Xiaomi Mi Max 3 – 5,500mAh ဘတ္ထရီအားသြင္းခ်ိန္ၾကာတယ္လို႕ ဘယ္သူေျပာလဲ

0
1778

Zawgyi Version

ေပါက္ၾကားမႈေပါင္းမ်ားစြာကိုေက်ာ္ျဖတ္ခဲ့ျပီးေနာက္မွာေတာ့ Mi Max 3 ကို တရုတ္ႏုိင္ငံမွာ ျပသလုိက္ပါျပီ။ ေပါက္ၾကားထားတယ္ဆိုေပမယ့္လည္း သူ႕မွာေျပာစရာေတြအမ်ားၾကီးရွိေနတုန္းပါပဲ။
အဲဒီ phablet ေလးမွာ Snapdragon 636 processor ကို အသံုးျပဳထားပါတယ္။ Mi Max 2’s Snapdragon 625 chipset ထက္ေတာ့ သာပါတယ္။ 636 ဟာ Snapdragon 630 ထက္ ၄၀%အထိ ပိုေကာင္းတယ္လို႕ Qualcomm က ေျပာထားပါတယ္။ 4GB to 6GB RAM နဲ႕ 64GB to 128GB မမ္မိုရီဆိုေတာ့ စိတ္ၾကိဳက္ထည့္ေပေရာ့။
ၾကီးမားျပီး အားအျမန္ျပည့္တဲ့ ဘတ္ထရီ

The Xiaomi Mi Max 3.
Mi Max ေတြမွာ မ်က္ႏွာျပင္က်ယ္က်ယ္နဲ႕ ဘတ္ထရီၾကီးၾကီးမပါတာ ျဖစ္ႏုိင္မလား။ 6.9-inch full HD+ (18:9) display နဲ႕ 5,500mAh ကို ေတြ႕ျမင္ရမွာပါ။
200mAh ကေတာ့ ၂၀၁၇ ခုုႏွစ္ဖုန္းထက္ သာလြန္ပါတယ္။ ဒါေပမယ့္လည္း တစ္နာရီေလာက္သြင္းလိုက္တာနဲ႕ ၇၁% ၀င္မွာပါ။
၁၀၀ ျပည့္ဖို႕ကေတာ့ ေစာင့္ရမယ္ထင္ပါတယ္။ ဒါကလည္း အျခားဖုန္းေတြနဲ႕ ယွဥ္ျပီးေတာ့ ေျပာလုိက္တာပါ။ Mi Max 2 ကေတာ့ ၁၀၀ျပည့္ဖို႕ ၂နာရီေအာက္သြင္းရပါတယ္။ တစ္နာရီေလာက္သြင္းလိုက္တာနဲ႕ ၂ရက္ေလာက္အသံုးျပဳႏုိင္တယ္ဆိုတာလည္း မက္ေလာက္စရာပါပဲ။
ကင္မရာပိုင္းမွာ 12MP+5MP dual camera setup (1.4 micron pixels, f/1.9 aperture) ကို အေနာက္ဘက္မွာ အသံုးျပဳထားျပီးေတာ့ Mi Max 3 ရဲ႕ portrait mode မွာ AI-powered scene recognition ထည့္သြင္းထားပါတယ္။ ဒါေပမယ့္ system update နဲ႕ ထြက္လာမွာပါ။
Selfie ပိုင္းကိုေျပာရမယ္ဆုိရင္ Mi Max 3 ဟာ 8MP f/2.0 camera (1.12 micron pixels) ကို အသံုးျပဳထားျပီးေတာ့ face unlocking လည္း ရပါတယ္။ 3D face unlock မပါေပမယ့္လည္း fingerprint scanner အစားထိုးဆိုေတာ့ ဒီေလာက္ပဲရမွာပါ။

The Xiaomi Mi Max 3.
Bluetooth 5.0, an infrared blaster, USB Type-C, a 3.5mm headphone jack နဲ႕ အျခားdevice ေတြကို အားသြင္းနုိင္ျခင္းတို႕ ပါ၀င္မွာပါ။
4GB/64GB version ကေတာ့ ေဒၚလာ၂၅၂ ျဖစ္ျပီးေတာ့ 6GB/128GB က ေဒၚလာ၂၉၆ ျဖစ္ပါတယ္။ အေရာင္ကေတာ့ အနက္၊ ေရႊ၊ အျပာဆိုျပီးေတာ့ ၀င္ေရာက္လာမွာပါ။

