်ချက်ကို ပထမဆုံးသုံးလာမယ့် ဖုန်းတွေဖြစ်ပြီး သူ့မှာ face recognition အတွက် 3D camera လုပ်ဆောင်ချက်ပေါင်း ထည့်ပေးနိုင်ပါတယ်။ Samsung S10 အနေနဲ့ 4K AMOLED ကိုအသုံးပြုလာနိုင်ပြီး Qualcomm ရဲ့ Snapdragon 855 မှာ 6GB RAM နဲ့ 128GBအချက်အလက်သိုလှောင်နိုင်စွမ်းကို သုံးစွဲလာပါလိမ့်မယ်။

Leave a Reply