Posted on Leave a comment

Huawei က ၂၀၁၈ ခုႏွစ္မွာ ဖုန္း အလံုးေရ သန္း ၂၀၀ ေရာင္းခ်ႏုိင္ေအာင္ ေမွ်ာ္မွန္းထား

ဟြာေ၀းက ယခုႏွစ္အတြင္းမွာ ကမာၻအ၀န္းတြင္ ဖုန္း အလံုးေရ သန္း ၂၀၀ ေရာင္းခ်ႏိုင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။ အဲဒီ ပမာဏသာ ေရာင္းခ်ႏိုင္မယ္ဆိုရင္ ဟြာေ၀းဟာ ဆမ္ေဆာင္းၿပီးရင္ ဒုတိယ ေရာင္းအား အေကာင္းဆံုး ဖုန္း ထုတ္လုပ္သူ ျဖစ္လာမွာပါ။ Apple ကိုေတာင္ ေက်ာ္တက္သြားမွာပါ။

ယခု ေမွ်ာ္မွန္းခ်က္ကို ဟြာေ၀းရဲ႕ မိုဘိုင္း ဌာနမွ အႀကီးအကဲ Richard Yu Chengdong က ေျပာၾကားခဲ့တာပါ။ ဟြာေ၀းဟာ မၾကာခင္က စြမ္းရည္သင့္ Nova 3 နဲ႔ Nova 3i တို႔ကို ေၾကညာခဲ့ပါတယ္။ Yu က ဟြာေ၀းဟာ ဇူလိုင္ ၁၈ အထိ အလံုးေရ သန္း ၁၀၀ ေရာင္းခ်ထားၿပီးၿပီလို႔ ေျပာပါတယ္။ ဒါဟာ ဒီႏွစ္မ်ားအတြင္းမွာ ဟြာေ၀းရဲ႕ စံခ်ိန္တင္ ေရာင္းအား ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္မွာ Apple ဟာ အိုင္ဖုန္း ၂၁၆.၇၆ သန္း ေရာင္းခ်ရၿပီး ၂၀၁၈ ခုႏွစ္ ပထမ ကြာတားမွာ ၂.၈ ရာခုိင္ႏႈန္း က်ဆင္းခဲ့ပါတယ္။ ေစ်းကြက္ကို ဦးေဆာင္ေနတဲ့ ဆမ္ေဆာင္းက အဲဒီႏွစ္မွာ ၃၁၇.၃ သန္း ေရာင္းခ်ရၿပီး ယခုႏွစ္ ပထမကြာတားမွာ ၂.၄ ရာခုိင္ႏႈန္း က်ဆင္းခဲ့ပါတယ္။

ဟြာေ၀းဟာ ယခုႏွစ္ ပထမသံုးလမွာ ၃၉.၃ သန္း ေရာင္းခ်ရပါတယ္။ Apple ကေတာ့ အဲဒီ သံုးလမွာ ၅၂.၂ သန္း ေရာင္းခ်ရပါတယ္။ ဟြာေ၀းရဲ႕ ဖုန္း ေရာင္းအားထဲမွာ Honor Phone မ်ားလည္း ပါပါတယ္။ ၂၀၁၃ ခုႏွစ္ကတည္းက ဟြာေ၀းဟာ Samsung , Apple တို႔ထက္ ေက်ာ္ၿပီး ကမာၻ႕ ေရာင္းအား အေကာင္းဆံုး စမတ္ဖုန္း ထုတ္လုပ္သူ ျဖစ္ဖို႔ ရည္မွန္းထားတာ ျဖစ္ပါတယ္။

unicode

Huawei က ၂၀၁၈ ခုနှစ်မှာ ဖုန်း အလုံးရေ သန်း ၂၀၀ ရောင်းချနိုင်အောင် မျှော်မှန်းထား

ဟွာဝေးက ယခုနှစ်အတွင်းမှာ ကမ္ဘာအဝန်းတွင် ဖုန်း အလုံးရေ သန်း ၂၀၀ ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။ အဲဒီ ပမာဏသာ ရောင်းချနိုင်မယ်ဆိုရင် ဟွာဝေးဟာ ဆမ်ဆောင်းပြီးရင် ဒုတိယ ရောင်းအား အကောင်းဆုံး ဖုန်း ထုတ်လုပ်သူ ဖြစ်လာမှာပါ။ Apple ကိုတောင် ကျော်တက်သွားမှာပါ။

ယခု မျှော်မှန်းချက်ကို ဟွာဝေးရဲ့ မိုဘိုင်း ဌာနမှ အကြီးအကဲ Richard Yu Chengdong က ပြောကြားခဲ့တာပါ။ ဟွာဝေးဟာ မကြာခင်က စွမ်းရည်သင့် Nova 3 နဲ့ Nova 3i တို့ကို ကြေညာခဲ့ပါတယ်။ Yu က ဟွာဝေးဟာ ဇူလိုင် ၁၈ အထိ အလုံးရေ သန်း ၁၀၀ ရောင်းချထားပြီးပြီလို့ ပြောပါတယ်။ ဒါဟာ ဒီနှစ်များအတွင်းမှာ ဟွာဝေးရဲ့ စံချိန်တင် ရောင်းအား ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ Apple ဟာ အိုင်ဖုန်း ၂၁၆.၇၆ သန်း ရောင်းချရပြီး ၂၀၁၈ ခုနှစ် ပထမ ကွာတားမှာ ၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဈေးကွက်ကို ဦးဆောင်နေတဲ့ ဆမ်ဆောင်းက အဲဒီနှစ်မှာ ၃၁၇.၃ သန်း ရောင်းချရပြီး ယခုနှစ် ပထမကွာတားမှာ ၂.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ဟွာဝေးဟာ ယခုနှစ် ပထမသုံးလမှာ ၃၉.၃ သန်း ရောင်းချရပါတယ်။ Apple ကတော့ အဲဒီ သုံးလမှာ ၅၂.၂ သန်း ရောင်းချရပါတယ်။ ဟွာဝေးရဲ့ ဖုန်း ရောင်းအားထဲမှာ Honor Phone များလည်း ပါပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ဟွာဝေးဟာ Samsung , Apple တို့ထက် ကျော်ပြီး ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.