အေနာက္ ကင္မရာ ၂ လံုး၊ Notch နဲ႔ Pure Android ပါတဲ့ Nokia X5 ကို ေၾကညာၿပီ

0
1497

တရုတ္မွာ HMD Global က Nokia X5 အမည္ရ စြမ္းရည္သင့္ စမတ္ဖုန္း အသစ္တစ္လံုးကို ေၾကညာလိုက္ပါတယ္။ X5 ကို အျခား ႏုိင္ငံမ်ားမွာ 5.1 Plus အမည္ျဖင့္ ေရာင္းခ်ႏုိင္ပါတယ္။ သူ႔ရဲ႕ အဓိက ထူးျခားခ်က္မ်ားက အေနာက္ ကင္မရာ ၂ လံုး၊ Notch နဲ႔ Pure Android မ်ား ျဖစ္ပါတယ္။ တန္ဖိုးသင့္ ဖုန္းမ်ားထဲမွာေတာ့ ဒါဟာ အလြန္ ေကာင္းမြန္ေနပါတယ္။

Screen-to-body Ratio မွာ ၈၄ ရာခုိင္ႏႈန္း ရွိတဲ့ အတြက္ မ်က္ႏွာျပင္က Full Screen Design ထဲမွာ စကရင္ေနရာကို ပိုမို အသားေပးထားပါတယ္။ ၅.၈၆ လက္မ HD+ (720x1520pixels) Display တပ္ဆင္ထားၿပီး 19:9 မ်က္ႏွာျပင္အခ်ိဳး ပါပါတယ္။ Chipset ကေတာ့ MediaTek Helio P60 Chipset ျဖစ္ၿပီး RAM က 3GB ျဖစ္ပါတယ္။

အေနာက္ဘက္မွာ 13MP+5MP Camera မ်ား ထည့္သြင္းထားပါတယ္။ အေရွ႕ဘက္မွာ ၈၀ ဒီဂရီ ျမင္ကြင္းက်ယ္ 8MP Camera တစ္လံုး ပါၿပီး AI Portraits နဲ႔ Beauty Mode မ်ား ပါပါတယ္။ Android 8.1 Oreo ေမာင္းႏွင္ထားၿပီး Android P ထြက္တာနဲ႔ ရရွိမယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဘက္ထရီမွာ 3060mAh ျဖစ္ပါတယ္။ 3GB/32GB ကို ၁၄၈ ေဒၚလာနဲ႔ 4GB/64GB ကို ၂၀၈ ေဒၚလာ သတ္မွတ္ထားပါတယ္။ အနက္၊ အျဖဴနဲ႔ အျပာေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။

unicode

အနောက် ကင်မရာ ၂ လုံး၊ Notch နဲ့ Pure Android ပါတဲ့ Nokia X5 ကို ကြေညာပြီ

တရုတ်မှာ HMD Global က Nokia X5 အမည်ရ စွမ်းရည်သင့် စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ X5 ကို အခြား နိုင်ငံများမှာ 5.1 Plus အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ သူ့ရဲ့ အဓိက ထူးခြားချက်များက အနောက် ကင်မရာ ၂ လုံး၊ Notch နဲ့ Pure Android များ ဖြစ်ပါတယ်။ တန်ဖိုးသင့် ဖုန်းများထဲမှာတော့ ဒါဟာ အလွန် ကောင်းမွန်နေပါတယ်။

Screen-to-body Ratio မှာ ၈၄ ရာခိုင်နှုန်း ရှိတဲ့ အတွက် မျက်နှာပြင်က Full Screen Design ထဲမှာ စကရင်နေရာကို ပိုမို အသားပေးထားပါတယ်။ ၅.၈၆ လက်မ HD+ (720x1520pixels) Display တပ်ဆင်ထားပြီး 19:9 မျက်နှာပြင်အချိုး ပါပါတယ်။ Chipset ကတော့ MediaTek Helio P60 Chipset ဖြစ်ပြီး RAM က 3GB ဖြစ်ပါတယ်။

အနောက်ဘက်မှာ 13MP+5MP Camera များ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ ၈၀ ဒီဂရီ မြင်ကွင်းကျယ် 8MP Camera တစ်လုံး ပါပြီး AI Portraits နဲ့ Beauty Mode များ ပါပါတယ်။ Android 8.1 Oreo မောင်းနှင်ထားပြီး Android P ထွက်တာနဲ့ ရရှိမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဘက်ထရီမှာ 3060mAh ဖြစ်ပါတယ်။ 3GB/32GB ကို ၁၄၈ ဒေါ်လာနဲ့ 4GB/64GB ကို ၂၀၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အနက်၊ အဖြူနဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Leave a Reply