Kirin 710 chipset ကို Huawei မိတ္ဆက္

0
1098

ံစမတ္ဖုန္း ထုတ္လုပ္သူ Huawei အေနနဲ႔ အလယ္အလတ္ဆင့္ စမတ္ဖုန္းျဖစ္တဲ့ Nova 3i ဖုန္း မိတ္ဆက္ျခင္းနဲ႔အတူ ကုမၸဏီရဲ႕ကိုယ္ပိုင္ထုတ္ျဖစ္တဲ့ HiSilicon Kirin 710 chipset ကိုပါ တစ္ပါတည္း မိတ္ဆက္ေပးလုိက္ပါတယ္။ nova 3i မွာစတင္သုံးစြဲလာတာ ျဖစ္ပါတယ္။ Huawei အေနနဲ႔ၿပီးခဲ့တဲ့ ႏွစ္ကထုတ္လုပ္ခဲ့တဲ့ 16nm Kirin 659 SoC ၿပီးေနာက္ အခ်ိန္အေတာ္ၾကာတဲ့ အခ်ိန္မွာ Kirin 710 ကိုထုတ္ေပးလိုက္တာ ျဖစ္ပါတယ္။

ကင္မရာ စြမ္းေဆာင္ခ်က္ပိုင္းအတြက္လည္း DSP နဲ႔ ISP ပိုင္းကိုတိုးျမင့္ေပးလိုက္ၿပီး low-light အေျခအေနမွာ အရုပ္ေတြကို ပိုမွန္ကန္ေအာင္ ရိုက္ကူးလာႏုိင္မွာပါ။ scene recognition နဲ႔ face unlock ေတြကိုလည္း ေထာက္ပံ့ေပးလာမွာ ျဖစ္ပါတယ္။ အျခားစြမ္းေဆာင္ခ်က္ေတြအေနနဲ႔ dual SIM နဲ႔ dual 4G VoLTE  ေထာက္ပံ့ဖုိ႔ LTE Cat. 12 နဲ႔ Cat. 13 သုံးထားပါတယ္။

Kirin 710 ဟာ12nm node နဲ႔ျဖစ္ၿပီး စြမ္းေဆာင္ခ်က္ပိုင္းမွာ ပိုေကာင္းလာမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ထြက္ခဲ့တဲ့ ပရိုဆက္ဆာထက္ single-core မွာ 75%  ရာခိုင္ႏႈန္းပိုေကာင္းလာၿပီး၊ multi-core မွာေတာ့ 68% ရာခုိင္ႏႈန္း ပိုျမန္လာမွာ ျဖစ္ပါတယ္။ 2.2GHz  အျမန္ႏႈန္းရွိတဲ့ Cortex-A73 cores နဲ႔ 1.7GHz အျမန္ႏႈန္းရွိတဲ့ Low-power Cortex-A53 cores တို႕ေၾကာင့္ စြမ္းေဆာင္ရည္ပုိင္းမွာ ေလးဆနီးပါး ျမန္လာမွာ ျဖစ္ပါတယ္။  GPU ရဲ႕စြမ္းေဆာင္ခ်က္ကလည္း  1.3 ဆနီးပါး ပိုျမန္လာမွာပါ။ Nova 3i မွာ ၆.၃ LCD FullHD+ Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 19:9 ျဖစ္ပါတယ္။

unicode

စမတ်ဖုန်း ထုတ်လုပ်သူ Huawei အနေနဲ့ အလယ်အလတ်ဆင့် စမတ်ဖုန်းဖြစ်တဲ့ Nova 3i ဖုန်း မိတ်ဆက်ခြင်းနဲ့အတူ ကုမ္ပဏီရဲ့ကိုယ်ပိုင်ထုတ်ဖြစ်တဲ့ HiSilicon Kirin 710 chipset ကိုပါ တစ်ပါတည်း မိတ်ဆက်ပေးလိုက်ပါတယ်။ nova 3i မှာစတင်သုံးစွဲလာတာ ဖြစ်ပါတယ်။ Huawei အနေနဲ့ပြီးခဲ့တဲ့ နှစ်ကထုတ်လုပ်ခဲ့တဲ့ 16nm Kirin 659 SoC ပြီးနောက် အချိန်အတော်ကြာတဲ့ အချိန်မှာ Kirin 710 ကိုထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ကင်မရာ စွမ်းဆောင်ချက်ပိုင်းအတွက်လည်း DSP နဲ့ ISP ပိုင်းကိုတိုးမြင့်ပေးလိုက်ပြီး low-light အခြေအနေမှာ အရုပ်တွေကို ပိုမှန်ကန်အောင် ရိုက်ကူးလာနိုင်မှာပါ။ scene recognition နဲ့ face unlock တွေကိုလည်း ထောက်ပံ့ပေးလာမှာ ဖြစ်ပါတယ်။ အခြားစွမ်းဆောင်ချက်တွေအနေနဲ့ dual SIM နဲ့ dual 4G VoLTE  ထောက်ပံ့ဖို့ LTE Cat. 12 နဲ့ Cat. 13 သုံးထားပါတယ်။

Kirin 710 ဟာ12nm node နဲ့ဖြစ်ပြီး စွမ်းဆောင်ချက်ပိုင်းမှာ ပိုကောင်းလာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ ပရိုဆက်ဆာထက် single-core မှာ 75%  ရာခိုင်နှုန်းပိုကောင်းလာပြီး၊ multi-core မှာတော့ 68% ရာခိုင်နှုန်း ပိုမြန်လာမှာ ဖြစ်ပါတယ်။ 2.2GHz  အမြန်နှုန်းရှိတဲ့ Cortex-A73 cores နဲ့ 1.7GHz အမြန်နှုန်းရှိတဲ့ Low-power Cortex-A53 cores တို့ကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ လေးဆနီးပါး မြန်လာမှာ ဖြစ်ပါတယ်။  GPU ရဲ့စွမ်းဆောင်ချက်ကလည်း  1.3 ဆနီးပါး ပိုမြန်လာမှာပါ။ Nova 3i မှာ ၆.၃ LCD FullHD+ Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။

Leave a Reply