MEIZU 16 ကိုသြဂုတ် ၈ရက်နေ့မှာ မိတ်ဆက်ဖို့သေချာပြီ

0
1445




unicode

ဒီနေ့မှာတော့ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ MEIZU ဟာအသစ်ထွက်လာမယ့် စမတ်ဖုန်းနဲ့ပတ်သတ်ပြီး ပိုစတာတစ်ခုကို ပထမဆုံးအနေနဲ့ ထုတ်ပေးလိုက်ပါပြီ။ အဲ့ဒီပိုစတာမှာတော့ အသစ်ထွက်လာမယ့် စမတ်ဖုန်းရဲ့ ရက်စွဲဖြစ်တဲ့ သြဂုတ်လ ၈ရက်နေ့ကို ရေးသားထားပါတယ်။ Meizu 16 မှာ notch-less full-screen display  နဲ့ဖြစ်ပြီး ဘေးဘောင်တွေက မပါတော့သလောက် ကျဉ်းမြောင်းသွားမှာပါ။ Samsung ရဲ့ Galaxy S9 နဲ့ဆင်တူပြီး သူ့မှာပါဝါစွမ်းအားအတွက် Snapdragon 845 chipset ကိုသုံးလာမှာဖြစ်ပါတယ်။  6GB RAM နဲ့ထွက်လာဖို့ များပါတယ်။ in-display fingerprint scanner နဲ့ wireless charging အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားမှာပါ။

စမတ်ဖုန်းသစ်နဲ့ပတ်သတ်ပြီး အစောပိုင်းထွက်ထားတဲ့ အချက်အလက်မှာတော့ Meizu 16 မှာလုပ်ဆောင်ချက် ၃ခုပါဝင်လာနိုင်ပြီး mBack ၊ Android navigation bar နဲ့ gesture navigation တို့ပဲဖြစ်ပါတယ်။ ဖုန်းအသစ်ကို သုံးစွဲသူတွေအနေနဲ့ homepage ကိုပြန်သွားဖို့အတွက် နည်းလမ်း၃ခုထဲက ကြိုက်ရာကို ရွေးချယ်ထားနိုင်မှာ ဖြစ်ပါတယ်။ Meizu 16 စီးရီးဖုန်းကို ဗားရှင်း၂မျိုးနဲ့ ထွက်လာမှာဖြစ်ပြီး Meizu 16 နဲ့ Meizu 16 Plus တို့ပဲဖြစ်ပါတယ်။

စမတ်ဖုန်း၂မျိုးလုံးမှာ Snapdragon 845 Octa core နဲ့  RAM 8GB(သို့)6GBRAM ကိုသာ သုံးထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ်လည်း ပါဝင်လာပါလိမ့်မယ်။ Snapdragon 845, Under display fingerprint scanner နဲ့ RAM 8GB ဆိုတာ Meizu ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ သုံးလာတာပဲ ဖြစ်ပါတယ်။ Meizu အနေနဲ့ mid-range စမတ်ဖုန်း Meizu X8 ကိုမိတ်ဆက်သွားဖို့ရှိနေပြီး Snapdragon 710 ပရိုဆက်ဆာသုံးထားမှာ ဖြစ်ပါတယ်။ MI8 SE ဖုန်းထက် အချက်အလက်ပိုင်းပိုမြင့်နိုင်ပြီး ဈေးနှုန်းကတော့ ယွမ် 2,000 (ဒေါ်လာ 333) ဝန်းကျင်လောက်နဲ့ ထွက်လာနိုင်ပါတယ်။

Leave a Reply