Mi Max 3 ရဲ႕ဓာတ္ပုံမ်ားကို ထုတ္ေဖာ္ျပသလိုက္ၿပီ

0
1430

ဒီေန႔မွာေတာ့ Xiaomi တည္ေထာင္သူဟာ  Mi Max 3 ရဲ႕ဓာတ္ပုံမ်ားကို ထုတ္ေဖာ္ျပသလိုက္ၿပီ ျဖစ္ပါတယ္။ တရားဝင္ထြက္ရွိလာတဲ့ ဓာတ္ပုံေတြမွာေတာ့ Mi Max 3 ရဲ႕ဒီဇုိင္းပိုင္းကို အေသးစိတ္ျမင္ရၿပီ ျဖစ္ပါတယ္။ ဖုန္းရဲ႕အေရွ႕ဘက္ျခမ္းမွာ  6.9-inch IPS display နဲ႔အတူ ေဘးေဘာင္ေတြက က်ဥ္းေျမာင္းလြန္းလွပါတယ္။ Mi Max 3 ကိုေရႊ၊အျပာနဲ႔ အနက္ေရာင္ေတြ ထုတ္လုပ္လာမွာပါ။ Xiaomi Mi MAX 3 ဟာ ထိပ္ဘက္မွာ Notch ပါဝင္လာမွာ မဟုတ္ေတာ့ပဲ full-View အျပည့္နဲ႔သာ ျဖစ္လာမွာပါ။

Mi Max 3 မွာပါဝင္မယ့္ အခ်က္အလက္ေတြမွာေတာ့ မ်က္ႏွာျပင္ 6.99 လက္မ 18:9 အခ်ိဳးနဲ႔ full view display သုံးထားမွာျဖစ္ၿပီး ၊စြမ္းအားပိုင္းမွာေတာ့ Snapdragon 636 SoC ကိုထည့္သြင္းထားပါတယ္။ ကင္မရာပိုင္းအတြက္ ေနာက္ေက်ာဘက္မွာ 20MP ( Sony IMX363) + 5MP သုံးလာမယ္လို႔ သိရပါတယ္။

Android 8.1 Oreo အေျချပဳ MIUI 10 ကိုတပါတည္း သုံးႏုိင္မွာျဖစ္ၿပီး RAM 4GB နဲ႔သိုေလွာင္မႈပိုင္းမွာ 64GB ျဖစ္ႏုိင္ၿပီး၊ RAM6GB+128GB ဗားရွင္းႏွင့္လည္း ထုတ္လုပ္လာမွာ ျဖစ္ေၾကာင္း သိရပါတယ္။ ဘက္ထရီကိုေတာ့ 5,500mAh နဲ႔ျဖစ္ၿပီး Quick Charge 3.0 ေထာက္ပံ့မႈပါဝင္လာမွာပါ။

Max 3 Pro ဗားရွင္းလည္း ထြက္လာဖို႔ရွိေနၿပီး သူ႕မွာ Snapdragon 710 (octa-core up to 2.2 GHz) နဲ႔ 6GB  RAM ပါဝင္ၿပီး အခ်က္အလက္သိုေလွာင္ႏုိင္စြမ္းအတြက္ 128GB storage အထိေပးထားပါတယ္။ သူ႕ရဲ႕ပါဝါစြမ္းအားဟာ AI engine ပါဝင္တဲ့ Snapdragon 660 ရဲ႕လုပ္ေဆာင္ခ်က္ ထက္ ၂ဆ ပိုေကာင္းလာမယ္လို႔ ဆိုပါတယ္။ဘက္ထရီစြမ္းအား၊မ်က္ႏွာျပင္ပိုင္းနဲ႔ ကင္မရာပိုင္းမွာေတာ့  Mi MAX 3 ထက္ပို ေကာင္း မယ္လို႔ ဆိုပါတယ္။ Mi Max 3 ေစ်းႏႈန္းကေတာ့ 64GB ဗားရွင္းကို £200/US$265 နဲ႔ 128GB ဗားရွင္းကို  £235/$315 ျဖစ္ႏုိင္ေျခရွိပါတယ္။

Unicode

ဒီနေ့မှာတော့ Xiaomi တည်ထောင်သူဟာ  Mi Max 3 ရဲ့ဓာတ်ပုံများကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါတယ်။ တရားဝင်ထွက်ရှိလာတဲ့ ဓာတ်ပုံတွေမှာတော့ Mi Max 3 ရဲ့ဒီဇိုင်းပိုင်းကို အသေးစိတ်မြင်ရပြီ ဖြစ်ပါတယ်။ ဖုန်းရဲ့အရှေ့ဘက်ခြမ်းမှာ  6.9-inch IPS display နဲ့အတူ ဘေးဘောင်တွေက ကျဉ်းမြောင်းလွန်းလှပါတယ်။ Mi Max 3 ကိုရွှေ၊အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်လာမှာပါ။ Xiaomi Mi MAX 3 ဟာ ထိပ်ဘက်မှာ Notch ပါဝင်လာမှာ မဟုတ်တော့ပဲ full-View အပြည့်နဲ့သာ ဖြစ်လာမှာပါ။

Mi Max 3 မှာပါဝင်မယ့် အချက်အလက်တွေမှာတော့ မျက်နှာပြင် 6.99 လက်မ 18:9 အချိုးနဲ့ full view display သုံးထားမှာဖြစ်ပြီး ၊စွမ်းအားပိုင်းမှာတော့ Snapdragon 636 SoC ကိုထည့်သွင်းထားပါတယ်။ ကင်မရာပိုင်းအတွက် နောက်ကျောဘက်မှာ 20MP ( Sony IMX363) + 5MP သုံးလာမယ်လို့ သိရပါတယ်။ Android 8.1 Oreo အခြေပြု MIUI 10 ကိုတပါတည်း သုံးနိုင်မှာဖြစ်ပြီး RAM 4GB နဲ့သိုလှောင်မှုပိုင်းမှာ 64GB ဖြစ်နိုင်ပြီး၊ RAM6GB+128GB ဗားရှင်းနှင့်လည်း ထုတ်လုပ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဘက်ထရီကိုတော့ 5,500mAh နဲ့ဖြစ်ပြီး Quick Charge 3.0 ထောက်ပံ့မှုပါဝင်လာမှာပါ။

Max 3 Pro ဗားရှင်းလည်း ထွက်လာဖို့ရှိနေပြီး သူ့မှာ Snapdragon 710 (octa-core up to 2.2 GHz) နဲ့ 6GB  RAM ပါဝင်ပြီး အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 128GB storage အထိပေးထားပါတယ်။ သူ့ရဲ့ပါဝါစွမ်းအားဟာ AI engine ပါဝင်တဲ့ Snapdragon 660 ရဲ့လုပ်ဆောင်ချက် ထက် ၂ဆ ပိုကောင်းလာမယ်လို့ ဆိုပါတယ်။ဘက်ထရီစွမ်းအား၊မျက်နှာပြင်ပိုင်းနဲ့ ကင်မရာပိုင်းမှာတော့  Mi MAX 3 ထက်ပို ကောင်း မယ်လို့ ဆိုပါတယ်။ Mi Max 3 ဈေးနှုန်းကတော့ 64GB ဗားရှင်းကို £200/US$265 နဲ့ 128GB ဗားရှင်းကို  £235/$315 ဖြစ်နိုင်ခြေရှိပါတယ်။

Leave a Reply