Uncategorized

Terrafugia ရဲ႕ ပထမဆံုး မိုးပ်ံကားကို ၂၀၁၉ ခုႏွစ္မွာ ေရာင္းခ်မည္

Terrafugia က Transition မိုးပ်ံကားကို ဖန္တီးေနတာ ႏွစ္မ်ားစြာ ၾကာေနပါၿပီ။ အခုေတာ့ သူ႔ကို ၂၀၁၉ ခုႏွစ္မွာ ပထမဆံုး အႀကိမ္ အျဖစ္ ေရာင္းခ်ေပးေတာ့မယ္လို႔ ကုမၸဏီက ေၾကညာလိုက္ပါတယ္။ ဒီကားကို ေရာင္းမယ့္ အခ်ိန္ကို အတိအက် မသိရေသးေပမယ့္ ယခင္ကထက္ေတာ့ တိက်တဲ့ သတင္းအခ်က္အလက္မ်ားကို ရရွိခဲ့ပါၿပီ။ ေနာက္ထပ္ လအနည္းငယ္ေလာက္ ေစာင့္လိုက္ရင္ အဲဒီကားမွာ ပိုမို တိုးတက္မႈမ်ား ပါလာႏိုင္ပါတယ္။

Transition ဟာ လက္ရွိမွာ လစ္သီယမ္ အုိင္းယြန္း ဘက္ထရီ အျပင္ ဂတ္စ္ စြမ္းအင္ျဖင့္ ေပါင္းစပ္ ေမာင္းႏွင္တဲ့ Hybrid Mode ကို အသံုးျပဳထားပါတယ္။ စြမ္းအင္ အပိုကို ထုတ္လုပ္ႏိုင္တဲ့ Boost Option လည္း ပါလာပါတယ္။ ကုမၸဏီရဲ႕ လက္တြဲဖက္ Dynon နဲ႔ BRS တို႔ဟာ ေလထီးစနစ္နဲ႔ အီလက္ထေရာနစ္ အစိတ္အပိုင္းမ်ားကို ေထာက္ပံ့ေပးေနပါတယ္။ အတြင္းပိုင္း ထိုင္ခံုမ်ားဟာလည္း ပိုမို တိုးတက္လာပါတယ္။ စြဲေဆာင္မႈရွိတဲ့ Interface လည္း ပါလာပါတယ္။ အတြင္းပိုင္းမွာ ခရီးေဆာင္အိတ္ထားဖို႔လို ေနရာအပိုမ်ား ထြက္လာေအာင္လည္း ျပဳလုပ္ထားပါတယ္။ ထိုင္ခံု ခါးပတ္နဲ႔ ေလအိတ္တို႔လို ေဘးကင္းလံုျခံဳေရး ကိရိယာမ်ားဟာလည္း တိုးတက္လာပါတယ္။

စိတ္၀င္စားစရာေကာင္းတာက ေစ်းႏႈန္း ျဖစ္ပါတယ္။ Terrafugia ကို ၀ယ္ယူထားတဲ့ Volvo ရဲ႕ မိခင္ ကုမၸဏီ Geely က ေစ်းႏႈန္းကို သတ္မွတ္မယ္လို႔ သတင္းမ်ားက ဆိုပါတယ္။ Terrafugia ဟာ အခုဆိုရင္ အရင္က မရရွိဖူးတဲ့ အဆက္အသြယ္မ်ားနဲ႔ အစိတ္အပိုင္း ေထာက္ပံ့မႈမ်ားကို ရရွိေနပါၿပီ။ မိုးပ်ံကားကို ေရာင္းခ်ႏုိင္ဖို႔ အလြန္ ေကာင္းတဲ့ တြန္းအားမ်ား ျဖစ္ပါတယ္။

unicode

Terrafugia ရဲ့ ပထမဆုံး မိုးပျံကားကို ၂၀၁၉ ခုနှစ်မှာ ရောင်းချမည်

Terrafugia က Transition မိုးပျံကားကို ဖန်တီးနေတာ နှစ်များစွာ ကြာနေပါပြီ။ အခုတော့ သူ့ကို ၂၀၁၉ ခုနှစ်မှာ ပထမဆုံး အကြိမ် အဖြစ် ရောင်းချပေးတော့မယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ ဒီကားကို ရောင်းမယ့် အချိန်ကို အတိအကျ မသိရသေးပေမယ့် ယခင်ကထက်တော့ တိကျတဲ့ သတင်းအချက်အလက်များကို ရရှိခဲ့ပါပြီ။ နောက်ထပ် လအနည်းငယ်လောက် စောင့်လိုက်ရင် အဲဒီကားမှာ ပိုမို တိုးတက်မှုများ ပါလာနိုင်ပါတယ်။

Transition ဟာ လက်ရှိမှာ လစ်သီယမ် အိုင်းယွန်း ဘက်ထရီ အပြင် ဂတ်စ် စွမ်းအင်ဖြင့် ပေါင်းစပ် မောင်းနှင်တဲ့ Hybrid Mode ကို အသုံးပြုထားပါတယ်။ စွမ်းအင် အပိုကို ထုတ်လုပ်နိုင်တဲ့ Boost Option လည်း ပါလာပါတယ်။ ကုမ္ပဏီရဲ့ လက်တွဲဖက် Dynon နဲ့ BRS တို့ဟာ လေထီးစနစ်နဲ့ အီလက်ထရောနစ် အစိတ်အပိုင်းများကို ထောက်ပံ့ပေးနေပါတယ်။ အတွင်းပိုင်း ထိုင်ခုံများဟာလည်း ပိုမို တိုးတက်လာပါတယ်။ စွဲဆောင်မှုရှိတဲ့ Interface လည်း ပါလာပါတယ်။ အတွင်းပိုင်းမှာ ခရီးဆောင်အိတ်ထားဖို့လို နေရာအပိုများ ထွက်လာအောင်လည်း ပြုလုပ်ထားပါတယ်။ ထိုင်ခုံ ခါးပတ်နဲ့ လေအိတ်တို့လို ဘေးကင်းလုံခြုံရေး ကိရိယာများဟာလည်း တိုးတက်လာပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဈေးနှုန်း ဖြစ်ပါတယ်။ Terrafugia ကို ဝယ်ယူထားတဲ့ Volvo ရဲ့ မိခင် ကုမ္ပဏီ Geely က ဈေးနှုန်းကို သတ်မှတ်မယ်လို့ သတင်းများက ဆိုပါတယ်။ Terrafugia ဟာ အခုဆိုရင် အရင်က မရရှိဖူးတဲ့ အဆက်အသွယ်များနဲ့ အစိတ်အပိုင်း ထောက်ပံ့မှုများကို ရရှိနေပါပြီ။ မိုးပျံကားကို ရောင်းချနိုင်ဖို့ အလွန် ကောင်းတဲ့ တွန်းအားများ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.