Unicode Version

ပေါက်ကြားမှုပေါင်းများစွာကိုကျော်ဖြတ်ခဲ့ပြီးနောက်မှာတော့ Mi Max 3 ကို တရုတ်နိုင်ငံမှာ ပြသလိုက်ပါပြီ။ ပေါက်ကြားထားတယ်ဆိုပေမယ့်လည်း သူ့မှာပြောစရာတွေအများကြီးရှိနေတုန်းပါပဲ။
အဲဒီ phablet လေးမှာ Snapdragon 636 processor ကို အသုံးပြုထားပါတယ်။ Mi Max 2’s Snapdragon 625 chipset ထက်တော့ သာပါတယ်။ 636 ဟာ Snapdragon 630 ထက် ၄၀%အထိ ပိုကောင်းတယ်လို့ Qualcomm က ပြောထားပါတယ်။ 4GB to 6GB RAM နဲ့ 64GB to 128GB မမ်မိုရီဆိုတော့ စိတ်ကြိုက်ထည့်ပေရော့။
ကြီးမားပြီး အားအမြန်ပြည့်တဲ့ ဘတ်ထရီ
Mi Max တွေမှာ မျက်နှာပြင်ကျယ်ကျယ်နဲ့ ဘတ်ထရီကြီးကြီးမပါတာ ဖြစ်နိုင်မလား။ 6.9-inch full HD+ (18:9) display နဲ့ 5,500mAh ကို တွေ့မြင်ရမှာပါ။
200mAh ကတော့ ၂၀၁၇ ခုနှစ်ဖုန်းထက် သာလွန်ပါတယ်။ ဒါပေမယ့်လည်း တစ်နာရီလောက်သွင်းလိုက်တာနဲ့ ၇၁% ဝင်မှာပါ။
၁၀၀ ပြည့်ဖို့ကတော့ စောင့်ရမယ်ထင်ပါတယ်။ ဒါကလည်း အခြားဖုန်းတွေနဲ့ ယှဉ်ပြီးတော့ ပြောလိုက်တာပါ။ Mi Max 2 ကတော့ ၁၀၀ပြည့်ဖို့ ၂နာရီအောက်သွင်းရပါတယ်။ တစ်နာရီလောက်သွင်းလိုက်တာနဲ့ ၂ရက်လောက်အသုံးပြုနိုင်တယ်ဆိုတာလည်း မက်လောက်စရာပါပဲ။
ကင်မရာပိုင်းမှာ 12MP+5MP dual camera setup (1.4 micron pixels, f/1.9 aperture) ကို အနောက်ဘက်မှာ အသုံးပြုထားပြီးတော့ Mi Max 3 ရဲ့ portrait mode မှာ AI-powered scene recognition ထည့်သွင်းထားပါတယ်။ ဒါပေမယ့် system update နဲ့ ထွက်လာမှာပါ။
Selfie ပိုင်းကိုပြောရမယ်ဆိုရင် Mi Max 3 ဟာ 8MP f/2.0 camera (1.12 micron pixels) ကို အသုံးပြုထားပြီးတော့ face unlocking လည်း ရပါတယ်။ 3D face unlock မပါပေမယ့်လည်း fingerprint scanner အစားထိုးဆိုတော့ ဒီလောက်ပဲရမှာပါ။
Bluetooth 5.0, an infrared blaster, USB Type-C, a 3.5mm headphone jack နဲ့ အခြားdevice တွေကို အားသွင်းနိုင်ခြင်းတို့ ပါဝင်မှာပါ။
4GB/64GB version ကတော့ ဒေါ်လာ၂၅၂ ဖြစ်ပြီးတော့ 6GB/128GB က ဒေါ်လာ၂၉၆ ဖြစ်ပါတယ်။ အရောင်ကတော့ အနက်၊ ရွှေ၊ အပြာဆိုပြီးတော့ ဝင်ရောက်လာမှာပါ။

Leave a Reply