Zawgyi version
Samsung Galaxy S9+ ဘာလို႔ Unlocked Android phone ေတြထဲမွာ အေကာင္းဆံုးျဖစ္ေနရတာလဲ
Samsung Galaxy S9+ က သူ႔ရဲ႕ ေရွ႕မွာထြက္ရွိခဲ့တဲ့ Samsung ဖုန္းေတြနဲ႔ အရမ္းၾကီး ထူးျခားမသြားေပမဲ့လဲ သူက Samsung ရဲ႕ ေရာင္းအား အေကာင္းဆံုးဖုန္းျဖစ္ေနပါတယ္။ သူရဲ႕ ဒီဇုိင္းက metal နဲ႔ glass ကိုေပါင္းစပ္ထားျပီးေတာ့ အေရာင္ကလဲ ၃ ေရာင္ထုတ္ထားပါတယ္။
သူက ေဘာင္းေဘာင္က်ဥ္းျပီး ေဘာင္အေကြးဒီဇုိင္းနဲ႔ လွလွပပနဲ႔ သပ္သပ္ရပ္ရပ္ထုတ္ထားပါတယ္။ သူက ေနာက္ဆံုုးေပၚ app or task ေတြကို handle လုပ္နိုင္ပါတယ္။ သူက ေရစိုခံတယ္၊ ၾကိဳးမဲ့အားသြင္း စနစ္ ပါတယ္၊ SD card slot ပါတယ္၊ dual speaker ရယ္ headphone jack ရယ္ပါတယ္။ ကင္မရာပို္င္းကို ေျပာရမယ္ဆိုရင္ sensor ေတြနဲ႕ေတာ္ေတာ္ ေကာင္းမြန္ ပါတယ္။
သူက dual-aperture lens ျဖစ္တဲ့အတြက္ေၾကာင့္ ရိုက္ခ်က္ တိုင္းဟာ lightining ျပည့္စံုေနျပီးေတာ့ စိတ္ေက်နပ္စရာပဲျဖစ္ေနမွာပါ။ zoom နဲ႔ portrait mode အတြက္ secondary telephoto lens ကို အသံုးျပဳနုိင္ပါတယ္။ ကင္မရာဘုရင္ေတြထဲမွာ ပါတဲ့ Pixel 2 XL ေလာက္ေတာ့ မေကာင္းေပမဲ့ သူလဲ သူ႔စြမ္းေဆာင္ရည္နဲ႔သူ ေတာ္ေတာ္ေလးမိုက္ပါတယ္။
သူ႔ကို ၀ယ္သင့္လားဆိုတာ ေလ့လာၾကည့္ရေအာင္
Samsung Galaxy S9+ ကို 2018 မတ္လရဲ႕ ပထမဦးဆံုးအပတ္မွာ မိတ္ဆက္ခဲ့တာပဲ ျဖစ္ပါတယ္။ သူက Samsung ရဲ႕ လက္ရွိထြက္ေနတဲ့ ထဲမွာ ေနာက္ဆံုးနဲ႔ အေကာင္းဆံုးပါပဲ။ Galaxy Note 9 ကိုေတာ့ 2018 ေအာက္တိုဘာမွာ ထြက္ရွိမွာပါ။
သူရဲ႕ အားသာခ်က္ေလးေတြ
- သူရဲ႕ ေျပာင္ေျမာင္ျပီး ေသသပ္လွပတဲ့ဒီဇုိင္းနဲ႔ ေရြးခ်ယ္စရာ အေရာင္ေတြ
- ထိပ္မွာ notch ဒီဇိုင္းလုပ္ေပးထားတယ္၊ ေရစိုခံတယ္၊ ၾကိဳးမဲ့အားသြင္းစနစ္ပါတယ္။
- Storage က 256GB ထိပါ၀င္ျပီးေတာ့ SD card slot လဲပါတယ္။
- ကင္မရာ ၂ လံုးပါတဲ့အတြက္ေၾကာင့္ ဓာတ္ပံုအလန္းစားေတြ ရိုက္နုိင္တယ္။
- Dual speaker ရယ္ headphone jack ရယ္ပါမယ္။
- Latest software ေတြစိတ္ၾကိဳက္ထည့္သံုးနုိင္တယ္။
- Display ကလဲ အမိုက္စား
သူရဲ႕ အားနည္းခ်က္ေလးေတြ
သိပ္မလိုအပ္တဲ့ app နဲ႔ feature ေတြမ်ားေနတယ္
