Smartphone Trending
ဈေးကွက်အတွင်းမှာ ဖုန်းမော်ဒယ် အသစ် နှစ်မျိုးဖြစ်သည့် ZenFone 5 နှင့် ZenFone Max Pro တို့ကို စိတ်ဝင်စားလျက်ရှိ
Zawgyi Version
Image result for ZenFone Max Pro
Unicode Version
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ က ASUS မှ မိတ်ဆက်ပေးသွားခဲ့တဲ့ Zenfone 5 နဲ့ Zenfone Max Pro ဖုန်းအမျိုးအစားသစ် ၂ မျိုးကို ရန်ကုန်ဈေးကွက်မှာ စိတ်ဝင်စားလူကြိုက်များလျက် ရှိတယ် လို့ သိရပါတယ်။
အဲဒီ ဖုန်း နှစ်မျိုး စလုံးဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး AI Feature တွေ အသုံးပြု ဖန်တီးထားတဲ့ စမတ်ဖုန်း မော်ဒယ်သစ် နှစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။ စမတ်ဖုန်း မော်ဒယ် နှစ်မျိုးလုံးမှာ လှပ သေသပ်တဲ့ဒီဇိုင်း၊ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Snapdragon 636 Processor နဲ့ အသိဉာဏ်မြင့် ကင်မရာတွေ ထည့်သွင်း ဖန်တီးပေးထားပါတယ်။
ZenFone 5 မှာ 3300 mAh ဘက်ထရီနဲ့ ZenFone Max Pro မှာတော့ 5000 mAh ဘက်ထရီ ပါဝင်ပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ Dual Sim slot နဲ့ SD card Slot ပါဝင်နေပြီး ZenFone Max Pro မှာဆိုရင် 4G + 4G support ပေးနိုင်တာကိုလည်း တွေ့ရပါတယ်။ Android Oreo 8.0 နဲ့ 8.1 ကို အသုံးပြုထားကာ ZenFone 5 က 19:9 screen ratio ရှိတဲ့ 6.2 လက်မ မျက်နှာပြင်၊ ZenFone Max Pro က Fullview HD+ Display ပါဝင်တဲ့ 6 လက်မ မျက်နှာပြင် အသီးသီး ရှိနေပါတယ်။
ZenFone 5 RAM 4 GB/ROM 64 GB version ကို 399,000 ကျပ်တည်း နဲ့ ဝယ်ယူရရှိနိုင်ပြီး ZenFone Max Pro RAM 3/4/6 GB ROM 32/64 GB Version အသီးသီးကို 219,000, 279,000, 319,000 ကျပ် စတဲ့ဈေးနှုန်းတွေနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Flash Sales အနေနဲ့ Shop.com.mm နဲ့ ပူးပေါင်း ရောင်းချခဲ့တဲ့ အစီအစဉ် မှာတော့ အွန်လိုင်းကနေ မှာယူတဲ့ လူဦးရေ အများအပြား ရှိလာခဲ့ပြီး ဈေးနှုန်းသက်သာတဲ့ စွမ်းရည်မြင့် Mid-Range ဖုန်းတွေထဲမှာတော့ လူစိတ်ဝင်စားမှု များပြားတဲ့ ဖုန်း ၂ လုံး ဖြစ်တယ် လို့ ရန်ကုန်ဈေးကွက်အတွင်း ရှိ မိုဘိုင်းဖုန်းဆိုင်များ မှ ပြောပြပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.