Core i9 နဲ႕ထြက္ရွိလာတဲ့ 2018 MacBook Pro အပူလြန္ေန

0
1522

Zawgyi Version

စြမ္းေဆာင္ရည္ျမင့္မားလာျခင္းနဲ႕အတူ တာ၀န္ယူမႈေတြလည္း ပါ၀င္လာမယ္။ ရွင္းရွင္းေျပာရရင္ေတာ့ အပူမ်ားမယ္ေပါ့။ ဒါကေတာ့ ကြန္ပ်ဴတာရဲ႕အပူထုတ္လႊတ္ႏႈန္းဟာ အသစ္အဆန္းကိစၥေတာ့ မဟုတ္ပါဘူး။ အေအးခံဖို႕အတြက္ ေျဖရွင္းရမယ့္နည္းလမ္းေတြ ရွိေနပါတယ္။ heat dissipation or throttling ၾကိဳက္တာေရြးလိုက္ပါ။ ေနာက္ကတစ္ခုကေတာ့ ကြန္ပ်ဴတာရဲ႕လုပ္ေဆာင္ႏုိင္စြမ္းကိုေလွ်ာ့ခ်လိုက္တာျဖစ္ျပီးေတာ့ အဆင္မေျပလွတဲ့အေျခအေနတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္လည္း 15-inch MacBook Pro မွာ eighth-gen Intel Core i9 ကို အသံုးျပဳထားျပီးေတာ့ အေတာ္ေလးျမန္ဆန္တဲ့ေမာ္ဒယ္လ္မွာ အဲဒီနည္းလမ္းကို အသံုးျပဳထားတယ္လို႕ YouTuber တစ္ေယာက္က ေဖာ္ျပထားပါတယ္။ ျပီးေတာ့ အေတာ္ေလးပူေနပါသတဲ့။

“Pro” ဆိုတာကေတာ့ စက္ရဲ႕လုပ္ေဆာင္ႏုိင္စြမ္းနဲ႕ တာ၀န္ေတြကို ၾကီးၾကီးမားမားယူႏုိင္တယ္လို႕ ေျပာခ်င္တာပါ။ ျပီးျပည့္စံုတယ္လို႕ေျပာလို႕ရေပမယ့္လည္း desktop processor အၾကမ္းစားၾကီးနဲ႕ေပါင္းစပ္လိုက္တဲ့အခ်ိန္မွာ ေပးဆပ္ရမယ့္တန္ေၾကးေလးေတြ ေပၚလာပါတယ္။ ဒါကေတာ့ အပူခ်ိန္ပါပဲ။

YouTube Dave Lee ရဲ႕ ေျပာၾကားခ်က္အရေတာ့ Core i9 MacBook Pro ကို စမ္းသပ္ၾကည့္တဲ့အခ်ိန္မွာ အေတာ္ေလးစိုးရိမ္မိပါတယ္။ MacBook Pro ရဲ႕ အေအးခံစနစ္ေတြဟာ Core i9’s clock speed ကို အမီမလိုက္ႏုိင္ပါဘူး။ boosting or overclocking မလုပ္ရေသးတဲ့အေနအထားေတာင္မွပါ။ thermal throttling ျဖစ္လာတဲ့အခ်ိန္မွာ Core i9 က သူရဲ႕အေျခခံအျမန္ႏႈန္းကိုေတာင္ ထိန္းသိမ္းမထားႏုိင္ေတာ့ပါဘူး။

ဒါေပမယ့္လည္း သူ႕ရဲ႕စမ္းသပ္ခ်က္ကေတာ့ scientific သိပ္မကပါဘူ။ benchmarks နဲ႕ freezer test ေတြကို အသံုးျပဳသြားတာပါ။ Adobe Premiere ကိုပဲ သံုးသြားတယ္ ဒါေပမယ့္လည္း သူေျပာတယ္ေလ macOS အတြက္ အဆင္မေျပဘူးလို႕။ အျခား software ကလည္း မရွိဘူး။ သူဟာ Apple support ကို ဆက္သြယ္ခဲ့လားဆိုတာလည္း ဗြီဒီယိုထဲမွာ ေျပာမထားပါဘူး။