ေဘးေဘာင္အခံုးဆိုေတာ့ သံုးရတာေတာ့ နဲနဲ အဆင္မေျပျဖစ္နုိင္ပါတယ္။
ကင္မရာဘုရင္လို႔ ေျပာရမဲ့ Google Pixel 2 XL
တစ္ကယ္လို႔မင္းက Galaxy S9+ ရဲ႕ software ေတြက မ်ားျပားေနတယ္လို႔ ထင္ရင္ေတာ့ Google Pixel 2 XL ကိုေျပာင္းသံုးၾကည့္ပါ။
Google ရဲ႕ Android က ရိုးရွင္းတယ္၊ ျမန္တယ္၊ သံုးရလြယ္ကူျပီးေတာ့ အဆင္ေျပေစတယ္။ Google service နဲ႔ app ေတြကိုေတာ့ စိတ္ၾကိဳက္အသံုးျပဳနုိင္မွာ ျဖစ္ပါတယ္။ သူက ရိုးရိုးရွင္းရွင္းပဲ ဆုိေတာ့ S9+ လိုမ်ိဳး မ်က္နွာျပင္က ေဘးေဘာင္အခံုးေတြဘာေတြေတာ့ မဟုတ္ပါဘူး။ ပံုမွန္ဖုန္းတစ္လံုးရဲ႕ မ်က္နွာျပင္လိုပါပဲ။ ျပီးေတာ့ headphone jack လဲမပါပါဘူး။
Google ရဲ႕ flagship ျဖစ္တဲ့အတြက္ေၾကာင့္ software ေတြရဲ႕ အကူအညီနဲ႔ ကင္မရာကေတာ့ သူမ်ားနဲ႔ တူမွာမဟုတ္ပါဘူး။ ဒါ့အျပင္ သူက software update ေတြကို ၃ နွစ္ထိ support ေပးထားပါတယ္။ Android ဖုန္းေတြထဲမွာေတာ့ Google က ေတာ္ေတ္ာေလးေကာင္းတဲ့ ဖုန္းတစ္လံုးပါ။ ထိပ္မွာ notch ပါျပီးေတာ့ ကင္မရာရဲ႕စြမ္းေဆာင္မွုကလဲ ေတာ္ေတာ္ျမင့္မားပါတယ္။
OnePlus 6
OnePlus ရဲ႕ ေနာက္ဆံုးထြက္ ျဖစ္တဲ့ OnePlus 6 ကလဲ ေနာက္ဆံုးထြက္ software ေတြကို စိတ္ၾကိဳက္ထည့္သြင္းအသံုးျပဳနုိင္ပါတယ္။ သူကလဲ metal နဲ႔ glass ကိုေပါင္းစပ္ထာေပမဲ့ Galaxy S9+ နဲ႔ေတာ့ မတူပါဘူး။
One Plus6 ကေတာ့ One Plus ရဲ႕ ေနာက္ဆံုးထြက္ ထဲမွာ အေကာင္းဆံုး လို႔ ေျပာရပါမယ္။ သူက ကင္မရာပိုင္းမွာလဲ ပိုေကာင္းမြန္လာၿပီးေတာ့ ဒီဇိုင္းပိုင္းမွာလဲ ေတာ္ေတာ္သြက္လာပါတယ္။ သူက ေစ်းႏႈန္းသင့္တင့္ၿပီး performance ေတြကလဲ ေတာ္တာ္ေလးေကာင္းမြန္ပါတယ္။
ကင္မရာေကာင္းမြန္လွတဲ့ Huawei P20 Pro
Huawei ကေတာ့ သူ႔ ရဲ႕ P20 Pro နဲ႔နာမည္ျပန္လည္ရယူထားပါတယ္။ အံ့ျသေလာက္တဲ့ ကင္မရာ ၃ လံုးစပ္အတြဲနဲ႔ ထြက္႐ွိလာၿပီး သူကေတာ့ ဓာတ္ပံုေတြအတြက္ အေကာင္းဆံုးလို႔ေတာင္ ေျပာရပါမယ္။ main sensor က 40MP ႐ွိၿပီးေတာ့ 8MP telephoto ကင္မရာနဲ႔ 20MP monochrome sensor ေၾကာင့္ သင့္ရဲ႕ ႐ိုက္ခ်က္တိုင္းဟာေတာ့ အေကာင္းဆံုးေတြပဲ ျဖစ္ေနမွာပါ။
