ဖုန္းေလာကတစ္ခုလံုးကို ဂယက္ထသြားေစႏုိင္တဲ့ EU ရဲ႕ ဆံုးျဖတ္ခ်က္

0
1986

Zawgyi Version

သတိေပးတာနဲ႕ မတူပါဘူး။

အီးယူက Google ကို Chrome နဲ႕ Android ရဲ႕ search app ေတြကို ခြဲေပးဖို႕တြန္းအားေပးေနတဲ့အတြက္ေၾကာင့္ Android ရဲ႕အနာဂတ္ဟာ free business model ျဖစ္လာမွာ မဟုတ္ေတာ့ပါဘူး။ Google ကေတာ့ အီးယူရဲ႕ ေဒၚလာ၅ဘီလ်ံ ဒဏ္ေၾကးနဲ႕လည္း ရင္ဆိုင္ေနရပါတယ္။ CEO Sundar Pichai ကေတာ့ Android သံုးစြဲသူတစ္ေယာက္အေနနဲ႕ ပ်မ္းမွ် app ေပါင္း ၅၀ေလာက္ကို သြင္းၾကတယ္လို႕ ေျပာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ preinstall app ေတြကို ဖ်က္ရလြယ္တဲ့အတြက္ေၾကာင့္ပါ။ ဒါေပမယ့္ Google က သူ႕ရဲ႕ကိုယ္ပိုင္ app ေတြနဲ႕ ခြဲခြာရမယ္ဆိုရင္ေတာ့ Android ecosystem ကို ထိခိုက္သြားေစႏုိင္ပါျပီ။

ဖုန္းထုတ္လုပ္သူ၊ network operator အေနနဲ႕ ဖုန္းေတြမွာ app ေတြကို သြင္းခြင့္မရေတာ့ဘူးဆိုရင္ Android ecosystem ရဲ႕ ဟန္ခ်က္ပ်က္သြားမွာပါ။ free Android business model ဟာ အခုလိုေပါင္းစည္းထားမႈအေပၚမွာ မူတည္ေနတာပါ။ အခုလိုလုပ္ေဆာင္ထားတဲ့အတြက္ေၾကာင့္ ဖုန္းထုတ္လုပ္သူေတြကို ကၽြန္ေတာ္တို႕နည္းပညာအသံုးျပဳမႈအတြက္ အခေၾကးေငြေကာက္ခံေနတာမ်ိဳး လုပ္စရာမလိုအပ္ပါဘူး။ ဒါေပမယ့္ သူတို႕ဆံုးျဖတ္ခ်က္အတုိင္း ခြဲေပးလိုက္မယ္ဆုိရင္ေတာ့ Android ရဲ႕ဟန္ခ်က္ပ်က္သြားမွာျဖစ္ျပီးေတာ့ အေတာ္ေလးဂယက္ရိုက္သြားေစႏုိင္တဲ့အေနအထားပါပဲ။

ဟန္ခ်က္ဆိုတာကေတာ့ ဖုန္းထုတ္လုပ္သူမ်ား၊ သံုးစြဲသူမ်ားနဲ႕ European Commission တို႕ကို သတိေပးလိုက္တဲ့အေနအထားပဲ ျဖစ္ပါတယ္။ တကယ္လို႕ ဖုန္းထုတ္လုပ္သူေတြကသာ သူတို႕ရဲ႕ကိုယ္ပိုင္ browser ေတြထည့္သြင္းနုိင္ေတာ့မယ္ဆိုရင္ Google အတြက္လည္း ျပိဳင္ဘက္ေတြအမ်ားၾကီးေပၚထြက္လာမွာပါ။ ဒီေတာ့ သူတို႕စီးပြားေရးကို ထိခိုက္ေစႏုိင္ပါတယ္။ ေၾကာ္ျငာကေနရေနတဲ့ ၀င္ေငြက ၅၀%ေလာက္ရွိေနတာဆိုေတာ့ Google အတြက္ အက်ပ္ရိုက္ေနတာပါ။

Google ကေတာ့ ေျပာင္းလဲမႈေတြလုပ္ေဆာင္သြားႏုိင္တယ္လို႕ သတိေပးထားပါတယ္။ ဒါေၾကာင့္ သူ႕ရဲ႕ Android ကို ဖုန္းထုတ္လုပ္သူေတြအတြက္ လုိင္စင္ခ်ေပးေတာ့မွာလားဆိုတာ စဥ္းစားစရာပါပဲ။ သံုးစြဲသူေတြအေနနဲ႕လည္း Chrome or Google search ကို တန္းျမင္ရေတာ့မွာ မဟုတ္ပါဘူး။ Android ဟာ free မျဖစ္ႏုိင္ေတာ့ပါဘူး။

