အားသာချက်
ကင်မရာအလန်းစား
မြန်ဆန်တဲ့ လုပ်ဆောင်ချက်များ
မြန်ဆန်တဲ့ Facial Recognition
Notch ကင်းစင်ပြုံးပျော်ရွှင်
IP 67ရေစိုခံ
အားနည်းချက်
မျက်နှာပြင်အောက် scanner သိပ်မမိုက်
ဈေးအလွန်ကြီး
နားကြပ်ပေါက်မပါ
စဉ်းစားသင့်သောအချက် – ကင်မရာကောင်းကောင်း၊ ရေစိုခံ၊ အသုံးခံ၊ performance မိုက်မိုက်တွေကို ရမှာပါ။ ဒါပေမယ့် ဈေးအလွန်ကြီးပြီးတော့ fingerprint scanner သိပ်အလုပ်မဖြစ်ပါဘူး။
Huawei ဆိုတာက Luxury phone trend ကို ဆက်လက်တည်မြဲအောင်လုပ်ဆောင်နေတဲ့ brand အချို့ထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ စိန်ကွပ်မထား၊ Vertu လို ဈေးမများဘဲနဲ့လည်း P20 ထက်တော့ သားနားနေပါတယ်။
Porsche Design Huawei Mate RS ကတော့ Vertu လိုမျိုး နှစ်နှစ်အောက်နေတဲ့ဖုန်းကို စိန်ကွပ်ပေးတာမျိုး မဟုတ်ပါဘူး။ တိုးတက်ကောင်းမွန်လာတဲ့ hardware နဲ့ software ပိုင်းတွေကို တွေ့မြင်ခံစားရမှာပါ။ ဒီတော့ ၀ယ်ဖို့သင့်ရဲ့လားဆိုတာ စဉ်းစားဆုံးဖြတ်ကြည့်ရတော့မှာပါ။ ဒီတော့ ကျွန်တော်နဲ့အတူတူ လိုက်ပါစဉ်းစားကြည့်ရအောင်လားဗျာ။
Design
တစ်ချက်ကြည့်လိုက်တော့ S9 Plus လားလို့တောင် ထင်မိတယ်။ S9 Plus လိုမျိုးပဲ dual curved ကိုအသုံးပြုထားတဲ့အတွက်ကြောင့် ဖုန်းကိုကိုင်သုံးတဲ့အချိန်မှာ ပါးလွှာသွားတယ်လို့ ခံစားလိုက်ရပါတယ်။ ပြီးတော့ notch ကင်းစင်တော့ ပြုံးပျော်ရွှင်နိုင်ပါပြီ။
ဖုန်းရဲ့အနောက်ဘက်က P20 Pro လိုမျိုး ဖန်သားပြင်နဲ့လုပ်ပေးထားတဲ့အတွက်ကြောင့် ခံစားမှုထပ်တူရစေမှာပါ။ ဒါပေမယ့်လည်း သူတို့နှစ်ခုကို logo လေးနဲ့ခွဲခြားထားပါတယ်။ ကျွန်တော်ကတော့ fingerprint issue ကြောင့် ဖန်သားကျောပြင်ကို မကြိုက်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့်လည်း ဒီဖုန်းမှာတော့ အဆင်ပြေပြေသုံးနိုင်တာကို တွေ့ရပါတယ်။ oleophobic coating ကြောင့်လား၊ finish ကောင်းကောင်းလုပ်ထားလို့လားဆိုတာကတော့ နှစ်မျိုးသုံးပေါ့။ ဒါပေမယ့် အနောက်ဘက်ကိုထိလိုက်တာက ပိုအဆင်ပြေသလိုပါပဲ။
Huawei ဆိုတာ ထင်ရှားနေတဲ့ အချက်အလက်လေးတွေပါဝင်နေပေမယ့်လည်း မတူညီတဲ့စီးရီးဖြစ်တဲ့အတွက်ကြောင့် ခြားနားအောင်တော့ လုပ်ဆောင်ပေးထားပါတယ်။ ပါဝါကီးနဲ့ အသံခလုတ်ကို ညာဘက်မှာတွေ့မြင်ရပြီးတော့ IR blaster လေးကို ထိပ်ပိုင်းမှာတွေ့မြင်ရမှာပါ။ စပီကာနဲ့ Type-C ကို အောက်ဘက်မှာတွေ့မြင်ရမှာပါ။ နားကြပ်ပေါက်ကတော့ မြင်ရမှာမဟုတ်ပါဘူး။ သုံးချင်ရင်တော့ dongle လေးလိုအပ်ပါလိမ့်မယ်။
