Xiaomi က Mi Max 3 ရဲ႕ Display နဲ႔ ဘက္ထရီမ်ားကို အတည္ျပဳၿပီ

0
906

ေရွာင္မီက ၾကာသပေတးေန႔မွာ Mi Max 3 ကို ေၾကညာမွာပါ။ ဒါေပမယ့္ မိတ္ဆက္ပြဲ မတိုင္ခင္မွာ သူ႔ရဲ႕ မ်က္ႏွာျပင္နဲ႔ ဘက္ထရီရဲ႕ သတင္းအခ်က္အလက္မ်ားကို ေရွာင္မီက အႀကိဳ ေျပာၾကားလိုက္ပါတယ္။ မ်က္ႏွာျပင္ေရာ ဘက္ထရီပါ အရြယ္အစား ႀကီးမားၾကပါတယ္။

Xiaomi Mi Max 3 မွာ ၆.၉ လက္မ Full HD+ Display တပ္ဆင္ထားမွာျဖစ္ၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 18:9 ျဖစ္ပါတယ္။ Notch ေတာ့ မပါပါဘူး။ မ်က္ႏွာျပင္ရဲ႕ ထိပ္ဘက္မွ ေဘာင္ဟာ ပါးလႊာမွာပါ။ ဘက္ထရီကေတာ့ 5500mAh ျဖစ္ၿပီး Mi Max 2 ရဲ႕ 5300mAh ထက္ ပိုမိုႀကီးမားလာပါတယ္။

အျခား Specs မ်ားဟာလည္း ဓါတ္ပံုမ်ားမွာ ျပသထားပါတယ္။ Chipset ဟာ Snapdragon 636 ျဖစ္ၿပီး 1.8GHz အျမန္ႏႈန္းရွိတဲ့ Kryo 260 Core ၈ လံုးပါပါတယ္။ အေနာက္ကင္မရာမ်ားမွာ 12 MP + 5 MP ျဖစ္ၿပီး Redmi Note 5 နဲ႔ တူညီပါတယ္။ ပင္မ ကင္မရာရဲ႕ အရြယ္အစားမွာ 1.4µm ျဖစ္ပါတယ္။

သူ႔မွာ 4GB RAM , 64GB Storage မ်ားထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ TENAA မွာ မွတ္ပံုတင္ထားမႈအရ မန္မိုရီ မတူတဲ့ အျခား ေမာ္ဒယ္မ်ားကိုလည္း ေရာင္းခ်ေပးႏုိင္ပါတယ္။ MIUI Version ကိုေတာ့ 9.6 လို႔ ေဖာ္ျပထားၿပီး Android Oreo 8.1 အေျချပဳ ျဖစ္ပါတယ္။ အေရာင္၊ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ ရက္မ်ားကို မသိရေသးပါဘူး။

unicode

Xiaomi က Mi Max 3 ရဲ့ Display နဲ့ ဘက်ထရီများကို အတည်ပြုပြီ

ရှောင်မီက ကြာသပတေးနေ့မှာ Mi Max 3 ကို ကြေညာမှာပါ။ ဒါပေမယ့် မိတ်ဆက်ပွဲ မတိုင်ခင်မှာ သူ့ရဲ့ မျက်နှာပြင်နဲ့ ဘက်ထရီရဲ့ သတင်းအချက်အလက်များကို ရှောင်မီက အကြို ပြောကြားလိုက်ပါတယ်။ မျက်နှာပြင်ရော ဘက်ထရီပါ အရွယ်အစား ကြီးမားကြပါတယ်။

Xiaomi Mi Max 3 မှာ ၆.၉ လက်မ Full HD+ Display တပ်ဆင်ထားမှာဖြစ်ပြီး မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ Notch တော့ မပါပါဘူး။ မျက်နှာပြင်ရဲ့ ထိပ်ဘက်မှ ဘောင်ဟာ ပါးလွှာမှာပါ။ ဘက်ထရီကတော့ 5500mAh ဖြစ်ပြီး Mi Max 2 ရဲ့ 5300mAh ထက် ပိုမိုကြီးမားလာပါတယ်။

အခြား Specs များဟာလည်း ဓါတ်ပုံများမှာ ပြသထားပါတယ်။ Chipset ဟာ Snapdragon 636 ဖြစ်ပြီး 1.8GHz အမြန်နှုန်းရှိတဲ့ Kryo 260 Core ၈ လုံးပါပါတယ်။ အနောက်ကင်မရာများမှာ 12 MP + 5 MP ဖြစ်ပြီး Redmi Note 5 နဲ့ တူညီပါတယ်။ ပင်မ ကင်မရာရဲ့ အရွယ်အစားမှာ 1.4µm ဖြစ်ပါတယ်။

သူ့မှာ 4GB RAM , 64GB Storage များထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် TENAA မှာ မှတ်ပုံတင်ထားမှုအရ မန်မိုရီ မတူတဲ့ အခြား မော်ဒယ်များကိုလည်း ရောင်းချပေးနိုင်ပါတယ်။ MIUI Version ကိုတော့ 9.6 လို့ ဖော်ပြထားပြီး Android Oreo 8.1 အခြေပြု ဖြစ်ပါတယ်။ အရောင်၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် ရက်များကို မသိရသေးပါဘူး။

Leave a Reply