Google Lens ပါလာတဲ့ OnePlus 6 ရဲ႕ OxygenOS 5.1.9

0
1098

OnePlus 6 အတြက္ Software Update အသစ္တစ္ခုကို ကုမၸဏီက ျဖန္႔ခ်ီေပးလိုက္ပါတယ္။ ေဆာ့ဖ္၀ဲ ဗားရွင္းမွာ OxygenOS 5.1.9 ျဖစ္ၿပီး ကင္မရာ စြမ္းရည္ အသစ္မ်ား ပါလာပါတယ္။ Software Update မွာ Oil Painting Effect ကို ဖန္တီးရာမွာ ျဖစ္ပြားတဲ့ ကင္မရာ ျပႆနာကို ေျဖရွင္းေပးထားတဲ့အတြက္ ဓါတ္ပံုမ်ား ပိုမို ၾကည္လင္ျပတ္သားလာပါတယ္။ ဓါတ္ပံု အရည္အေသြးဟာလည္း အဖက္ဖက္က တိုးတက္လာပါတယ္။

အဓိက စြမ္းရည္မွာ Native Camera App တြင္ Google Lens စြမ္းရည္ ပါလာတာ ျဖစ္ပါတယ္။ Google Lens ဟာ ပတ္၀န္းက်င္မွ အထင္ကရ အေဆာက္အဦးမ်ား၊ ကုန္ပစၥည္းမ်ားကို ကင္မရာကေန ခ်ိန္ရြယ္လိုက္တာနဲ႔ သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ျပသေပးပါတယ္။ ကုန္ပစၥည္းတစ္ခုကို ခ်ိန္ရြယ္လိုက္ရင္သူ႔ကို ၀ယ္ယူႏုိင္မယ့္ အြန္လိုင္း စတိုးကို ေခၚေဆာင္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဘာသာျပန္စြမ္းရည္လည္း ပါပါတယ္။

V Gesture ကို မေတာ္တဆ ျပဳလုပ္မိတဲ့ ျပႆနာကို ေျဖရွင္းေပးထားပါတယ္။ Beauty Effect ကို Selfie Portrait Mode အတြက္ အေရွ႕ကင္မရာက ေထာက္ပံ့လာပါတယ္။ ကားမ်ားအတြက္ ဘလူးတု ဆက္သြယ္မႈကလည္း တိုးတက္လာပါတယ္။ ၀ိုင္ဖိုင္ ဆက္သြယ္မႈဟာလည္း ပိုမို တည္ၿငိမ္လာပါတယ္။ Patch မွာ Telia Finland VoLTE , VoWiFi တို႔ကို ေထာက္ပံ့လာပါတယ္။

OxygenOS 5.1.9 မွာ July Security Patch ကိုလည္း ထည့္ေပးထားပါတယ္။ Changelog မွာ အထက္ပါ လုပ္ေဆာင္ခ်က္ အသစ္မ်ားနဲ႔အတူ အေထြေထြ Bugs မ်ားကို ျပင္ဆင္ထားတယ္လို႔ ေဖာ္ျပထားပါတယ္။

unicode

Google Lens ပါလာတဲ့ OnePlus 6 ရဲ့ OxygenOS 5.1.9

OnePlus 6 အတွက် Software Update အသစ်တစ်ခုကို ကုမ္ပဏီက ဖြန့်ချီပေးလိုက်ပါတယ်။ ဆော့ဖ်ဝဲ ဗားရှင်းမှာ OxygenOS 5.1.9 ဖြစ်ပြီး ကင်မရာ စွမ်းရည် အသစ်များ ပါလာပါတယ်။ Software Update မှာ Oil Painting Effect ကို ဖန်တီးရာမှာ ဖြစ်ပွားတဲ့ ကင်မရာ ပြဿနာကို ဖြေရှင်းပေးထားတဲ့အတွက် ဓါတ်ပုံများ ပိုမို ကြည်လင်ပြတ်သားလာပါတယ်။ ဓါတ်ပုံ အရည်အသွေးဟာလည်း အဖက်ဖက်က တိုးတက်လာပါတယ်။

အဓိက စွမ်းရည်မှာ Native Camera App တွင် Google Lens စွမ်းရည် ပါလာတာ ဖြစ်ပါတယ်။ Google Lens ဟာ ပတ်ဝန်းကျင်မှ အထင်ကရ အဆောက်အဦးများ၊ ကုန်ပစ္စည်းများကို ကင်မရာကနေ ချိန်ရွယ်လိုက်တာနဲ့ သူတို့ရဲ့ သတင်းအချက်အလက်များကို ပြသပေးပါတယ်။ ကုန်ပစ္စည်းတစ်ခုကို ချိန်ရွယ်လိုက်ရင်သူ့ကို ဝယ်ယူနိုင်မယ့် အွန်လိုင်း စတိုးကို ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာပြန်စွမ်းရည်လည်း ပါပါတယ်။

V Gesture ကို မတော်တဆ ပြုလုပ်မိတဲ့ ပြဿနာကို ဖြေရှင်းပေးထားပါတယ်။ Beauty Effect ကို Selfie Portrait Mode အတွက် အရှေ့ကင်မရာက ထောက်ပံ့လာပါတယ်။ ကားများအတွက် ဘလူးတု ဆက်သွယ်မှုကလည်း တိုးတက်လာပါတယ်။ ဝိုင်ဖိုင် ဆက်သွယ်မှုဟာလည်း ပိုမို တည်ငြိမ်လာပါတယ်။ Patch မှာ Telia Finland VoLTE , VoWiFi တို့ကို ထောက်ပံ့လာပါတယ်။

OxygenOS 5.1.9 မှာ July Security Patch ကိုလည်း ထည့်ပေးထားပါတယ်။ Changelog မှာ အထက်ပါ လုပ်ဆောင်ချက် အသစ်များနဲ့အတူ အထွေထွေ Bugs များကို ပြင်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply