အိန္ဒိယဈေးကွက်မှာ ဖြန့်ချိလိုက်တဲ့ Vivo NEX စမတ်ဖုန်း

0
1234


Vivo Nex Design




unicode

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Vivo အနေနဲ့ motorized selfie ကင်မရာနဲ့ 8GB RAM ပါဝင်တဲ့ Vivo NEX စမတ်ဖုန်းကို အိန္ဒိယဈေးကွက်မှာ စတင်ဖြန့်ချိလိုက်ပါတယ်။ Vivo Nex စမတ်ဖုန်းဟာ Screen size ၆.၅၉ လက်မအရွယ် Full HD+ Super AMOLED Display (2316 x 1080 pixels) ကိုအသုံးပြုထားပြီး Screen-to-body ratio အနေနဲ့ 91.2% (19.3:9 ratio) ဖြစ်ပါတယ်။

Vivo ဖုန်းတွေထဲမှာတော့ အကောင်းဆုံးနဲ့ဆန်းသစ်မှုအရှိဆုံးလို့ဆိုရပါမယ်။ ဖုန်းရဲ့ရှေ့မျက်နှာပြင် ထိပ်ဘောင်နားအထိ Display အပြည့်ပါတဲ့ စမတ် ဖုန်းပါ။ earpiece speaker လည်းမပါဝင်တော့ဘဲ Display မျက်နှာပြင်အောက်ကနေ အသံထုတ်ပေးမယ့် Screen Sound -Casting Technology ကိုအသုံးပြုထားပါတယ်။

လက်ဗွေဖတ်စနစ်တွေရဲ့တတိယမျိုးဆက်နည်းပညာလို့ သတ်မှတ် နိုင်ပြီး၊ ပုံမှန်လက်ဗွေဖတ်စနစ်တွေထက် တိကျသေချာမှုမှာ ၁၀ရာခိုင်နှုန်းနဲ့ ၅၀ရာခိုင်နှုန်း ပိုမိုမြန်ဆန် သွက်လက်လာပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ စမတ်ဖုန်းတွေအတွက် သွက်လက် မြန်ဆန်မှုအရှိဆုံးနဲ့ အကောင်းဆုံးလုပ်ဆောင်ချက်ကို ပံ့ပိုးပေးမယ့် ပရိုဆက်ဆာဖြစ်ပါတယ်။ SDM845 ဟာOcta-core (4×2.7 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) တို့ပေါင်းစပ်မှုနဲ့ဖြစ်ပါတယ်။ Fingerprint Scanner ကလည်းကျောဘက်မှာမပါတော့ဘဲ ဖုန်းရှေ့မျက်နှာပြင် Display ရဲ့အတွင်းထဲမှာ ထည့်သွင်း တည်ဆောက်ပေးထားပါတယ်။

ဖုန်းရဲ့နောက်ကျောဘက်ခြမ်းမှာ Dual Camera ပါဝင်ပြီး တစ်လုံးက 12MP dual pixel sensor with OIS (f/1.8 aperture)lens ဖြစ်ပြီး ကျန်တစ်လုံးကတော့ 5MP sensor (f/2.4) lens ဖြစ်ပြီး ယင်း 5MP Sensor ကတော့ portrait mode effects တွေအတွက်ပဲလုပ်ဆောင်ပေးမှာပါ။ ကင်မရာစနစ်တွေမှာလည်း AI နည်းပညာတွေထည့်သွင်းပေးထားပြီး Live Photos, Beauty mode စတာတွေအပြင် AI HDR နဲ့AR stickers စတဲ့ AI Photography feature တွေကိုထည့်သွင်းပေးထားပါတယ်။ ယခုလ21ရက်နေ့မှာ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။

Leave a Reply