ပရီမီယန်ပစ္စည်းတစ်ခုအနေနဲ့တော့ ဈေးကြီးတယ်လို့ ပြောလို့မရမယ့် Fujifilm ရဲ့ XF10 fixed-lens APS-C ကင်မရာ

0
1139

Zawgyi version





Unicode version

Fujifilm ရဲ့ ပရီမီယန်ဆန်တဲ့ fixed-lens ကို အသုံးပြုထားတဲ့ XF10 က wide-angle က 18.5mm f/2.8 fixed lens ရှိပြီးတော့ 24.2-megapixel APS-C (not X-Trans) sensor ရှိတဲ့အတွက်ကြောင့် သူက နောက်ဆုံးထွက်မော်ဒယ်တွေထက်ကို resolution ကအသာကြီးပါ။
သူ့က ပေါ့ပေါ့ပါးပါးလေးနဲ့ တော်တော် အဆင်ပြေပါတယ်။ သူ့ရဲ့ အလေးချိန်က 280 ဂရမ်ရှိပြီးတော့ သူက Sony ရဲ့ အသစ်ထွက်ရှိတဲ့ RX100 VI လောက်ပဲရှိတာပါ။ သူ့မှာ သေးငယ်တဲ့ sensor လေးလဲ ပါရှိပါတယ်။ ဒါပေမဲ့ သူ့မှာ EVF တော့မပါရှိပါဘူး။
XF10 က 1080p 60fps camera ဖြစ်ပြီးတော့ သူက 4K တွေကို 15 fps နဲ့ ရိုက်နိုင်ပါတယ်။ ISO က 200 ကနေ 12,800 ထိရှိပြီးတော့ ISO 100 ကနေ 51,200 ထိချုံ့နိုင်ချဲ့နိုင်ပါတယ်။ smartphone transfer အတွက် Bluetooth 4.1 ထိ support ပေးပါတယ်။ သူ့မှာ digital zoom ပါရှိပြီးတော့ သူက filter တွေအများကြီးကို ရွေးချယ်နိုင်ပါတယ်။ vivid color နဲ့ mild vignette effect အတွက် monochrome နဲ့ “rich and fine” ပါဝင်ပါတယ်။

သူက “square mode” တွေကိုလဲ စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။
XF10 ရဲ့ အတွင်းပိုင်းပစ္စည်းတွေက X-T100 mirrorless ဖြစ်ပြီး 24.2-megapixel sensor နဲ့ wonky 15fps 4K shooting speed ရှိပါတယ်။
သူကတော့ travel photography အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။
XF10 က ပရီမီယန်ပစ္စည်းတစ်ခုအနေနဲ့ဆိုရင်တော့ ဈေးများတယ်လို့ ပြောလို့မရပါဘူး။ သူက street photography တွေနဲ့ travel photography တွေရိုက်နိုင်တာနဲ့တင် ဈေးချိုနေပါပြီ။ သူ့ကိုတော့ US မှာ $500 နဲ့ရောင်းချမှာဖြစ်ပြီး ကနေဒါမှာတော့ $650 နဲ့ရောင်းချမှာပါ။ မြောက်အမေရိကမှာတော့ ၂၀၁၈ သြဂုတ်လလောက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply