IFA 2018 မွာစမတ္ဖုန္းသစ္ကို မိတ္ဆက္ဖုိ႔ ျပင္ဆင္ေနတဲ့ Sony

0
911

စမတ္ဖုန္းနဲ႔ အီလက္ထေရာနစ္ ပစၥည္းထုတ္လုပ္သူ ျဖစ္တဲ့ Sony အေနနဲ႔ ၾသဂုတ္လ ၃၀ရက္ေန႔မွာ က်င္းပေတာ့မယ့္ IFA 2018 မွာထုတ္ကုန္သစ္ တစ္ခုကို ပါဝင္ျပသသြားဖုိ႔ အေၾကာင္းၾကာစာ ပို႔ထားလိုက္ပါၿပီ။ ဂ်ပန္စမတ္ဖုန္း ထုတ္လုပ္သူ အေနနဲ႔ လက္ရွိအခိ်န္မွာ အဓိကဖုန္းေတြအျဖစ္  Xperia XZ2, Xperia XZ2 Compact  တို႔ကို ထုတ္လုပ္ျဖန္႔ခ်ိထားၿပီး အဲ့ဒီစမတ္ဖုန္းေတြကိုေတာ့ ယခုႏွစ္စိုင္းမွာ က်င္းပခဲ့တဲ့MWC မွာမိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ IFA မွာဝင္ေရာက္ျပသေတာ့မယ့္ဆိုရင္ ဆုိနီအေနနဲ႔ အဲဒီစမတ္ဖုန္းသစ္ေတြကို အဆင့္ျမင့္တင္ထားတဲ့ ဖုန္းေတြကို ထုတ္လုပ္လာမွသာ ရပါလိမ့္မယ္။

လက္ရွိ အခ်ိန္ထိ ထြက္ထားတဲ့ သတင္းေတြမွာေတာ့  Xperia XZ3 ကိုကင္မရာ ၄လုံးတပ္ဆင္လာမယ္လို႔ သိရပါတယ္။ စမတ္ဖုန္းသစ္ေတြကို Android P ပါဝင္ၿပီး ေမာ္ဒယ္နံပတ္ H8416 နဲ႔ H8616 ဆိုၿပီး မွတ္ပုံတင္ထားပါတယ္။ Sony Xperia XZ3 ရဲ႕အခ်က္အလက္ေတြလည္း GFXBench မွာထြက္ရွိၿပီး သူ႕မွာ 1440 x 2880 (QHD+) resolution နဲ႔အတူ Adreno 630 GPU သုံးလာမယ္လို႔ ဆိုပါတယ္။ သူ႕မွာ dual camera တပ္ဆင္ေပးထားမွာျဖစ္ၿပီး 19MP RGB sensor မွာ f/1.8 အလင္းဝင္ေပါက္နဲ႔ျဖစ္ၿပီး၊ ေနာက္ထပ္ကင္မရာမွာေတာ့ 13MP monochrome နဲ႔ျဖစ္ပါတယ္။

ဘက္ထရီစြမ္းအားပိုင္းမွာေတာ့ XZ2 ရဲ႕ 3,180mAh ထက္ပိုႀကီးတဲ့ 3,240mAh ကိုထည့္သြင္းလာမွာျဖစ္ၿပီး Quick Charge 3.0 ကိုေထာက္ပ့ံလာႏုိင္ေျခရွိပါတယ္။ dual SIM သုံးႏုိင္မွာျဖစ္ၿပီး 4G VoLTE ေထာက္ပံ့မႈ ပါဝင္လာမွာပါ။ Snapdragon 845 သာသံုးလာမွာျဖစ္ၿပီး အခ်က္အလက္သိုေလွာင္မႈပိုင္းအတြက္ 6GB RAM မွာ 128GB သုံးလာမယ္လို႔ သိရပါတယ္။

unicode

စမတ်ဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်သူ ဖြစ်တဲ့ Sony အနေနဲ့ သြဂုတ်လ ၃၀ရက်နေ့မှာ ကျင်းပတော့မယ့် IFA 2018 မှာထုတ်ကုန်သစ် တစ်ခုကို ပါဝင်ပြသသွားဖို့ အကြောင်းကြာစာ ပို့ထားလိုက်ပါပြီ။ ဂျပန်စမတ်ဖုန်း ထုတ်လုပ်သူ အနေနဲ့ လက်ရှိအချိန်မှာ အဓိကဖုန်းတွေအဖြစ်  Xperia XZ2, Xperia XZ2 Compact  တို့ကို ထုတ်လုပ်ဖြန့်ချိထားပြီး အဲ့ဒီစမတ်ဖုန်းတွေကိုတော့ ယခုနှစ်စိုင်းမှာ ကျင်းပခဲ့တဲ့MWC မှာမိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် IFA မှာဝင်ရောက်ပြသတော့မယ့်ဆိုရင် ဆိုနီအနေနဲ့ အဲဒီစမတ်ဖုန်းသစ်တွေကို အဆင့်မြင့်တင်ထားတဲ့ ဖုန်းတွေကို ထုတ်လုပ်လာမှသာ ရပါလိမ့်မယ်။

လက်ရှိ အချိန်ထိ ထွက်ထားတဲ့ သတင်းတွေမှာတော့  Xperia XZ3 ကိုကင်မရာ ၄လုံးတပ်ဆင်လာမယ်လို့ သိရပါတယ်။ စမတ်ဖုန်းသစ်တွေကို Android P ပါဝင်ပြီး မော်ဒယ်နံပတ် H8416 နဲ့ H8616 ဆိုပြီး မှတ်ပုံတင်ထားပါတယ်။ Sony Xperia XZ3 ရဲ့အချက်အလက်တွေလည်း GFXBench မှာထွက်ရှိပြီး သူ့မှာ 1440 x 2880 (QHD+) resolution နဲ့အတူ Adreno 630 GPU သုံးလာမယ်လို့ ဆိုပါတယ်။ သူ့မှာ dual camera တပ်ဆင်ပေးထားမှာဖြစ်ပြီး 19MP RGB sensor မှာ f/1.8 အလင်းဝင်ပေါက်နဲ့ဖြစ်ပြီး၊ နောက်ထပ်ကင်မရာမှာတော့ 13MP monochrome နဲ့ဖြစ်ပါတယ်။

ဘက်ထရီစွမ်းအားပိုင်းမှာတော့ XZ2 ရဲ့ 3,180mAh ထက်ပိုကြီးတဲ့ 3,240mAh ကိုထည့်သွင်းလာမှာဖြစ်ပြီး Quick Charge 3.0 ကိုထောက်ပံ့လာနိုင်ခြေရှိပါတယ်။ dual SIM သုံးနိုင်မှာဖြစ်ပြီး 4G VoLTE ထောက်ပံ့မှု ပါဝင်လာမှာပါ။ Snapdragon 845 သာသုံးလာမှာဖြစ်ပြီး အချက်အလက်သိုလှောင်မှုပိုင်းအတွက် 6GB RAM မှာ 128GB သုံးလာမယ်လို့ သိရပါတယ်။

Leave a Reply