Pro ဆန်တဲ့ ဓာတ်ပုံတွေကိုသာဖမ်းယူရိုက်ကူးပေးမယ့် Huawei P20 Series စမတ်ဖုန်းများ

0
4316

Huawei ဟာ ယခုနှစ်အစောပိုင်းမှာဘဲ  P Series  ရဲ့ မျိုးဆက်သစ်ထုတ်ကုန် ဖြစ်တဲ့ P20 နှင့် P20 Pro ကို မိတ်ဆက်ပေးခဲ့ပြီး ဒီဖုန်းတွေရဲ့ ထူးခြားပြောင်မြောက်တဲ့ ကင်မရာစွမ်းရည်ထူးခြားချက်ကြောင့်   နိုင်ငံတကာဈေးကွက်မှာလည်း  ရေပန်းစားလူကြိုက်များ လျက်ရှိပါတယ်။ ဒီ P Series ဖုန်းတွေမှာ ပရော်ဖက်ရှင်နယ်တစ်ဦး ကဲ့သို့ဓာတ်ပုံရိုက်ကူးနိုင်စေဖို့ ကမ္ဘာ့ထိပ်တန်း ကင်မရာအမှတ်တံဆိပ်ဖြစ်တဲ့ LEICA နဲ့ ပူးပေါင်းထားတဲ့ အပြင်  AI လို့   ခေါ်တဲ့ Artificial Intelligence ပါဝင်တာကြောင့် ရိုက်ချက်များကို ပိုမိုအသက်ဝင်စေမှာပါ။

mef

Huawei P20 Pro မှာဆိုရင် LEICA Triple Camera တပ်ဆင်ထားပြီး၊ 40MP RGB Camera ရဲ့ အပေါ်မှာ Advanced Portrait တွေကိုရိုက်ကူးနိုင်စေမယ့် 8MP Telephoto Lens နဲ့ အောက်ဖက်မှာတော့ 20MP Mono Lens နဲ့ Camera ကိုတပ်ဆင်ပေးထားပါတယ်။ Huawei P20 မှာတော့ Leica Dual Camera ပါရှိပြီး 12MP RGB Camera နဲ့ 20MP Monochrome Camera ကို တပ်ဆင်ပေးထားပါတယ်။  Mono Lens တွေဟာ အဖြူ အနက်ရုပ်ပုံများကို ရိုက်ကူးပေးနိုင်ပြီး သာမန် အရောင်ကင်မရာများထက် အလင်း ၃၀၀% ပိုမိုဖမ်းယူနိုင်တာကြောင့် ရုပ်ထွက်တိကျကြည်လင်စေပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ ISO 102400 အတိုင်းအတာထိ ရိုက်ကူးပေးနိုင်တာကြောင့် ညဖက် အလင်းရောင်နည်းချိန် သို့မဟုတ် ညဘက်လို အချိန်မျိုးမှာ အရည်အသွေးကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်စေမှာပါ။ P20 ရော၊ P20 Pro ဖုန်းတွေမှာ စက္ကန့် ၃၀ အထိ Long Exposure ရိုက်ကူးနိုင်ပြီးတော့ Light Painting နဲ့ Night Mode တွေပါဝင်မှာဖြစ်ပါတယ်။ 5X Hybrid Zoom ကြောင့် Zoom ဆွဲရိုက်ဖို့လိုအပ်လာတဲ့အခြေအနေမျိုးတွေမှာတောင် ကြည်လင်တိကျပြတ်သားတဲ့ ဓာတ်ပုံကိုသင်ရရှိနိုင်မှာပါ။

mde

AI နည်းပညာပါဝင်တာကြောင့် မြင်ကွင်းအမျိုးအစားပေါင်း ၁၉ခုကို Camera က သိရှိနားလည်နိုင်ပါတယ်။ ဓာတ်ပုံရိုက်ဖို့ ချိန်နေတုန်းမှာ AI ကနေ လိုအပ်သလို အရောင်ချိန်ညှိပေးတာမျိုးတွေကို လုပ်ပေးသွားနိုင်မှာဖြစ်ပြီး AI Assisted Composition ဟာ Group Photo များ ရိုက်ကူးခြင်းနှင့် ရုပ်ပုံများချိန်ဆရိုက်ကူးခြင်းများကို အလိုအလျောက်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

AI Powered Snapshot ဟာ လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကို တိကျစွာရိုက်ကူးနိုင်ပြီး ၊ 4D Predictive Focus ၊ 4K Video Recording နဲ့ လှုပ်ရှားမှုတွေကို ထိန်းညှိပေးနိုင်တဲ့ 6-Axis Motion Stabilization ကလည်း ဗီဒီယိုတွေကို တည်ငြိမ်နေအောင် ရိုက်ကူးပေးနိုင်မှာပါ။ Selfie Camera ဟာ 24 MP ရှိတဲ့အပြင် 3D Portrait Mode ပါဝင်တာကြောင့် ပုံရိပ်များကို အလှပဆုံးဖမ်းယူပုံဖော်ပေးနိုင်ပါတယ်။

Huawei P20 ဖုန်းမှာ 5.8 Inch ရှိတဲ့ Full HD RGBW Display ကိုတပ်ဆင်ပေးထားပြီး P20 Pro ဖုန်းမှာတော့ 6.1 Inch ရှိပါတယ်။ P20 ဟာ 165g နှင့် P20 Pro ဟာ 180g အလေးချိန်ရှိပါတယ်။ အရောင်အားဖြင့် Huawei P20 ကိုတော့ လူအများသဘောကျနှစ်သက်မယ့် အရောင်တွေဖြစ်တဲ့ အပြာ၊ အနက်နဲ့ ပန်းရောင်ဆိုပြီး အရောင် ၃ မျိုးနဲ့ရနိုင်မှာပဲဖြစ်ပါတယ်။ P20 Pro ကိုတော့ အပြာရောင်၊ အနက်ရောင်နဲ့ Twilight သုံးမျိုးနှင့် ထွက်ရှိလာပါတယ်။

RAM ပမာဏအနေနဲ့  Pro ဗားရှင်းမှာ 6GB အထိလာပေမယ့် ရိုးရိုး P20 မှာတော့ RAM 4GB ပဲ သုံးထားတာ ဖြစ်ပါတယ်။ storage 128GB ကို ဖုန်းနှစ်လုံးစလုံးမှာ သုံးလာပြီး OS စနစ်ပိုင်းမှာ Huawei ရဲ့ EMUI 8.1 အုပ်ထားတဲ့ Android 8.1 Oreo နဲ့ လာတာပါ။ ဘက်ထရီစနစ်ပိုင်းမှာလည်း Huawei P20 Pro ဟာ 4000 mAh ဘက်ထရီအကြီးစားကို သုံးသွားတာ ဖြစ်ပြီး P20 ကတော့ 3400 mAhဘက်ထရီသုံးထားတာ ဖြစ်ပါတယ်။ P20 Pro ဟာ ရေစိုခံ ဖုန်အညစ်အကြေးဝင်ရောက်မှုမှကာကွယ်ပေးထားပါတယ်။

ဒီဖုန်းနှစ်လုံးစလုံးဟာ stainless steel ကိုယ်ထည်၊ ကျောဘက်တွင် Glass Panel ကိုအသုံးပြုထားပြီး Super Charge အားအမြန်သွင်းနိုင်တဲ့ နည်းပညာသုံးထားတာ ဖြစ်လို့ တစ်နာရီခွဲလောက် အားသွင်းလိုက်တာနဲ့ ဘက်ထရီလုံးဝ ဒေါင်းနေတဲ့အခြေအနေကနေ အားအပြည့်ဝင်နိုင်မှာ ဖြစ်ပါတယ်။ Huawei P20 Series အမျိုးအစားအသစ်တွေမှာ iPhoneX ရဲ့ Notch ထက် ထက်ဝက်သေးငယ်တဲ့ Notch ကိုတပ်ဆင်ထားပြီးတာကိုတွေ့ရပါတယ်။ Dolby Atmos Cinematic အသံစနစ်ကြောင့် 3D အသံခံစားမှုကိုပေးစွမ်းနိုင်မှာပါ။ 360 Degree Face Unlock ဟာ ၀.၅ စက္ကန့်အတွင်း မျက်နှာရဲ့မည်သည့် ထောင့်နေရာကိုမဆို ဖတ်ရှုနိုင်စွမ်းရှိပြီး လွယ်ကူလျင်မြန်စွာ unlock ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။

အခုလို မိုဘိုင်းဓာတ်ပုံရိုက်ကူးခြင်း အတွေ့အကြုံကို အဆင့်မြင့်တင်လိုက်နိုင်တဲ့ Huawei P20 Pro တစ်လုံးကို မြန်မာငွေ ၁၀ သိန်း ၉ သောင်း ၉ ထောင် ဈေးနဲ P20 ကို မြန်မာငွေ ၈ သိန်း ၅ သောင်း ၉ ထောင် နှင့် ဝယ်ယူနိုင်မှာပါ။

Leave a Reply