မ်က္ႏွာျပင္ေအာက္လက္ေဗြဖတ္စနစ္ သုံးလာမယ့္ Huawei Mate 20 Lite

0
1068

Huawei အေနနဲ႔ Mate 20 စမတ္ဖုန္းေတြကို ယခုႏွစ္မကုန္ခင္ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ မိုဘိုင္းဖုန္းနဲ႔ ပတ္သတ္တဲ့ သတင္းေတြကို အၿမဲထုတ္ေဖာ္ေလ့ရွိတဲ့  Roland Quantt က Huawei အေနနဲ႔ Mate 20 Lite စမတ္ဖုန္းကို ထုတ္လုပ္ဖို႔ ျပင္ဆင္လ်က္ရွိေနတယ္လို႔ ဆိုပါတယ္။ သူရဲ႕ေျပာၾကားခ်က္အရ Mate 20 Lite ကိုဗားရွင္း ၂မ်ိဳး ထုတ္လုပ္သြားမွာျဖစ္ၿပီး  CodeNames  အျဖစ္ Sydney M နဲ႔ Sydney I လို႔ေပးထားတယ္လို႔ ဆိုပါတယ္။

စမတ္ဖုန္းေတြမွာ လုပ္ေဆာင္ခ်က္ပိုင္း ကြဲျပားသြားမွာျဖစ္ၿပီး တစ္မ်ိဳးမွာေတာ့ လက္ေဗြဖတ္စနစ္ကို ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားမွာျဖစ္ၿပီး၊ ေနာက္တစ္မ်ိဳးမွာေတာ့ မ်က္ႏွာျပင္ေအာက္လက္ေဗြဖတ္စနစ္ကို သုံးလာမယ္လို႔ ဆိုပါတယ္။ Huawei Mate 20 Lite စမတ္ဖုန္း၂မိ်ဳးလုံးမွာ ႀကီးမားက်ယ္ျပန္႔တဲ့ မ်က္ႏွာျပင္နဲ႔အတူ GPU Turbo နည္းပညာကုိ တစ္ပါတည္းထည့္သြင္းေပးလာမွာပါ။ ပရိုဆက္ဆာပိုင္းမွာေတာ့ ၿပီးခဲ့တဲ့ ရက္ကမိတ္ဆက္ခဲ့တဲ့ chip အသစ္ Kirin 710 ကိုသုံးလာဖို႔ ေသခ်ာေနပါတယ္။

Kirin 710 ကို nova 3i မွာစတင္သုံးစြဲလာတာ ျဖစ္ၿပီးHuawei အေနနဲ႔ၿပီးခဲ့တဲ့ ႏွစ္ကထုတ္လုပ္ခဲ့တဲ့ 16nm Kirin 659 SoC ၿပီးေနာက္ အခ်ိန္အေတာ္ၾကာတဲ့ အခ်ိန္မွာ Kirin 710 ကိုထုတ္ေပးလိုက္တာ ျဖစ္ပါတယ္။ Kirin 710 ဟာ12nm node နဲ႔ျဖစ္ၿပီး စြမ္းေဆာင္ခ်က္ပိုင္းမွာ ပိုေကာင္းလာမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ထြက္ခဲ့တဲ့ ပရိုဆက္ဆာထက္ single-core မွာ 75%  ရာခိုင္ႏႈန္းပိုေကာင္းလာၿပီး၊ multi-core မွာေတာ့ 68% ရာခုိင္ႏႈန္း ပိုျမန္လာမွာ ျဖစ္ပါတယ္။ 2.2GHz  အျမန္ႏႈန္းရွိတဲ့ Cortex-A73 cores နဲ႔ 1.7GHz အျမန္ႏႈန္းရွိတဲ့ Low-power Cortex-A53 cores တို႕ေၾကာင့္ စြမ္းေဆာင္ရည္ပုိင္းမွာ ေလးဆနီးပါး ျမန္လာမွာ ျဖစ္ပါတယ္။

unicode

Huawei အနေနဲ့ Mate 20 စမတ်ဖုန်းတွေကို ယခုနှစ်မကုန်ခင် မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ မိုဘိုင်းဖုန်းနဲ့ ပတ်သတ်တဲ့ သတင်းတွေကို အမြဲထုတ်ဖော်လေ့ရှိတဲ့  Roland Quantt က Huawei အနေနဲ့ Mate 20 Lite စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ ဆိုပါတယ်။ သူရဲ့ပြောကြားချက်အရ Mate 20 Lite ကိုဗားရှင်း ၂မျိုး ထုတ်လုပ်သွားမှာဖြစ်ပြီး  CodeNames  အဖြစ် Sydney M နဲ့ Sydney I လို့ပေးထားတယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းတွေမှာ လုပ်ဆောင်ချက်ပိုင်း ကွဲပြားသွားမှာဖြစ်ပြီး တစ်မျိုးမှာတော့ လက်ဗွေဖတ်စနစ်ကို ဖုန်းရဲ့နောက်ကျောဘက်မှာ တပ်ဆင်ထားမှာဖြစ်ပြီး၊ နောက်တစ်မျိုးမှာတော့ မျက်နှာပြင်အောက်လက်ဗွေဖတ်စနစ်ကို သုံးလာမယ်လို့ ဆိုပါတယ်။ Huawei Mate 20 Lite စမတ်ဖုန်း၂မျိုးလုံးမှာ ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့အတူ GPU Turbo နည်းပညာကို တစ်ပါတည်းထည့်သွင်းပေးလာမှာပါ။ ပရိုဆက်ဆာပိုင်းမှာတော့ ပြီးခဲ့တဲ့ ရက်ကမိတ်ဆက်ခဲ့တဲ့ chip အသစ် Kirin 710 ကိုသုံးလာဖို့ သေချာနေပါတယ်။

Kirin 710 ကို nova 3i မှာစတင်သုံးစွဲလာတာ ဖြစ်ပြီးHuawei အနေနဲ့ပြီးခဲ့တဲ့ နှစ်ကထုတ်လုပ်ခဲ့တဲ့ 16nm Kirin 659 SoC ပြီးနောက် အချိန်အတော်ကြာတဲ့ အချိန်မှာ Kirin 710 ကိုထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ Kirin 710 ဟာ12nm node နဲ့ဖြစ်ပြီး စွမ်းဆောင်ချက်ပိုင်းမှာ ပိုကောင်းလာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ ပရိုဆက်ဆာထက် single-core မှာ 75%  ရာခိုင်နှုန်းပိုကောင်းလာပြီး၊ multi-core မှာတော့ 68% ရာခိုင်နှုန်း ပိုမြန်လာမှာ ဖြစ်ပါတယ်။ 2.2GHz  အမြန်နှုန်းရှိတဲ့ Cortex-A73 cores နဲ့ 1.7GHz အမြန်နှုန်းရှိတဲ့ Low-power Cortex-A53 cores တို့ကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ လေးဆနီးပါး မြန်လာမှာ ဖြစ်ပါတယ်။

Leave a Reply