0
1368
unicode
Xiaomi Mi 8 Explorer Edition ကို ဇူလိုင်လ ၂၄ ရက်မှာ ရောင်းမည်
ရှောင်မီက မေလမှာ စွမ်းရည်မြင့် Mi 8 ၃ မျိုးကို ကြေညာခဲ့ပါတယ်။ Mi 8 , Mi 8 SE နဲ့ အတွင်းပိုင်းကို ဖောက်ထွင်းမြင်ရတဲ့ Mi 8 Explorer တု့ိဖြစ်ပါတယ်။ ပထမ နှစ်မျိုးကို ဇွန်လအစောပိုင်းမှာ စတင် ရောင်းချပေးခဲ့ပါတယ်။ အခုတော့ Mi 8 Explorer Edition ကို တရုတ်မှာ ယခုလ ၂၄ ရက်နေ့တွင် ရောင်းချတော့မယ်လို့ ပိုစတာတစ်ခုမှာ ဖော်ပြထားပါတယ်။ ရှောင်မီက တရားဝင်ထုတ်ပြန်တဲ့ ပိုစတာတော့ မဟုတ်ပေမယ့် ဒီပိုစတာမှ ဒေတာများဟာ မှန်ကန်ဖို့ များပါတယ်။ သူ့ကို ယွမ် ၃၆၉၉ ( ၅၅၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။
ရှောင်မီက Mi 8 ကိုပဲ Specifications တူညီပြီး ပိုကောင်းတဲ့ Features အသစ်တွေထပ်ပေါင်းထားပြီး နောက်ထပ် Edition တခုအနေနဲ့ Mi 8 Explorer Edition ဆိုပြီးတော့ မိတ်ဆက်ခဲ့ပါတယ်။ Mi 8 Explorer Edition မှာ Mi 8 ထပ်ပိုထူးခြားလာမှာတွေကတော့ In-display Fingerprint Sensor, 3D Face Recognition နဲ့ Transparent Back Cover တို့ပဲဖြစ်ပါတယ်။
Mi 8 နဲ့ Mi 8 Explorer Edition တွေမှာ ဖုန်းရဲ့ကျောဘက်ခြမ်းကို Glass Panel သုံးထားတာခြင်းတူပေမယ့် Mi 8 Explorer Edition စမတ်ဖုန်းမှာတော့ ဖုန်းရဲ့ကျောဘက်ခြမ်းအတွင်းအစိတ်အပိုင်းများကို လှပစွာဖောက်ထွင်း မြင်တွေ့နေရမယ့် Glass Panel ဒီဇိုင်းနဲ့တန်ဆာဆင်ထားတာပါ။ ဒီ Design မျိုးကိုတော့ HTC ထုတ်စမတ်ဖုန်းတွေဖြစ်တဲ့ HTC U11 နဲ့ U12 တို့မှာတွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။Mi 8 Explorer Edition ကိုတော့ 8GB RAM /128GB တမျိုးတည်းသာ ထုတ်လုပ်ပေးထားပါတယ်။
Leave a Reply