Full Screen Design ျဖင့္ အဆင့္ျမွင့္ထားတဲ့ Xiaomi Mi Max 3 ကုိ ေၾကညာၿပီ

0
1301

သတင္းမ်ားစြာ ေပါက္ၾကားထြက္ေပၚေနတဲ့ Xiaomi Mi Max 3 ကို တရား၀င္ ေၾကညာလိုက္ပါၿပီ။ သူ႔မွာ Full Screen Design ျဖင့္ အဆင့္ျမွင့္ထားပါတယ္။ သူ႔ရဲ႕ Specs အမ်ားစုဟာ Redmi Note 5 နဲ႔ တူညီပါတယ္။ တူညီတဲ့ Specs မ်ားကေတာ့ 1.8GHz Octa-Core Snapdragon 636 Chipset , 12MP+5MP Dual Camera , 8MP Selfie Camera မ်ား ျဖစ္ပါတယ္။

Mi Max 3 ဟာ အတြင္းပိုင္းမွာေတာ့ Redmi Note 5 နဲ႔ မ်ားစြာ တူညီေပမယ့္ အျပင္ပိုင္းမွာေတာ့ အရြယ္ႀကီး Mi 6X နဲ႔ တူပါတယ္။ သူ႔မွာ ၆.၉ လက္မ Full HD+ Display တပ္ဆင္ထားၿပီး 18:9 မ်က္ႏွာျပင္ အခ်ိဳး ျဖစ္ပါတယ္။ 4GB RAM/64GB Storage ကို ယြမ္ ၁၆၉၉ (၂၅၂ ေဒၚလာ) နဲ႔ 6GB RAM/128GB Storage ကို ယြမ္ ၁၉၉၉ ( ၃၀၀ ေဒၚလာ ) သတ္မွတ္ထားပါတယ္။

12MP Camera မွာ Dual-Pixel Phase Detection AF ပါပါတယ္။ ကင္မရာ ၂ လံုး ေပါင္းစပ္ၿပီး ေနာက္ခံမႈန္၀ါးတဲ့ ဓါတ္ပံုမ်ား ရိုက္ကူးေပးပါတယ္။ Android 8.1 အေျချပဳ MIUI 9.5 ထည့္သြင္းထားၿပီး မၾကာခင္မွာ MIUI 10 ကို ရရွိမွာပါ။ Scene Recognition , Face Unlock , Voice Assistant မ်ား အပါအ၀င္ ဥာဏ္ရည္တု နည္းပညာမ်ားစြာ ပါပါတယ္။

အရြယ္အစား ႀကီးမားတဲ့ 5500mAh Battery ပါပါတယ္။ အနက္၊ ရွန္ပိန္ေရႊ၊ အျပာေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။ အရြယ္အစား အျပည့္အစံုမွာ 176.15 x 87.4 x 7.99 mm ျဖစ္ၿပီး အေလးခ်ိန္မွာ ၂၂၁ ဂရမ္ ျဖစ္ပါတယ္။

unicode

Full Screen Design ဖြင့် အဆင့်မြှင့်ထားတဲ့ Xiaomi Mi Max 3 ကို ကြေညာပြီ

သတင်းများစွာ ပေါက်ကြားထွက်ပေါ်နေတဲ့ Xiaomi Mi Max 3 ကို တရားဝင် ကြေညာလိုက်ပါပြီ။ သူ့မှာ Full Screen Design ဖြင့် အဆင့်မြှင့်ထားပါတယ်။ သူ့ရဲ့ Specs အများစုဟာ Redmi Note 5 နဲ့ တူညီပါတယ်။ တူညီတဲ့ Specs များကတော့ 1.8GHz Octa-Core Snapdragon 636 Chipset , 12MP+5MP Dual Camera , 8MP Selfie Camera များ ဖြစ်ပါတယ်။

Mi Max 3 ဟာ အတွင်းပိုင်းမှာတော့ Redmi Note 5 နဲ့ များစွာ တူညီပေမယ့် အပြင်ပိုင်းမှာတော့ အရွယ်ကြီး Mi 6X နဲ့ တူပါတယ်။ သူ့မှာ ၆.၉ လက်မ Full HD+ Display တပ်ဆင်ထားပြီး 18:9 မျက်နှာပြင် အချိုး ဖြစ်ပါတယ်။ 4GB RAM/64GB Storage ကို ယွမ် ၁၆၉၉ (၂၅၂ ဒေါ်လာ) နဲ့ 6GB RAM/128GB Storage ကို ယွမ် ၁၉၉၉ ( ၃၀၀ ဒေါ်လာ ) သတ်မှတ်ထားပါတယ်။

12MP Camera မှာ Dual-Pixel Phase Detection AF ပါပါတယ်။ ကင်မရာ ၂ လုံး ပေါင်းစပ်ပြီး နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးပါတယ်။ Android 8.1 အခြေပြု MIUI 9.5 ထည့်သွင်းထားပြီး မကြာခင်မှာ MIUI 10 ကို ရရှိမှာပါ။ Scene Recognition , Face Unlock , Voice Assistant များ အပါအဝင် ဉာဏ်ရည်တု နည်းပညာများစွာ ပါပါတယ်။

အရွယ်အစား ကြီးမားတဲ့ 5500mAh Battery ပါပါတယ်။ အနက်၊ ရှန်ပိန်ရွှေ၊ အပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 176.15 x 87.4 x 7.99 mm ဖြစ်ပြီး အလေးချိန်မှာ ၂၂၁ ဂရမ် ဖြစ်ပါတယ်။

Leave a Reply