ျဖစ္ႏုိင္ေခ်ကေတာ့ Adobe Premiere ေပၚမွာ မူတည္ေနပါတယ္။ အျခား program ေတြအဆင္ေျပမယ္ဆိုရင္ေတာ့ Apple ကို အျပစ္ေျပာလို႕မရပါဘူး။ အျခားသံုးစြဲသူေတြကေရာ ဘယ္လိုအေျခအေနေတြမ်ား ၾကံဳေနရလဲခင္ဗ်ာ။

Unicode Version

စွမ်းဆောင်ရည်မြင့်မားလာခြင်းနဲ့အတူ တာဝန်ယူမှုတွေလည်း ပါဝင်လာမယ်။ ရှင်းရှင်းပြောရရင်တော့ အပူများမယ်ပေါ့။ ဒါကတော့ ကွန်ပျူတာရဲ့အပူထုတ်လွှတ်နှုန်းဟာ အသစ်အဆန်းကိစ္စတော့ မဟုတ်ပါဘူး။ အအေးခံဖို့အတွက် ဖြေရှင်းရမယ့်နည်းလမ်းတွေ ရှိနေပါတယ်။ heat dissipation or throttling ကြိုက်တာရွေးလိုက်ပါ။ နောက်ကတစ်ခုကတော့ ကွန်ပျူတာရဲ့လုပ်ဆောင်နိုင်စွမ်းကိုလျှော့ချလိုက်တာဖြစ်ပြီးတော့ အဆင်မပြေလှတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း 15-inch MacBook Pro မှာ eighth-gen Intel Core i9 ကို အသုံးပြုထားပြီးတော့ အတော်လေးမြန်ဆန်တဲ့မော်ဒယ်လ်မှာ အဲဒီနည်းလမ်းကို အသုံးပြုထားတယ်လို့ YouTuber တစ်ယောက်က ဖော်ပြထားပါတယ်။ ပြီးတော့ အတော်လေးပူနေပါသတဲ့။
“Pro” ဆိုတာကတော့ စက်ရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ တာဝန်တွေကို ကြီးကြီးမားမားယူနိုင်တယ်လို့ ပြောချင်တာပါ။ ပြီးပြည့်စုံတယ်လို့ပြောလို့ရပေမယ့်လည်း desktop processor အကြမ်းစားကြီးနဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာ ပေးဆပ်ရမယ့်တန်ကြေးလေးတွေ ပေါ်လာပါတယ်။ ဒါကတော့ အပူချိန်ပါပဲ။
YouTube Dave Lee ရဲ့ ပြောကြားချက်အရတော့ Core i9 MacBook Pro ကို စမ်းသပ်ကြည့်တဲ့အချိန်မှာ အတော်လေးစိုးရိမ်မိပါတယ်။ MacBook Pro ရဲ့ အအေးခံစနစ်တွေဟာ Core i9’s clock speed ကို အမီမလိုက်နိုင်ပါဘူး။ boosting or overclocking မလုပ်ရသေးတဲ့အနေအထားတောင်မှပါ။ thermal throttling ဖြစ်လာတဲ့အချိန်မှာ Core i9 က သူရဲ့အခြေခံအမြန်နှုန်းကိုတောင် ထိန်းသိမ်းမထားနိုင်တော့ပါဘူး။
ဒါပေမယ့်လည်း သူ့ရဲ့စမ်းသပ်ချက်ကတော့ scientific သိပ်မကပါဘူ။ benchmarks နဲ့ freezer test တွေကို အသုံးပြုသွားတာပါ။ Adobe Premiere ကိုပဲ သုံးသွားတယ် ဒါပေမယ့်လည်း သူပြောတယ်လေ macOS အတွက် အဆင်မပြေဘူးလို့။ အခြား software ကလည်း မရှိဘူး။ သူဟာ Apple support ကို ဆက်သွယ်ခဲ့လားဆိုတာလည်း ဗွီဒီယိုထဲမှာ ပြောမထားပါဘူး။
ဖြစ်နိုင်ချေကတော့ Adobe Premiere ပေါ်မှာ မူတည်နေပါတယ်။ အခြား program တွေအဆင်ပြေမယ်ဆိုရင်တော့ Apple ကို အပြစ်ပြောလို့မရပါဘူး။ အခြားသုံးစွဲသူတွေကရော ဘယ်လိုအခြေအနေတွေများ ကြုံနေရလဲခင်ဗျာ။

Leave a Reply