Notch ေတြရဲ႕အဆံုးသတ္ျဖစ္လာေတာ့မယ့္ Huawei ဖုန္းမ်ား

0
1657

Zawgyi Version

Huawei က ဖုန္းအသစ္ေလးကို notch ပံုစံအေပါက္ေလးနဲ႕ ထုတ္လုပ္ဖို႕စီစဥ္ေနပါတယ္။ အဲဒီထဲမွာ အေရွ႕ကင္မရာပါ၀င္မွာျဖစ္ပါတယ္။ 6.39-inch LCD display ပါ၀င္မွာျဖစ္ျပီးေတာ့ ဒီႏွစ္ရဲ႕ ေနာက္ဆံုးလေတြမွာ ထုတ္လုပ္သြားဖို႕ မွန္းထားပါတယ္။
အေပါက္ေလးက ဖုန္းရဲ႕ မ်က္ႏွာျပင္ကိုယ္ထည္အခ်ိဳးကို မထိ္ခိုက္ပဲနဲ႕ Vivo Nex နဲ႕ Oppo Find X တို႕လို ကင္မရာေလး ေပၚလာေအာင္ လုပ္ေဆာင္ထားျခင္းျဖစ္ပါတယ္။ notch နဲ႕မတူတာကေတာ့ အေပါက္ေလးကို ျပန္ပိတ္ထားႏုိင္တဲ့အတြက္ေၾကာင့္ screen ေတြခ်ည္းျဖစ္ေနေတာ့မွာပါ။
ကင္မရာကို အေပါက္ထဲမွာထည့္ထားျပီးေတာ့ စပီကာနဲ႕ အျခား sensor ေတြကို အေပၚေဘာင္ေသးေသးေလးမွာ ထည့္သြင္းထားမွာပါ။ ဒီဇိုင္းကေတာ့ notch ေလာက္မဆိုးႏုိင္ပါဘူး။
ဘယ္ဖုန္းမွာအသံုးျပဳထားမယ္လို႕ ေဖာ္ျပမထားေပမယ့္လည္း မႏွစ္ကတုန္းက Mate Pro နဲ႕ Mate Lite ကို ဒီႏွစ္ကုန္မွာ ထုတ္မယ္လို႕ ေျပာထားပါတယ္။ ဒီေတာ့ ဒီ feature သာထည့္ခဲ့မယ္ဆုိရင္ ပရီမီယမ္ဖုန္းအျဖစ္ ျမင္ေတြ႕ရမွာပါ။
Notch မၾကိဳက္တဲ့သူေတြကို အေပါက္ေလးနဲ႕လည္း ေက်နပ္ေစေအာင္ လုပ္ႏိုင္မယ္မထင္ပါဘူး။ ဒါဟာ မ်က္ႏွာျပင္ေနရာအခ်ိဳ႕ကို ယူထားတုန္းပါပဲ။ ဒါေပမယ့္လည္း P20 series လိုမ်ိဳး ေနရာယူထားမႈကေတာ့ နည္းသြားေလာက္မွာပါ။

Unicode Version

Huawei က ဖုန်းအသစ်လေးကို notch ပုံစံအပေါက်လေးနဲ့ ထုတ်လုပ်ဖို့စီစဉ်နေပါတယ်။ အဲဒီထဲမှာ အရှေ့ကင်မရာပါဝင်မှာဖြစ်ပါတယ်။ 6.39-inch LCD display ပါဝင်မှာဖြစ်ပြီးတော့ ဒီနှစ်ရဲ့ နောက်ဆုံးလတွေမှာ ထုတ်လုပ်သွားဖို့ မှန်းထားပါတယ်။
အပေါက်လေးက ဖုန်းရဲ့ မျက်နှာပြင်ကိုယ်ထည်အချိုးကို မထိခိုက်ပဲနဲ့ Vivo Nex နဲ့ Oppo Find X တို့လို ကင်မရာလေး ပေါ်လာအောင် လုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။ notch နဲ့မတူတာကတော့ အပေါက်လေးကို ပြန်ပိတ်ထားနိုင်တဲ့အတွက်ကြောင့် screen တွေချည်းဖြစ်နေတော့မှာပါ။
ကင်မရာကို အပေါက်ထဲမှာထည့်ထားပြီးတော့ စပီကာနဲ့ အခြား sensor တွေကို အပေါ်ဘောင်သေးသေးလေးမှာ ထည့်သွင်းထားမှာပါ။ ဒီဇိုင်းကတော့ notch လောက်မဆိုးနိုင်ပါဘူး။
ဘယ်ဖုန်းမှာအသုံးပြုထားမယ်လို့ ဖော်ပြမထားပေမယ့်လည်း မနှစ်ကတုန်းက Mate Pro နဲ့ Mate Lite ကို ဒီနှစ်ကုန်မှာ ထုတ်မယ်လို့ ပြောထားပါတယ်။ ဒီတော့ ဒီ feature သာထည့်ခဲ့မယ်ဆိုရင် ပရီမီယမ်ဖုန်းအဖြစ် မြင်တွေ့ရမှာပါ။
Notch မကြိုက်တဲ့သူတွေကို အပေါက်လေးနဲ့လည်း ကျေနပ်စေအောင် လုပ်နိုင်မယ်မထင်ပါဘူး။ ဒါဟာ မျက်နှာပြင်နေရာအချို့ကို ယူထားတုန်းပါပဲ။ ဒါပေမယ့်လည်း P20 series လိုမျိုး နေရာယူထားမှုကတော့ နည်းသွားလောက်မှာပါ။

Leave a Reply