သူ႔ရဲ႕ ဒီဇိုင္းကလဲ လွပၿပီးေတာ့ ေနာက္ေက်ာဘက္မွာလဲ ကာလာအတြဲစပ္ေလးနဲ႔ဆိုေတာ့ သူမ်ားနဲ႔ မတူပဲ ထူျခားလွပေနပါတယ္။ သူ႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြကလဲ အမိုက္စားေတြပါပဲ။ သူ႕ရဲ႕အားသာခ်က္ေလးက သူမ်ားနဲ႔ မတူဘဲ ဖုန္းေနာက္ေက်ာဘက္မွာ ကင္မရာ ၃လံုးတပ္ဆင္ထားပါတယ္။ သူက Huawei Mate 10 Pro နဲ႔ တူၿပီးေတာ့ ဘက္ထရီကလဲ 4000mAh ပါ႐ွိတဲ့အတြက္ေၾကာင့္ ၂ ရက္နီးပါးထိအသံုးျပဳႏိုင္ပါတယ္။
အားလံုကို ျခံဳေျပာရမယ္ဆိုရင္ Android ေတြထဲကမွ ေရြးခ်ယ္ခ်င္တယ္ဆိုရင္ေတာ့ feature လဲစံုျပီး အသံုးမ်ားတာကေတာ့ Samsung Galaxy S9+ ျဖစ္ျပီး သူကို ေနရာအနွံမွာ ၀ယ္ယူရရွိနုိင္ပါတယ္။ Google ရဲ႕ feature ေတြရနုိင္တဲ့ Google Pixel 2XL ကေတာ့ Samsung ေလာက္ retailer မမ်ားဘူးဆိုေတာ့ တစ္ခ်ိဳ႕ေနရာေတြမွာ ၀ယ္ဖို႔ အခက္ေတြ႔နုိင္ပါတယ္။ သူတို႔ထက္ ေစ်းခ်ိဳတာေရြးခ်ယ္မယ္ဆို ရင္ေတာ့ ခုလတ္တေလာထြက္ရွိထားတဲ့ OnePlus 6 ကို ေရြးခ်ယ္နုိ္င္ပါတယ္။ ကင္မရာကို အဓိကထား ဦးစားေပးေရြးမယ္ဆုိရင္ေတာ့ Huawei P20 Pro ကို ေရြးခ်ယ္နုိင္ပါတယ္။
Unicode version
Best Unlocked Android Phones of 2018
Samsung Galaxy S9+ ဘာလို့ Unlocked Android phone တွေထဲမှာ အကောင်းဆုံးဖြစ်နေရတာလဲ
Samsung Galaxy S9+ က သူ့ရဲ့ ရှေ့မှာထွက်ရှိခဲ့တဲ့ Samsung ဖုန်းတွေနဲ့ အရမ်းကြီး ထူးခြားမသွားပေမဲ့လဲ သူက Samsung ရဲ့ ရောင်းအား အကောင်းဆုံးဖုန်းဖြစ်နေပါတယ်။ သူရဲ့ ဒီဇိုင်းက metal နဲ့ glass ကိုပေါင်းစပ်ထားပြီးတော့ အရောင်ကလဲ ၃ ရောင်ထုတ်ထားပါတယ်။
သူက ဘောင်းဘောင်ကျဉ်းပြီး ဘောင်အကွေးဒီဇိုင်းနဲ့ လှလှပပနဲ့ သပ်သပ်ရပ်ရပ်ထုတ်ထားပါတယ်။ သူက နောက်ဆုံးပေါ် app or task တွေကို handle လုပ်နိုင်ပါတယ်။ သူက ရေစိုခံတယ်၊ ကြိုးမဲ့အားသွင်း စနစ် ပါတယ်၊ SD card slot ပါတယ်၊ dual speaker ရယ် headphone jack ရယ်ပါတယ်။ ကင်မရာပိုင်းကို ပြောရမယ်ဆိုရင် sensor တွေနဲ့တော်တော် ကောင်းမွန် ပါတယ်။
သူက dual-aperture lens ဖြစ်တဲ့အတွက်ကြောင့် ရိုက်ချက် တိုင်းဟာ lightining ပြည့်စုံနေပြီးတော့ စိတ်ကျေနပ်စရာပဲဖြစ်နေမှာပါ။ zoom နဲ့ portrait mode အတွက် secondary telephoto lens ကို အသုံးပြုနိုင်ပါတယ်။ ကင်မရာဘုရင်တွေထဲမှာ ပါတဲ့ Pixel 2 XL လောက်တော့ မကောင်းပေမဲ့ သူလဲ သူ့စွမ်းဆောင်ရည်နဲ့သူ တော်တော်လေးမိုက်ပါတယ်။
