BlackBerry KEY2 ကို Lite ဗားရွင္း ထုတ္လုပ္ဖို႔ BlackBerry ျပင္ဆင္ေန

0
1148

အီလက္ထေရာနစ္ပစၥည္း ထုတ္လုပ္သူ TCL အေနနဲ႔ လက္ရွိအခ်ိန္မွာ BlackBerry စမတ္ဖုန္းေတြကို ထုတ္လုပ္ေနပါတယ္။ ကုမၸဏီအေနနဲ႔ BlackBerry Key2 ဖုန္းကို ၿပီးခဲ့တဲ့ ၇ရက္ေန႔က တရားဝင္မိတ္ဆက္ခဲ့ၿပီး သူ႕မွာ Snapdragon 660 ပရိုဆက္ဆာကို သုံးထားပါတယ္။ ဒီေန႔မွာေတာ့ စမတ္ဖုန္းနဲ႔ပတ္သတ္တဲ့ သတင္းေပါက္ၾကားမႈေတြကို အၿမဲတင္ေနတဲ့ Evan Blass ကေန BlackBerry အေနနဲ႔   Key2 Lite ဖုန္းကိုထုတ္လုပ္ဖုိ႔အတြက္ ျပင္ဆင္ေနတယ္ဆိုတဲ့  tweet တစ္ခုကို သူရဲ႕အေကာင့္ကေနတင္လိုက္ပါတယ္။

BlackBerry  အေနနဲ႔ အဲ့ဒီဖုန္းကိုေနာက္လ ဘာလင္မွာက်င္းပမယ္ IFA ပဲြမွာ မိတ္ဆက္သြားႏုိင္တယ္လို႔ ၎ကေျပာထားပါတယ္။ ဖုန္းကို ပလပ္စတစ္ကိုယ္ထည္နဲ႔ျဖစ္ၿပီး အေရာင္အေနနဲ႔ အနီ၊အျပာ၊ ေၾကးနီ ေရာင္ေတြသုံးလာလိမ့္မယ္လို႔ သိရပါတယ္။ ဖုန္းရဲ႕ codenamed ကိုေတာ့ BlackBerry Luna လို႔ေပးထားၿပီး Key2 ဖုန္းရဲ႕ “Mini” version ဖုန္းျဖစ္လာမွာပါ။ သူ႕မွာ 4.5 inches FHD ပါဝင္ႏုိင္ၿပီး ပရိုဆက္ဆာပိုင္းမွာေတာ့ Helio P60 ကိုသာ သုံးလာႏုိင္ပါတယ္။ ေစ်းႏႈန္းပိုင္းမွာေတာ့ အလြန္သက္သာႏုိင္ၿပီး Key2 ထက္စရင္ အခ်ိဳ႕ Hardware ပိုင္းေတြမွာ ထပ္မံေလ်ာ့ခ်လာႏိုင္ပါတယ္။

ၿပီးခဲ့တဲ့လကထြက္ထားတဲ့ BlackBerry KEY2  မွာ ေလးေထာင့္က်တဲ့ ဒီဇိုင္းကို သံုးထားၿပီး Physical Keyboard ထည့္သြင္းထားပါတယ္။ 12MP ကင္မရာႏွစ္လံုး ျဖစ္ၿပီး Optical Zooming နဲ႔ Portrait Photos မ်ားကို ဖန္တီးေပးႏုိင္ပါတယ္။ ၄.၅ လက္မ 1080x1620p IPS LCD Display တပ္ဆင္ထားပါတယ္။ Chipset ကေတာ့ Snapdragon 660 ျဖစ္ပါတယ္။ 6GB RAM ပါပါတယ္။ အေနာက္ဘက္ကို Series 7 Aluminium ျဖင့္ ဖံုးအုပ္ထားၿပီး အနက္နဲ႔ ေငြေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။

unicode

အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်သူ TCL အနေနဲ့ လက်ရှိအချိန်မှာ BlackBerry စမတ်ဖုန်းတွေကို ထုတ်လုပ်နေပါတယ်။ ကုမ္ပဏီအနေနဲ့ BlackBerry Key2 ဖုန်းကို ပြီးခဲ့တဲ့ ၇ရက်နေ့က တရားဝင်မိတ်ဆက်ခဲ့ပြီး သူ့မှာ Snapdragon 660 ပရိုဆက်ဆာကို သုံးထားပါတယ်။ ဒီနေ့မှာတော့ စမတ်ဖုန်းနဲ့ပတ်သတ်တဲ့ သတင်းပေါက်ကြားမှုတွေကို အမြဲတင်နေတဲ့ Evan Blass ကနေ BlackBerry အနေနဲ့   Key2 Lite ဖုန်းကိုထုတ်လုပ်ဖို့အတွက် ပြင်ဆင်နေတယ်ဆိုတဲ့  tweet တစ်ခုကို သူရဲ့အကောင့်ကနေတင်လိုက်ပါတယ်။

BlackBerry  အနေနဲ့ အဲ့ဒီဖုန်းကိုနောက်လ ဘာလင်မှာကျင်းပမယ် IFA ပွဲမှာ မိတ်ဆက်သွားနိုင်တယ်လို့ ၎င်းကပြောထားပါတယ်။ ဖုန်းကို ပလပ်စတစ်ကိုယ်ထည်နဲ့ဖြစ်ပြီး အရောင်အနေနဲ့ အနီ၊အပြာ၊ ကြေးနီ ရောင်တွေသုံးလာလိမ့်မယ်လို့ သိရပါတယ်။ ဖုန်းရဲ့ codenamed ကိုတော့ BlackBerry Luna လို့ပေးထားပြီး Key2 ဖုန်းရဲ့ “Mini” version ဖုန်းဖြစ်လာမှာပါ။ သူ့မှာ 4.5 inches FHD ပါဝင်နိုင်ပြီး ပရိုဆက်ဆာပိုင်းမှာတော့ Helio P60 ကိုသာ သုံးလာနိုင်ပါတယ်။ ဈေးနှုန်းပိုင်းမှာတော့ အလွန်သက်သာနိုင်ပြီး Key2 ထက်စရင် အချို့ Hardware ပိုင်းတွေမှာ ထပ်မံလျော့ချလာနိုင်ပါတယ်။

ပြီးခဲ့တဲ့လကထွက်ထားတဲ့ BlackBerry KEY2  မှာ လေးထောင့်ကျတဲ့ ဒီဇိုင်းကို သုံးထားပြီး Physical Keyboard ထည့်သွင်းထားပါတယ်။ 12MP ကင်မရာနှစ်လုံး ဖြစ်ပြီး Optical Zooming နဲ့ Portrait Photos များကို ဖန်တီးပေးနိုင်ပါတယ်။ ၄.၅ လက်မ 1080x1620p IPS LCD Display တပ်ဆင်ထားပါတယ်။ Chipset ကတော့ Snapdragon 660 ဖြစ်ပါတယ်။ 6GB RAM ပါပါတယ်။ အနောက်ဘက်ကို Series 7 Aluminium ဖြင့် ဖုံးအုပ်ထားပြီး အနက်နဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Leave a Reply