Nokia X5 ကို မနက်ဖြန် တရားဝင်မိတ်ဆက်ပြီ

0
1092




unicode

HMD Global အနေနဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ Nokia X5/5.1 Plus ကို မိတ်ဆက်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ HMD Global ဟာအဲ့ဒီနေ့မှာ Nokia X5 ကို မိတ်ဆက်ခဲ့ခြင်း မရှိပါဘူး။  HMD Global ဟာ Nokia X5 ကို ဇူလိုင်လ ၁၁ ရက်နေ့မှာ မိတ်ဆက်ဖို့ စီစဉ်ထားပေမယ့် တကယ်တမ်းမှာတော့ နေရာအခက်အခဲကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။ အခုတော့ X5 ဖုန်းကို ယခုလ၁၈ရက်နေ့(မနက်ဖြန်)မှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ တရားဝင် Weibo အကောင့်ကနေ ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သူ့မှာ  Notch  ဒီဇိုင်းလဲပါဝင်ပြီး ဒီဖုန်းဟာ တရုတ်နိုင်ငံဈေးကွက်ကို ဝင်ရောက် လာမယ့် X-series ဖုန်းတွေရဲ့ ဒုတိယမြောက်ဖုန်းဖြစ်ပါတယ်။ Nokia X5 (သို့) 5.1 Plus ဟာ mid-range ဖုန်းအမျိုးအစားဖြစ်ပြီး သူ့မှာ  5.86-inch screen နဲ့အတူ  HD + ပုံရိပ်ဖော်ပြနိုင်စွမ်းနဲ့ ဖြစ်ပါတယ်။ Qualcomm ရဲ့ပရိုဆက်ဆာကို သုံးလာမှာမဟုတ်ဘဲ MediaTek ကိုသာသုံးလာမှာပါ။

Helio P23 ဟာ  16nm FinFET+ လုပ်ငန်းစဉ်နဲ့ eight cores chip ဖြစ်ပါတယ်။ 3GB RAM ၊ 32GB model  နဲ့ 4 (သို့) 6GB RAM ၊ 64GB version ထွက်လာမှာပါ။ ဘက်ထရီစွမ်းအားပိုင်းအတွက် 3,000 mAh နဲ့လာမှာဖြစ်ပြီး ကင်မရာပိုင်းမှာတော့ 13 MP + 5 MP ကင်မရာနဲ့အတူ အရှေ့ဘက်မှာ 8MP တပ်ဆင်ပေးထားပါတယ်။ Android 8.1 Oreo နဲ့လာမှာဖြစ်ပါတယ်။ ဈေးနှုန်း ဒေါ်လာ 150အောက်ဝန်းကျင် နဲ့စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Leave a Reply