သူ့ကို ဝယ်သင့်လားဆိုတာ လေ့လာကြည့်ရအောင်
Samsung Galaxy S9+ ကို 2018 မတ်လရဲ့ ပထမဦးဆုံးအပတ်မှာ မိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူက Samsung ရဲ့ လက်ရှိထွက်နေတဲ့ ထဲမှာ နောက်ဆုံးနဲ့ အကောင်းဆုံးပါပဲ။ Galaxy Note 9 ကိုတော့ 2018 အောက်တိုဘာမှာ ထွက်ရှိမှာပါ။
သူရဲ့ အားသာချက်လေးတွေ
• သူရဲ့ ပြောင်မြောင်ပြီး သေသပ်လှပတဲ့ဒီဇိုင်းနဲ့ ရွေးချယ်စရာ အရောင်တွေ
• ထိပ်မှာ notch ဒီဇိုင်းလုပ်ပေးထားတယ်၊ ရေစိုခံတယ်၊ ကြိုးမဲ့အားသွင်းစနစ်ပါတယ်။
• Storage က 256GB ထိပါဝင်ပြီးတော့ SD card slot လဲပါတယ်။
• ကင်မရာ ၂ လုံးပါတဲ့အတွက်ကြောင့် ဓာတ်ပုံအလန်းစားတွေ ရိုက်နိုင်တယ်။
• Dual speaker ရယ် headphone jack ရယ်ပါမယ်။
• Latest software တွေစိတ်ကြိုက်ထည့်သုံးနိုင်တယ်။
• Display ကလဲ အမိုက်စား
သူရဲ့ အားနည်းချက်လေးတွေ
သိပ်မလိုအပ်တဲ့ app နဲ့ feature တွေများနေတယ်
ဘေးဘောင်အခုံးဆိုတော့ သုံးရတာတော့ နဲနဲ အဆင်မပြေဖြစ်နိုင်ပါတယ်။
ကင်မရာဘုရင်လို့ ပြောရမဲ့ Google Pixel 2 XL
တစ်ကယ်လို့မင်းက Galaxy S9+ ရဲ့ software တွေက များပြားနေတယ်လို့ ထင်ရင်တော့ Google Pixel 2 XL ကိုပြောင်းသုံးကြည့်ပါ။
Google ရဲ့ Android က ရိုးရှင်းတယ်၊ မြန်တယ်၊ သုံးရလွယ်ကူပြီးတော့ အဆင်ပြေစေတယ်။ Google service နဲ့ app တွေကိုတော့ စိတ်ကြိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သူက ရိုးရိုးရှင်းရှင်းပဲ ဆိုတော့ S9+ လိုမျိုး မျက်နှာပြင်က ဘေးဘောင်အခုံးတွေဘာတွေတော့ မဟုတ်ပါဘူး။ ပုံမှန်ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်လိုပါပဲ။ ပြီးတော့ headphone jack လဲမပါပါဘူး။
Google ရဲ့ flagship ဖြစ်တဲ့အတွက်ကြောင့် software တွေရဲ့ အကူအညီနဲ့ ကင်မရာကတော့ သူများနဲ့ တူမှာမဟုတ်ပါဘူး။ ဒါ့အပြင် သူက software update တွေကို ၃ နှစ်ထိ support ပေးထားပါတယ်။
Android ဖုန်းတွေထဲမှာတော့ Google က တော်တေ်ာလေးကောင်းတဲ့ ဖုန်းတစ်လုံးပါ။ ထိပ်မှာ notch ပါပြီးတော့ ကင်မရာရဲ့စွမ်းဆောင်မှုကလဲ တော်တော်မြင့်မားပါတယ်။
