စက္ခ်ိဳ႕ယြင္းမႈ အမ်ားဆံုးျဖစ္ေနတဲ့ဖုန္းေမာ္ဒယ္လ္မ်ားထဲမွာ သင့္ဖုန္းပါေနျပီလား

0
1959

Zawgyi Version

ဖုန္းျပဳျပင္ဆိုင္ေတြကို စာရင္းေကာက္ထားျပီးေတာ့ ခ်ိဳ႕ယြင္းမႈအမ်ားဆံုးျဖစ္တဲ့ဖုန္းေတြကို ထုတ္ေဖာ္ထားတဲ့ အစီရင္ခံစာေလးတစ္ေစာင္ ထြက္ရွိလာခဲ့ပါတယ္။ Q4 2017 အတြက္ Mobile Device Repair and Security Report ဆိုတာထဲမွာ Xiaomi Redmi 4 ကေတာ့ အဆိုးရြားဆံုး Android ဖုန္းတစ္လံုးျဖစ္ေနပါတယ္။
Redmi Y1 ကေတာ့ ထိပ္တန္းဆယ္လံုးထဲမွာပါ၀င္ေနပါတယ္။ နံပါတ္အရေတာ့ ၈ ေနရာယူထားပါတယ္။ Samsung ကလည္း ထိပ္တန္းဆယ္လံုးထဲမွာ ပါ၀င္ေနျပီးေတာ့ Galaxy S7, Galaxy S8 Plus နဲ႕ Galaxy S7 Active တုိ႕ပါ၀င္ထားပါတယ္။ အျခားေမာ္ဒယ္လ္ေတြအျဖစ္နဲ႕ Nokia 6, Moto G5S Plus တို႕ကေတာ့ Lenovo K8 Note ထိပ္တန္းဆယ္လံုးမွာ ေနရာယူထားပါတယ္။
Samsung ကလည္း ၃၄%နဲ႕ အဆိုးရြားဆံုး brand အျဖစ္နဲ႕ေနရာယူထားပါတယ္။ Xiaomi ကေတာ့ ၁၃%၊ Motorola က ၉%၊ LG က ၇% ျဖစ္ပါတယ္။
Samsung နဲ႕ Xiaomi တုိ႕ဟာ လူၾကိဳက္မ်ားတဲ့ brand ေတြျဖစ္ျပီးေတာ့ သူတို႕ရဲ႕ေမာ္ဒယ္လ္ေတြကို ထိပ္တန္းဆယ္လံုးထဲမွာ ေတြ႕ျမင္ရမယ္လို႕ မွန္းထားနုိင္ပါတယ္။ ဒါေပမယ့္ Huawei ကေတာ့ brand ပိုင္းအရ ၈ ေနရာကို ယူထားပါတယ္။ ဖုန္းေမာ္ဒယ္လ္အရေတာ့ ထိပ္တန္းဆယ္ခုထဲမွာ ပါမေနပါဘူး။

A chart showing failure rates for phones.
platform အရ ျပင္ဆင္ရမႈႏႈန္း
iOS ပုိင္းအရေျပာရမယ္ဆုိရင္ေတာ့ iPhone 6 က အဆိုးဆံုးေမာ္ဒယ္လ္ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ iPhone 6s နဲ႕ 6s Plus တို႕ လိုက္ေနပါတယ္။
iOS ရဲ႕ ႏႈန္းထားေတြက Android ရဲ႕ႏႈန္းထက္ ပိုမိုျမင့္မားေနတာကိုေတြ႕ရပါတယ္။ iPhone 6 က ၂၆%ျဖစ္ပါတယ္။ ဘာေၾကာင့္ျမင့္မားေနရသလဲဆိုတာေတာ့ မသိရေသးေပမယ့္လည္း iPhone 6 က သက္တမ္းကုန္ေနျပီလို႕ေျပာႏုိင္ပါတယ္။ ၂၀၁၄ခုႏွစ္တည္းက ထုတ္ထားတာမလား။ iPhone အေဟာင္းေတြက ဘတ္ဂ်က္ေရြးမယ့္သူေတြအတြက္ပဲ ထုတ္လုပ္ေရာင္းခ်လို႕အဆင္ေျပေတာ့မွာပါ။ ဒီေတာ့ တစ္ပတ္ရစ္ေစ်းကြက္မွာ ေရာင္းအားေတြ ရွိေနတုန္းဆိုတာ ျပသေနသလိုပါပဲ။
Android ပိုင္းကိုၾကည့္လုိက္မယ္ဆုိရင္ နံပါတ္တစ္က performance ျဖစ္ျပီး ေနာက္ပိုင္းမွာ ကင္မရာနဲ႕ microphone ေတြ ျဖစ္ပါတယ္။ iOS သမားေတြကေတာ့ Bluetooth ၊ Wi-Fi က နံပါတ္တစ္ျဖစ္ေနာတာကို ေတြ႕ရပါတယ္။
iOS သမားေတြအတြက္ Performance က ထိပ္တန္းငါးခုေနရာမွာေတာင္ မရွိပါဘူး။ Android ဖုန္းအေတာ္မ်ားမ်ားက ဘတ္ဂ်က္ဖုန္းေတြျဖစ္တာေၾကာင့္ performance ေကာင္းေကာင္းေတာ့ မရတာေသခ်ာပါတယ္။
တစ္ခ်ိန္တည္းမွာပဲ Appleက flagship ဖုန္းေတြကို အမိုက္စားေတြနဲ႕ ေရာင္းခ်ပါတယ္။ Android brand နဲ႕မတူတာကေတာ့ Apple က operating system ကို ထိန္းခ်ဳပ္ထားျပီးေတာ့ hardware ေရာ software ပိုင္းပါ ျပင္ဆင္ႏုိင္ပါတယ္။
သင္ေရာဘယ္လိုထင္ပါသလဲ။

