Apple က iPad Models ၂ မ်ိဳးုကို မွတ္ပံုတင္

0
1355

ေနာက္ထြက္မယ့္ အိုင္ပတ္ အသစ္မ်ားရဲ႕ သတင္းအခ်က္အလက္မ်ား ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုေတာ့ Apple က EEC, or Eurasian Economic Commission မွာ အိုင္ပတ္ ေမာ္ဒယ္ ၂ မ်ိဳးကို မွတ္ပံုတင္လိုက္ပါတယ္။

ယခုလအေစာပိုင္းမွာ Apple ဟာ တက္ဘလက္ ငါးခုကို မွတ္ပံုတင္ထားတယ္လို႔ သိရပါတယ္။ အဲဒါေတြကေတာ့ A1876, A1934, A1979, A2013, A2014 တို႔ ျဖစ္ၾကပါတယ္။ အခုေတာ့ Consomac က 1895 နဲ႔ A1980 ေမာ္ဒယ္အသစ္ ၂ မ်ိဳးကို ထပ္ျဖည့္ထားတယ္လို႔ အတည္ျပဳလိုက္ပါတယ္။ အဲဒီ ေမာ္ဒယ္ အသစ္မ်ားဟာ iPad Pro မ်ိဳးဆက္မ်ား ျဖစ္ႏုိင္ပါတယ္။

Apple က စက္တင္ဘာလမွာ အိုင္ဖုန္း အသစ္သံုးမ်ိဳးကို မိတ္ဆက္မယ္လို႔ ထင္ရပါတယ္။ အိုင္ပတ္ အသစ္မ်ားကို မိတ္ဆက္မယ့္ အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။ ေသခ်ာတာကေတာ့ ဒီႏွစ္ထဲမွာ မိတ္ဆက္မွာ ျဖစ္ပါတယ္။ iPad Pro မ်ိဳးဆက္မ်ားဟာ စကရင္ အရြယ္အစား ၂ မ်ိဳးနဲ႔ ပြဲထြက္လာမွာ ျဖစ္ပါတယ္။ ၁၁ လက္မနဲ႔ ၁၂.၉ လက္မမ်ား ျဖစ္ပါတယ္။ ဒီသတင္းကို Apple အေရး ကြ်မ္းက်င္တဲ့ KGI Securities မွ Ming-Chi Kuo ကလည္း အတည္ျပဳထားပါတယ္။

အဲဒီ iPad Pro မ်ိဳးဆက္မ်ားမွာ Home Button ကို ဖယ္ရွားထားၿပီး Face ID ကို ထည့္သြင္းထားႏုိင္ပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္မ်ားဟာလည္း ပါးလႊာမွာပါ။

unicode

Apple က iPad Models ၂ မျိုးုကို မှတ်ပုံတင်

နောက်ထွက်မယ့် အိုင်ပတ် အသစ်များရဲ့ သတင်းအချက်အလက်များ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Apple က EEC, or Eurasian Economic Commission မှာ အိုင်ပတ် မော်ဒယ် ၂ မျိုးကို မှတ်ပုံတင်လိုက်ပါတယ်။

ယခုလအစောပိုင်းမှာ Apple ဟာ တက်ဘလက် ငါးခုကို မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ A1876, A1934, A1979, A2013, A2014 တို့ ဖြစ်ကြပါတယ်။ အခုတော့ Consomac က 1895 နဲ့ A1980 မော်ဒယ်အသစ် ၂ မျိုးကို ထပ်ဖြည့်ထားတယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ မော်ဒယ် အသစ်များဟာ iPad Pro မျိုးဆက်များ ဖြစ်နိုင်ပါတယ်။

Apple က စက်တင်ဘာလမှာ အိုင်ဖုန်း အသစ်သုံးမျိုးကို မိတ်ဆက်မယ်လို့ ထင်ရပါတယ်။ အိုင်ပတ် အသစ်များကို မိတ်ဆက်မယ့် အချိန်ကိုတော့ မသိရသေးပါဘူး။ သေချာတာကတော့ ဒီနှစ်ထဲမှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ iPad Pro မျိုးဆက်များဟာ စကရင် အရွယ်အစား ၂ မျိုးနဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။ ၁၁ လက်မနဲ့ ၁၂.၉ လက်မများ ဖြစ်ပါတယ်။ ဒီသတင်းကို Apple အရေး ကျွမ်းကျင်တဲ့ KGI Securities မှ Ming-Chi Kuo ကလည်း အတည်ပြုထားပါတယ်။

အဲဒီ iPad Pro မျိုးဆက်များမှာ Home Button ကို ဖယ်ရှားထားပြီး Face ID ကို ထည့်သွင်းထားနိုင်ပါတယ်။ မျက်နှာပြင်ဘေးဘောင်များဟာလည်း ပါးလွှာမှာပါ။

Leave a Reply