IP67ဆိုတော့ ရေစိုခံပေမယ့်လည်း ဖန်သားဒီဇိုင်းက သူ့ရဲ့ကြံ့ခိုင်မှုကိုအားပျော့နေစေပါတယ်။ ဖန်သားဆိုတော့ ကိုင်ရတာလည်း စိတ်မချရပါဘူး။ အနည်းဆုံးတော့ ကာဗာလေးတပ်ထားသင့်ပါတယ်။ ဘောင်တွေလှလို့ ကာဗာမတပ်ချင်ရင်တော့ ဖုန်းတခုခုဖြစ်ရင် ပြင်ဖို့သာစဉ်းစားထားပါ။
Display
AMOLED screen ကိုအသုံးပြုထားပြီးတော့ notch ကိုတော့ မသုံးထားပါဘူး။ notch ပါမှ မျက်နှာပြင်ပြည့်ရမယ်ဆိုတာ ကျွန်တော်မယုံချင်ပါဘူး။
2,880 x 1,440 screen ဆိုတော့ P20 Pro ထက်သာလွန်သွားပါတယ်။ standard S9 နဲ့S9 Plus ကြားကျတယ်လို့ ပြောနိုင်ပါတယ်။ 4K ဗွီဒီယိုတော့ကြည့်လို့မရပါဘူး။ ဒါပေမယ့် ဓါတ်ပုံနဲ့ ဗွီဒီယို၊ စာသားတွေပြတ်သားမှုကတော့ အတော်လေးမိုက်နေတာကို တွေ့ရပါတယ်။ အစွန်းနားလေးတွေမှာ အရောင်လေးတွေပြေးနေတာကို သတိထားမိပေမယ့်လည်း ဒါက မှန်ကွေးတွေရဲ့ဖြစ်ရပ်တစ်ခုပဲမဟုတ်ပါလား။
6-inch 18:9 AMOLED screen လေးကတော့ ဘောင်လေးတွေထဲကို နစ်ဝင်သွားသလို ခံစားရပါတယ်။ UI လေးတွေကိုလည်း အနက်ရောင်လေးနဲ့ စပ်ပြီးတော့ အသုံးပြုထားပါတယ်။
Performance
flagship Kirin 970 chipset, 6GB of RAM နဲ့ 256GB or 512GB storage ကို အသုံးပြုထားပါတယ်။ ကဒ်ထပ်ပြီးတော့ စိုက်လို့မရတော့ပေမယ့်လည်း လုံလောက်နေပြီမလား။
Kirin 970 က Qualcomm လောက်မမိုက်ပေမယ့်လည်း Samsung’s GPU လောက် core မများပေမယ့်လည်း မြန်ဆန်သွက်လက်နေတာကို ခံစားရပါတယ်။ Apps launch မြန်ဆန်သလို၊ အပေါ်အောက်ကိုလည်း ခပ်မြန်မြန်ဆွဲနိုင်ပါတယ်။ web browsing မနှေးတော့ဘူးပေါ့။
YouTube app ၊ ဗွီဒီယို၊ ဂိမ်းတွေကို ကူးပြောင်းကြည့်ပြီးတော့မှ YouTube ကို ပြန်ခေါ်ကြည့်တဲ့အခါ အေးဆေးပဲ ကြည့်နိုင်တာကို တွေ့မြင်ခဲ့ရပါတယ်။
ဂိမ်းပိုင်းမှာလည်း NASCAR Heat Mobile ကို ဆော့ကစားကြည့်တဲ့အချိန်မှာ နည်းနည်းလေးတော့ နှေးသွားတတ်ပါတယ်။ FZ9, PUBG Mobile နဲ့ World of Warships တို့ကို ကစားကြည့်ရာမှာတော့ အဆင်ပြေချောမွေ့တာကို တွေ့မြင်ရပါတယ်။
Antutu နဲ့ GeekBench 4 ကို တစ်ချက်ရှိုးလိုက်ရအောင်။ Kirin 970 ကတော့ Qualcomm နဲ့ Samsung နောက်မှာ ပြတ်ကျန်နေပါတယ်။ Antutu မှာ ရမှတ် 210,117 ဖြစ်ပြီး GeekBench 4 မှာတော့ မက်လောက်စရာမရှိတာကို တွေ့မြင်ရမှာပါ။ ဒါကြောင့်လက်တွေ့မှာတော့ ပြတ်ကျန်ခဲ့တယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။
Battery
4,000 mAh ဘတ်ထရီက တစ်နေ့တာဗွီဒီယိုကြည့်ရှုမှုကို ကောင်းကောင်းခံနိုင်ပါတယ်။ မက်ဆေ့ခ်ျပို့လည်း အဆင်ပြေပါတယ်။ screen-on time ၇နာရီ ၈နာရီလောက် ထားခဲ့ပါတယ်။ YouTube ဖွင့်ထားတာမျိုးလုပ်ခဲ့တယ်။ (၀ိုင်ဖိုင်ချိတ် – အင်တာနက်ဖွင့်၊ Bluetooth on ထားတာမျိုးပေါ့။)