OnePlus 6
OnePlus ရဲ့ နောက်ဆုံးထွက် ဖြစ်တဲ့ OnePlus 6 ကလဲ နောက်ဆုံးထွက် software တွေကို စိတ်ကြိုက်ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ သူကလဲ metal နဲ့ glass ကိုပေါင်းစပ်ထာပေမဲ့ Galaxy S9+ နဲ့တော့ မတူပါဘူး။
One Plus 6 ကတော့ One Plus ရဲ့ နောက်ဆုံးထွက် ထဲမှာ အကောင်းဆုံး လို့ ပြောရပါမယ်။ သူက ကင်မရာပိုင်းမှာလဲ ပိုကောင်းမွန်လာပြီးတော့ ဒီဇိုင်းပိုင်းမှာလဲ တော်တော်သွက်လာပါတယ်။ သူက ဈေးနှုန်းသင့်တင့်ပြီး performance တွေကလဲ တော်တာ်လေးကောင်းမွန်ပါတယ်။
ကင်မရာကောင်းမွန်လှတဲ့ Huawei P20 Pro
Huawei ကတော့ သူ့ ရဲ့ P20 Pro နဲ့နာမည်ပြန်လည်ရယူထားပါတယ်။ အံ့သြလောက်တဲ့ ကင်မရာ ၃ လုံးစပ်အတွဲနဲ့ ထွက်ရှိလာပြီး သူကတော့ ဓာတ်ပုံတွေအတွက် အကောင်းဆုံးလို့တောင် ပြောရပါမယ်။ main sensor က 40MP ရှိပြီးတော့ 8MP telephoto ကင်မရာနဲ့ 20MP monochrome sensor ကြောင့် သင့်ရဲ့ ရိုက်ချက်တိုင်းဟာတော့ အကောင်းဆုံးတွေပဲ ဖြစ်နေမှာပါ။
သူ့ရဲ့ ဒီဇိုင်းကလဲ လှပပြီးတော့ နောက်ကျောဘက်မှာလဲ ကာလာအတွဲစပ်လေးနဲ့ဆိုတော့ သူများနဲ့ မတူပဲ ထူခြားလှပနေပါတယ်။
သူ့ရဲ့ လုပ်ဆောင်ချက်တွေကလဲ အမိုက်စားတွေပါပဲ။
သူ့ရဲ့အားသာချက်လေးက သူများနဲ့ မတူဘဲ ဖုန်းနောက်ကျောဘက်မှာ ကင်မရာ ၃လုံးတပ်ဆင်ထားပါတယ်။ သူက Huawei Mate 10 Pro နဲ့ တူပြီးတော့ ဘက်ထရီကလဲ 4000mAh ပါရှိတဲ့အတွက်ကြောင့် ၂ ရက်နီးပါးထိအသုံးပြုနိုင်ပါတယ်။
အားလုံကို ခြုံပြောရမယ်ဆိုရင် Android တွေထဲကမှ ရွေးချယ်ချင်တယ်ဆိုရင်တော့ feature လဲစုံပြီး အသုံးများတာကတော့ Samsung Galaxy S9+ ဖြစ်ပြီး သူကို နေရာအနှံမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Google ရဲ့ feature တွေရနိုင်တဲ့ Google Pixel 2XL ကတော့ Samsung လောက် retailer မများဘူးဆိုတော့ တစ်ချို့နေရာတွေမှာ ဝယ်ဖို့ အခက်တွေ့နိုင်ပါတယ်။ သူတို့ထက် ဈေးချိုတာရွေးချယ်မယ်ဆို ရင်တော့ ခုလတ်တလောထွက်ရှိထားတဲ့ OnePlus 6 ကို ရွေးချယ်နိုင်ပါတယ်။ ကင်မရာကို အဓိကထား ဦးစားပေးရွေးမယ်ဆိုရင်တော့ Huawei P20 Pro ကို ရွေးချယ်နိုင်ပါတယ်။