Unicode Version

ဖုန်းပြုပြင်ဆိုင်တွေကို စာရင်းကောက်ထားပြီးတော့ ချို့ယွင်းမှုအများဆုံးဖြစ်တဲ့ဖုန်းတွေကို ထုတ်ဖော်ထားတဲ့ အစီရင်ခံစာလေးတစ်စောင် ထွက်ရှိလာခဲ့ပါတယ်။ Q4 2017 အတွက် Mobile Device Repair and Security Report ဆိုတာထဲမှာ Xiaomi Redmi 4 ကတော့ အဆိုးရွားဆုံး Android ဖုန်းတစ်လုံးဖြစ်နေပါတယ်။
Redmi Y1 ကတော့ ထိပ်တန်းဆယ်လုံးထဲမှာပါဝင်နေပါတယ်။ နံပါတ်အရတော့ ၈ နေရာယူထားပါတယ်။ Samsung ကလည်း ထိပ်တန်းဆယ်လုံးထဲမှာ ပါဝင်နေပြီးတော့ Galaxy S7, Galaxy S8 Plus နဲ့ Galaxy S7 Active တို့ပါဝင်ထားပါတယ်။ အခြားမော်ဒယ်လ်တွေအဖြစ်နဲ့ Nokia 6, Moto G5S Plus တို့ကတော့ Lenovo K8 Note ထိပ်တန်းဆယ်လုံးမှာ နေရာယူထားပါတယ်။
Samsung ကလည်း ၃၄%နဲ့ အဆိုးရွားဆုံး brand အဖြစ်နဲ့နေရာယူထားပါတယ်။ Xiaomi ကတော့ ၁၃%၊ Motorola က ၉%၊ LG က ၇% ဖြစ်ပါတယ်။
Samsung နဲ့ Xiaomi တို့ဟာ လူကြိုက်များတဲ့ brand တွေဖြစ်ပြီးတော့ သူတို့ရဲ့မော်ဒယ်လ်တွေကို ထိပ်တန်းဆယ်လုံးထဲမှာ တွေ့မြင်ရမယ်လို့ မှန်းထားနိုင်ပါတယ်။ ဒါပေမယ့် Huawei ကတော့ brand ပိုင်းအရ ၈ နေရာကို ယူထားပါတယ်။ ဖုန်းမော်ဒယ်လ်အရတော့ ထိပ်တန်းဆယ်ခုထဲမှာ ပါမနေပါဘူး။
platform အရ ပြင်ဆင်ရမှုနှုန်း
iOS ပိုင်းအရပြောရမယ်ဆိုရင်တော့ iPhone 6 က အဆိုးဆုံးမော်ဒယ်လ်ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ iPhone 6s နဲ့ 6s Plus တို့ လိုက်နေပါတယ်။
iOS ရဲ့ နှုန်းထားတွေက Android ရဲ့နှုန်းထက် ပိုမိုမြင့်မားနေတာကိုတွေ့ရပါတယ်။ iPhone 6 က ၂၆%ဖြစ်ပါတယ်။ ဘာကြောင့်မြင့်မားနေရသလဲဆိုတာတော့ မသိရသေးပေမယ့်လည်း iPhone 6 က သက်တမ်းကုန်နေပြီလို့ပြောနိုင်ပါတယ်။ ၂၀၁၄ခုနှစ်တည်းက ထုတ်ထားတာမလား။ iPhone အဟောင်းတွေက ဘတ်ဂျက်ရွေးမယ့်သူတွေအတွက်ပဲ ထုတ်လုပ်ရောင်းချလို့အဆင်ပြေတော့မှာပါ။ ဒီတော့ တစ်ပတ်ရစ်ဈေးကွက်မှာ ရောင်းအားတွေ ရှိနေတုန်းဆိုတာ ပြသနေသလိုပါပဲ။
Android ပိုင်းကိုကြည့်လိုက်မယ်ဆိုရင် နံပါတ်တစ်က performance ဖြစ်ပြီး နောက်ပိုင်းမှာ ကင်မရာနဲ့ microphone တွေ ဖြစ်ပါတယ်။ iOS သမားတွေကတော့ Bluetooth ၊ Wi-Fi က နံပါတ်တစ်ဖြစ်နောတာကို တွေ့ရပါတယ်။
iOS သမားတွေအတွက် Performance က ထိပ်တန်းငါးခုနေရာမှာတောင် မရှိပါဘူး။ Android ဖုန်းအတော်များများက ဘတ်ဂျက်ဖုန်းတွေဖြစ်တာကြောင့် performance ကောင်းကောင်းတော့ မရတာသေချာပါတယ်။
တစ်ချိန်တည်းမှာပဲ Appleက flagship ဖုန်းတွေကို အမိုက်စားတွေနဲ့ ရောင်းချပါတယ်။ Android brand နဲ့မတူတာကတော့ Apple က operating system ကို ထိန်းချုပ်ထားပြီးတော့ hardware ရော software ပိုင်းပါ ပြင်ဆင်နိုင်ပါတယ်။
သင်ရောဘယ်လိုထင်ပါသလဲ။

Leave a Reply