နှစ်ရက်လောက်သုံးချင်တယ်ဆိုရင်တော့ ပြိုင်ဘက်ကို ရှာလို့တွေ့ချင်မှတွေ့လိမ့်မယ်။
P20 series နဲ့ မတူတာကတော့ ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ Samsung convertible charging pad နဲ့လည်း သုံးလို့ရတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့်လည်း ဖုန်းကတုန်ခါပြီးတော့ အားသွင်းတာအဆင်မပြေကြောင်းပဲပြနေပါတယ်။ ဒါပေမယ့်လည်း ကွန်ပျူတာနဲ့အားသွင်းတာထက်တော့ မြန်ဆန်ပါတယ်။
ဘူးထဲမှာ အားအမြန်သွင်းစနစ်ပါတဲ့ American and European plugs လေးထည့်ပေးထားတော့ ဈေးကွက်မြင်တတ်တယ်လို့ဆိုရမယ်။ ကြိုးနဲ့သွင်းမယ်ဆိုရင်တော့ မိနစ်၃၀သွင်းလိုက်မယ်ဆိုရင် ၅၀% ရောက်နေပေမယ့်လည်း ကြိုးမဲ့သွင်းလိုက်မယ်ဆိုရင်တော့ ၄၅% လောက်သာ ရမှာပါ။
Fingerprint Scanner
မျက်နှာပြင်အောက်လက်ဗွေစနစ်ကို ထည့်သွင်းထားတာ သူကတော့ပထမဆုံးမဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း စနစ်နှစ်မျိုးကို ထည့်သွင်းပေးထားပါတယ်။ ဘာကြောင့်လဲဆိုတာ သုံးကြည့်တော့မှ သိလာရတယ်။
မျက်နှာပြင်အောက်လက်ဗွေစနစ်ကိုသုံးမယ်ဆိုရင် လော့ခ်ပွင့်ဖို့အတွက် ၁စက္ကန့် ၂စက္ကန့်လောက်တော့ကြာပါတယ်။ ကျွန်တော့အတွက်က ကြာချိန်ကအရေးမကြီးပါဘူး။ တိကျမှုပဲလိုတာပါ။ ဒါပေမယ့်လည်းဆက်တိုက်ငါးကြိမ်အောင် ဖွင့်တာမအောင်မြင်တော့ အနောက်ဘက်ကိုပဲသုံးရပါတော့တယ်။ ဒီတော့ မက်လုံးအနေနဲ့သာ ဆွဲဆောင်ထားတယ်လို့မြင်မိပါတယ်။
သူ့ကိုဖွင့်လိုက်မယ်ဆိုရင် သတ်မှတ်ထားတဲ့နေရာမှာသာ လက်ကိုထားရမှာဖြစ်ပါတယ်။ haptic feedback ကလည်း ညင်သာလွန်းတော့ မခံစားမိလိုက်ပါဘူး။ မျက်နှာပြင်အောက်လက်ဗွေတစ်ခုတည်းဆိုရင်လည်း အသုံးပြုဖြစ်နေမှာပါ။ ဒါပေမယ့် အနောက်ဘက်မှာတစ်ခုထည့်ပေးထားတော့ သိပ်မသုံးဖြစ်တော့ပါဘူး။trick လေးတွေအတွက်လည်း အသုံးပြုနိုင်သေးတာဆိုတော့ အရမ်းမိုက်ပါတယ်။ ဒီအပိုင်းမှာ ကျွန်တော်မကြိုက်တာတစ်ချက်ကတော့ လက်ဗွေကိုထိသလား၊ မထိဘူးလားဆိုတဲ့ ခံစားချက်ကို ဝေခွဲမရပါဘူး။ ဒါကြောင့် ကျန်တဲ့အပိုင်းတွေနဲ့ လက်ဗွေကို ခြားနားအောင် လုပ်ထားစေချင်ပါတယ်။
fancy 3D facial recognition သုံးမထားပေမယ့်လည်း face unlock ကတော့ အလွန်မိုက်ပါတယ်။ အလင်းအားနည်းချိန်မှာတောင် တိကျမြန်ဆန်တာကို တွေ့ရပါတယ်။
ကင်မရာ
P20 Pro နဲ့တော့ အလားတူပါပဲ။ အနောက်ဘက်မှာ 40MP f/1.8, 20MP monochrome f/1.6, 8MP telephoto with OIS ကို အသုံးပြုထားပြီးတော့ အရှေ့ဘက်မှာ 24MP ကို တွေ့မြင်ရမှာပါ။
wide aperture mode သုံးလိုက်တဲ့အခါမှာ အရောင်လေးတွေရောနေတော့ perfect မဖြစ်ပါဘူး။ ဒါပေမယ့်လည်း ကြည်လင်ပြတ်သားမှုမှာကတော့ ပြောစရာမရှိပါဘူး။ focus ပိုင်းမှာလည်း နည်းနည်းပြစ်ချက်ရှိပေမယ့်လည်း စွမ်းအားကောင်းတဲ့ကင်မရာတစ်လုံးလို့ ပြောနိုင်ပါတယ်။
Master AI mode ကလည်း flora, food နဲ့landscapes အတွက် အလုပ်ဖြစ်ပေမယ့် စာအုပ်ကို ဓါတ်ပုံရိုက်တဲ့အခါမှာတော့ document scanning mode ကို အလိုလိုပြောင်းသွားပါတယ်။ ဒါက အသုံးဝင်တယ်လို့ပြောနိုင်ပေမယ့်လည်း စာမျက်နှာတစ်ခုကိုပဲ ပြချင်တဲ့အခါမျိုးမှာ အဆင်မပြေနိုင်တော့ပါဘူး။ UI tweak လေးတွေလုပ်ထားတာကိုလည်း တွေ့မြင်ရမှာပါ။
dynamic range ပိုင်းမှာလည်း အရမ်းမိုက်ပါတယ်။ Pixel 2 လောက်မကောင်းပေမယ့်လည်း သူ့ဟာနဲ့သူပေါ့။ တခါတခါမှာတော့ ကာတွန်းဆန်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ကင်မရာသုံးလုံးတပ်ဆင်ထားတဲ့အတွက်ကြောင့် digital zoom (up to 5x) နဲ့ low light shot တွေ ပိုကောင်းလာပါတယ်။
ညရိုက်ချက်တွေကို စမ်းသပ်ကြည့်လိုက်တဲ့အခါမှာ auto ထားကြည့်တော့ exposure ကို အကြာကြီးထားထားတာတွေ့ရပါတယ်။ ရလဒ်ကတော့ အတော်လေးကြည်နူးမိပါတယ်။ တချို့နေရာလေးတွေကတော့ ဆန်းကြယ်နေတာကို တွေ့မြင်ရမှာပါ။
night mode မှာ shutter speed နဲ့ exposure ချိန်ညှိနိုင်တဲ့အတွက်ကြောင့် manual mode နဲ့ ဆင်တူသွားပါတယ်။ light painting လိုမျိုးစမ်းချင်တယ်ဆိုရင်တော့ ဒီကောင်လေးကို သုံးမှအဆင်ပြေမှာပါ။ ကြယ်တွေ၊ မီးပွိုင့်လေးတွေ၊ မီးအိမ်လေးတွေနဲ့ ဆန်းသစ်မှုတွေကို ချပြလိုက်ပါ။
aperture mode ကတော့ လူကြိုက်များတဲ့ portrait mode feature နဲ့ တွဲထားပါတယ်။ အနားသတ်လေးတွေကိုေ၀၀ါးစေပြီးတော့ portrait lighting effect ကတော့ iPhone လောက် မသပ်ရပ်တာကို တွေ့မြင်ရပါတယ်။ aperture mode နဲ့ ကြိုထည့်ပေးထားတဲ့ effect လေးတွေကိုတော့ ကြိုက်မိပါတယ်။
monochrome နဲ့လည်း အကြိုက်တွေ့စရာကောင်းအောင် ပေးစွမ်းနိုင်ပါသေးတယ်။
4K, 1080p at 60fps, 1080p at 240fps, နဲ့720p at 960fps recording ကို ထောက်ပံ့ပေးထားပါတယ်။ super slow-mo ကတော့ ဆိုနီလောက် မသပ်ရပ်ပေမယ့်လည်း 960fps နဲ့ ရိုက်ကူးစေနိုင်ပါတယ်။ 720p resolution ကတော့ နည်းနည်း စိတ်ပျက်စရာကောင်းနေနိုင်ပါတယ်။
24MP selfie camera ကလည်း မိုက်လွန်းပါတယ်။ နေ့အချိန်ရိုက်ကူးတဲ့အခါမှာ HDR နဲ့တော့ မရနိုင်ပါဘူး။ Portrait mode ကလည်း သေချာကြည့်လိုက်ရင် အနားသတ်လေးတွေလိုနေတာကို ခံစားရပါတယ်။ ဒါပေမယ့် အားလုံးခြုံကြည့်လိုက်မယ်ဆိုရင်တော့ experience ကောင်းကောင်းပေးနိုင်တဲ့ကင်မရာတွေကို ပိုင်ဆိုင်ထားပါတယ်။