သင္ဆိုရင္ေရာ ဘယ္လိုျဖစ္ေစခ်င္လဲ။

Unicode Version

သတိပေးတာနဲ့ မတူပါဘူး။
အီးယူက Google ကို Chrome နဲ့ Android ရဲ့ search app တွေကို ခွဲပေးဖို့တွန်းအားပေးနေတဲ့အတွက်ကြောင့် Android ရဲ့အနာဂတ်ဟာ free business model ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ Google ကတော့ အီးယူရဲ့ ဒေါ်လာ၅ဘီလျံ ဒဏ်ကြေးနဲ့လည်း ရင်ဆိုင်နေရပါတယ်။ CEO Sundar Pichai ကတော့ Android သုံးစွဲသူတစ်ယောက်အနေနဲ့ ပျမ်းမျှ app ပေါင်း ၅၀လောက်ကို သွင်းကြတယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ preinstall app တွေကို ဖျက်ရလွယ်တဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် Google က သူ့ရဲ့ကိုယ်ပိုင် app တွေနဲ့ ခွဲခွာရမယ်ဆိုရင်တော့ Android ecosystem ကို ထိခိုက်သွားစေနိုင်ပါပြီ။
ဖုန်းထုတ်လုပ်သူ၊ network operator အနေနဲ့ ဖုန်းတွေမှာ app တွေကို သွင်းခွင့်မရတော့ဘူးဆိုရင် Android ecosystem ရဲ့ ဟန်ချက်ပျက်သွားမှာပါ။ free Android business model ဟာ အခုလိုပေါင်းစည်းထားမှုအပေါ်မှာ မူတည်နေတာပါ။ အခုလိုလုပ်ဆောင်ထားတဲ့အတွက်ကြောင့် ဖုန်းထုတ်လုပ်သူတွေကို ကျွန်တော်တို့နည်းပညာအသုံးပြုမှုအတွက် အခကြေးငွေကောက်ခံနေတာမျိုး လုပ်စရာမလိုအပ်ပါဘူး။ ဒါပေမယ့် သူတို့ဆုံးဖြတ်ချက်အတိုင်း ခွဲပေးလိုက်မယ်ဆိုရင်တော့ Android ရဲ့ဟန်ချက်ပျက်သွားမှာဖြစ်ပြီးတော့ အတော်လေးဂယက်ရိုက်သွားစေနိုင်တဲ့အနေအထားပါပဲ။
ဟန်ချက်ဆိုတာကတော့ ဖုန်းထုတ်လုပ်သူများ၊ သုံးစွဲသူများနဲ့ European Commission တို့ကို သတိပေးလိုက်တဲ့အနေအထားပဲ ဖြစ်ပါတယ်။ တကယ်လို့ ဖုန်းထုတ်လုပ်သူတွေကသာ သူတို့ရဲ့ကိုယ်ပိုင် browser တွေထည့်သွင်းနိုင်တော့မယ်ဆိုရင် Google အတွက်လည်း ပြိုင်ဘက်တွေအများကြီးပေါ်ထွက်လာမှာပါ။ ဒီတော့ သူတို့စီးပွားရေးကို ထိခိုက်စေနိုင်ပါတယ်။ ကြော်ငြာကနေရနေတဲ့ ဝင်ငွေက ၅၀%လောက်ရှိနေတာဆိုတော့ Google အတွက် အကျပ်ရိုက်နေတာပါ။
Google ကတော့ ပြောင်းလဲမှုတွေလုပ်ဆောင်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါကြောင့် သူ့ရဲ့ Android ကို ဖုန်းထုတ်လုပ်သူတွေအတွက် လိုင်စင်ချပေးတော့မှာလားဆိုတာ စဉ်းစားစရာပါပဲ။ သုံးစွဲသူတွေအနေနဲ့လည်း Chrome or Google search ကို တန်းမြင်ရတော့မှာ မဟုတ်ပါဘူး။ Android ဟာ free မဖြစ်နိုင်တော့ပါဘူး။
သင်ဆိုရင်ရော ဘယ်လိုဖြစ်စေချင်လဲ။

Leave a Reply