HONOR NOTE 10 ကိုဇူလိုင္ ၃၁ရက္ေန႔တရုတ္မွာ မိတ္ဆက္သြားမည္

0
1160

AI လုပ္ေဆာင္ခ်က္နဲ႔ စမတ္ဖုန္းသစ္ျဖစ္တဲ့  NOTE 10 ကို IFA 2018 မတိုင္ခင္၊ ေဘဂ်င္းမွာႀကိဳတင္မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ HONOR အေနနဲ႔ သူတို႔ရဲ႕ စမတ္ဖုန္းသစ္ NOTE 10 ကိုယခု၃၁ရက္ေန႔မွာ တရုတ္ႏုိင္ငံမွာ မိတ္ဆက္သြားေတာ့မယ္လို႔ Honor ရဲ႕ Weibo page ကေနအသိေပးလိုက္ပါၿပီ။ စမတ္ဖုန္းသစ္နဲ႔ ပတ္သတ္ၿပီး လက္ရွိထြက္ထားတဲ့ သတင္းအခ်က္အလက္ေတြအရ မ်က္ႏွာျပင္ 6.9 လက္မ ျဖစ္လာမွာျဖစ္ၿပီး Super AMOLED သံုးလာပါမယ္။ 2K ႐ုပ္ထြက္ သံုးလာမွာျဖစ္ပါတယ္။ Honor Note 10 ကုိ သတၱဳကုိယ္ထည္ႏွင့္ တည္ေဆာက္ထားၿပီး 18:9 သံုးထားပါတယ္။  Honor Note 10 ကုိ P20 စီးရီးမွာ အသံုးျပဳထားတဲ့ Kirin 970 SoC ႏွင့္ ပါ၀ါေထာက္ပံ့လာပါမယ္။

ဒါ့အျပင္ လတ္တေလာနာမည္ႀကီးေနတဲ့ Huawei ရဲ႕ GPU စြမ္းေဆာင္ရည္ျမင့္ ေဆာ့၀ဲလ္ GPU Turbo နည္းပညာပါ၀င္လာပါမယ္။ အခ်က္အလက္သိုေလွာင္မႈအတြက္ Honor Note 10 မွာ RAM 6GB နဲ႔အတူ Storage 128GB အထိ ပါ၀င္လာပါမယ္။ ဓာတ္ပံုပုိင္းအတြက္ AI စနစ္ေထာက္ပံ့ထားတဲ့ ေက်ာဘက္ကင္မရာႏွစ္လံုး ပါ၀င္ပါမယ္။ 16MP + 16MP ျဖစ္ပါတယ္။ ဘက္ထရီစြမ္းအားပိုင္းအတြက္  6000 mAh ပါ၀င္လာမွာျဖစ္ၿပီး အလ်င္အျမန္ အားသြင္းနည္းပညာ ကိုလည္းေထာက္ပံ့ေပးလာမွာျဖစ္ပါတယ္။

NOTE 10 ကို Rolls Royce EDITION ပါထုတ္လုပ္သြားႏုိင္ပါတယ္။ ထြက္ရွိထားတဲ့ ဓာတ္ပုံေတြမွာေတာ့ ကင္မရာနဲ႔ လက္ေဗြဖတ္စနစ္ရဲ႕ေအာက္ဘက္မွာ Rolls Royce အမွတ္တံဆိပ္ေလးကို ခတ္ႏွိပ္ထားပါတယ္။ အေနာက္ဘက္ဟာ လုံးဝေတာက္ေျပာင္ေနတဲ့ ဖန္သားပုံစံျဖစ္ေနၿပီး edge to edge ဒီဇိုင္းေၾကာင့္လုံးဝ premium ဖုန္းအရသာကို ရရွိမွာပါ။ Super AMOLED နည္းပညာနဲ႔အတူ 2K ႐ုပ္ထြက္ သံုးလာမွာျဖစ္ပါတယ္။

unicode

AI လုပ်ဆောင်ချက်နဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့  NOTE 10 ကို IFA 2018 မတိုင်ခင်၊ ဘေဂျင်းမှာကြိုတင်မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ HONOR အနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းသစ် NOTE 10 ကိုယခု၃၁ရက်နေ့မှာ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားတော့မယ်လို့ Honor ရဲ့ Weibo page ကနေအသိပေးလိုက်ပါပြီ။ စမတ်ဖုန်းသစ်နဲ့ ပတ်သတ်ပြီး လက်ရှိထွက်ထားတဲ့ သတင်းအချက်အလက်တွေအရ မျက်နှာပြင် 6.9 လက်မ ဖြစ်လာမှာဖြစ်ပြီး Super AMOLED သုံးလာပါမယ်။ 2K ရုပ်ထွက် သုံးလာမှာဖြစ်ပါတယ်။ Honor Note 10 ကို သတ္တုကိုယ်ထည်နှင့် တည်ဆောက်ထားပြီး 18:9 သုံးထားပါတယ်။  Honor Note 10 ကို P20 စီးရီးမှာ အသုံးပြုထားတဲ့ Kirin 970 SoC နှင့် ပါဝါထောက်ပံ့လာပါမယ်။

ဒါ့အပြင် လတ်တလောနာမည်ကြီးနေတဲ့ Huawei ရဲ့ GPU စွမ်းဆောင်ရည်မြင့် ဆော့ဝဲလ် GPU Turbo နည်းပညာပါဝင်လာပါမယ်။ အချက်အလက်သိုလှောင်မှုအတွက် Honor Note 10 မှာ RAM 6GB နဲ့အတူ Storage 128GB အထိ ပါဝင်လာပါမယ်။ ဓာတ်ပုံပိုင်းအတွက် AI စနစ်ထောက်ပံ့ထားတဲ့ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပါမယ်။ 16MP + 16MP ဖြစ်ပါတယ်။ ဘက်ထရီစွမ်းအားပိုင်းအတွက်  6000 mAh ပါဝင်လာမှာဖြစ်ပြီး အလျင်အမြန် အားသွင်းနည်းပညာ ကိုလည်းထောက်ပံ့ပေးလာမှာဖြစ်ပါတယ်။

NOTE 10 ကို Rolls Royce EDITION ပါထုတ်လုပ်သွားနိုင်ပါတယ်။ ထွက်ရှိထားတဲ့ ဓာတ်ပုံတွေမှာတော့ ကင်မရာနဲ့ လက်ဗွေဖတ်စနစ်ရဲ့အောက်ဘက်မှာ Rolls Royce အမှတ်တံဆိပ်လေးကို ခတ်နှိပ်ထားပါတယ်။ အနောက်ဘက်ဟာ လုံးဝတောက်ပြောင်နေတဲ့ ဖန်သားပုံစံဖြစ်နေပြီး edge to edge ဒီဇိုင်းကြောင့်လုံးဝ premium ဖုန်းအရသာကို ရရှိမှာပါ။ Super AMOLED နည်းပညာနဲ့အတူ 2K ရုပ်ထွက် သုံးလာမှာဖြစ်ပါတယ်။

Leave a Reply