Software
EMUI 8.1 ကို အသုံးပြုထားပါတယ်။ သူကတော့ skeuomorphic design နဲ့ Samsung’s TouchWiz ကို ရောထားသလိုပါပဲ။ ဒါပေမယ့်လည်း ကိုယ်ပိုင် feature လေးတွေကို ထည့်သွင်းပေးထားပါတယ်။ app drawer ကို ဖြုတ်ထားပါတယ်။ display menu ထဲကနေတော့ ပြန်သုံးလို့ရအောင် ထည့်ပေးထားပါတယ်။
gesture-driven UI ထည့်ပေးထားပေမယ့်လည်း default မဟုတ်တော့ ရှောင်လို့ရပါတယ်။ Samsung’s wax-on-wax-off palm gesture ထက်တော့ ပိုကောင်းတယ်လို့မြင်မိတယ်။ theme store မှာလည်း စိတ်ကြိုက်ကလိကြည့်လို့ရပါတယ်။ software feature တွေအနေနဲ့ မီဒီယာဖိုင်တွေကို သိမ်းဆည်းထားနိုင်တဲ့ လုံခြုံရေးapp၊ eye comfort mode ၊ easy UI လေးတွေလည်း လုပ်ပေးထားပါတယ်။ Booking.com and Quik ကတော့ ပါနေတုန်းပါပဲ။
Specification
Porsche Design Huawei Mate RS | |
---|---|
Display | 6-inch curved OLED display 18:9 aspect ratio 2,880 x 1,440 resolution |
Processor | Huawei Kirin 970 |
RAM | 6GB |
Storage | 256GB or 512GB |
Cameras | Rear: 40MP main camera 20MP monochrome lens 8MP telephoto lens Front: |
Battery | 4,000mAh Non-removable Wireless charging |
Software | Android 8.1 Oreo Porsche Design skin |
Colors | Red, Black |
Price | 256GB version: €1,695 (~$2,103) 512GB version: €2,095 (~$2,599) |
Availability | April 12 – China, Hong Kong, and Macau Sometime later – France, Germany, Italy, Spain, the U.K., and Switzerland |
ဈေးနှုန်းနှင့် နောက်ဆုံးသုံးသပ်ချက်
256GB Huawei Mate RS ကတော့ ယူရို ၁၆၉၅ ဖြစ်ပါတယ်။ ယူကေမှာတော့ ဒေါ်လာ၁၉၈၀နဲ့ ၀င်နိုင်ပါတယ်။ 512GB ကတော့ ဒေါ်လာ၂၄၅၀ ဖြစ်နိုင်ပါတယ်။ ယူကေမှာတော့ 512GB ၀င်မလား မပြောတတ်သေးပါဘူး။
တောင်အာဖရိကမှာတော့ ဒေါ်လာ၁၉၂၀ နဲ့ ၀င်နိင်မှာပါ။ အနက်ရောင်၊ အနီရောင်ဆိုပြီးတော့ ထွက်ရှိမှာပါ။
ဈေးအတော်လေးကြီးပါတယ်။ အခြားသော Porsche Design တွေနဲ့မတူအောင်လည်း ပြန်လည်ပြင်ဆင်ထားပါတယ်။
notch-less OLED screen ၊ အရမ်းမိုက်တဲ့ မမ်မိုရီ၊ ကြိုးမဲ့အားသွင်းစနစ်၊ dual fingerprint scanners တို့ကြောင့် ထူးခြားနေပါတယ်။ ဒီတော့ ပရီမီယမ်ကြိုက်တယ်ဆိုရင်တော့ ငွေကြေးကို စဉ်းစားမနေပါနဲ့။ အခြားသူတွေကတော့ နောက်နှစ်ထပ်စောင့်လိုက်ပါ။ feature အသစ်တွေ ထည့်ပေးပါလိမ့်မယ်။