အျမင့္ေပ ၄၅၀ ကေန ျပဳတ္က်တာေတာင္ ဘာမွ မျဖစ္တဲ့ iPhone 7 Plus

0
1072

ကမာၻ႕ အျမင့္ဆံုး ရဟတ္ကို စီးခဲ့တဲ့ အမ်ိဳးသမီး တစ္ဦးရဲ႕ အိုင္ဖုန္းဟာ မေတာ္တဆ ျပဳတ္က်သြားခဲ့ပါတယ္။ ရဟတ္ရဲ႕ အျမင့္ေပဟာ ၄၅၀ ေတာင္ ရွိပါတယ္။ ကစားကြင္းမွာ စီးနင္းစဥ္မွာ ဖုန္းနဲ႔ အျခား ပစၥည္းမ်ားကို မယူေဆာင္လာဖို႔ သတိေပးထားေပမယ့္ Cansel Yildirim ကေတာ့ ဓါတ္ပံု ရိုက္ဖို႔ သူမရဲ႕ iPhone 7 Plus ကို ယူလာပါတယ္။ ဖေလာ္ရီဒါ ျပည္နယ္၊ ေအာ္လန္ဒိုမွ Magical Midway Thrill Park မွာ ဒီျဖစ္ရပ္ ျဖစ္ပြားခဲ့တာပါ။

သူမဟာ စီးနင္းေနစဥ္ စကၠန္႔ ၃၀ ၾကာ ဗီဒီယို ရိုက္ကူးၿပီးေနာက္မွာ လက္ကေန ဖုန္း လြတ္က်သြားတာပါ။ စီးနင္းၿပီးေနာက္ သူမဟာ Find My iPhone App ကို အသံုးျပဳ၍ ဖုန္းကို ရွာခဲ့ပါတယ္။ အံ့အားသင့္စရာပဲ ဖုန္းဟာ အေသးအမႊားသာ ထိခိုက္ခဲ့ပါတယ္။ Case ေတာင္ မတပ္ထားပါဘူး။ “ မယံုႏုိင္စရာပါပဲ။ ဖုန္းရဲ႕ မွန္ေတာင္ မကြဲအက္သြားပါဘူး။ ဖုန္းက အေကာင္းအတိုင္းသာ ရွိေနပါတယ္။ “ လို႔ သူမက ေျပာပါတယ္။

ဒီသတင္းဟာ ၾကည္ႏူးစရာ ေကာင္းပါတယ္။ ဒါေပမယ့္ ရိုလာကိုစတာမ်ား၊ ရဟတ္မ်ားကို စီးနင္းမယ္ ဆိုရင္ ဖုန္းကို ေအာက္မွာ ထားခဲ့တာ အေကာင္းဆံုးပါ။ ယူသြားရင္ေတာ့ သင့္ ဖုန္း ဆံုးရႈံးသြားႏုိင္သလို ေအာက္က လူမ်ားကို ထိခိုက္မႈမ်ားလည္း ျဖစ္ပြားႏုိင္ပါတယ္။

Ref : tnw

unicode

အမြင့်ပေ ၄၅၀ ကနေ ပြုတ်ကျတာတောင် ဘာမှ မဖြစ်တဲ့ iPhone 7 Plus

ကမ္ဘာ့ အမြင့်ဆုံး ရဟတ်ကို စီးခဲ့တဲ့ အမျိုးသမီး တစ်ဦးရဲ့ အိုင်ဖုန်းဟာ မတော်တဆ ပြုတ်ကျသွားခဲ့ပါတယ်။ ရဟတ်ရဲ့ အမြင့်ပေဟာ ၄၅၀ တောင် ရှိပါတယ်။ ကစားကွင်းမှာ စီးနင်းစဉ်မှာ ဖုန်းနဲ့ အခြား ပစ္စည်းများကို မယူဆောင်လာဖို့ သတိပေးထားပေမယ့် Cansel Yildirim ကတော့ ဓါတ်ပုံ ရိုက်ဖို့ သူမရဲ့ iPhone 7 Plus ကို ယူလာပါတယ်။ ဖလော်ရီဒါ ပြည်နယ်၊ အော်လန်ဒိုမှ Magical Midway Thrill Park မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

သူမဟာ စီးနင်းနေစဉ် စက္ကန့် ၃၀ ကြာ ဗီဒီယို ရိုက်ကူးပြီးနောက်မှာ လက်ကနေ ဖုန်း လွတ်ကျသွားတာပါ။ စီးနင်းပြီးနောက် သူမဟာ Find My iPhone App ကို အသုံးပြု၍ ဖုန်းကို ရှာခဲ့ပါတယ်။ အံ့အားသင့်စရာပဲ ဖုန်းဟာ အသေးအမွှားသာ ထိခိုက်ခဲ့ပါတယ်။ Case တောင် မတပ်ထားပါဘူး။ “ မယုံနိုင်စရာပါပဲ။ ဖုန်းရဲ့ မှန်တောင် မကွဲအက်သွားပါဘူး။ ဖုန်းက အကောင်းအတိုင်းသာ ရှိနေပါတယ်။ “ လို့ သူမက ပြောပါတယ်။

ဒီသတင်းဟာ ကြည်နူးစရာ ကောင်းပါတယ်။ ဒါပေမယ့် ရိုလာကိုစတာများ၊ ရဟတ်များကို စီးနင်းမယ် ဆိုရင် ဖုန်းကို အောက်မှာ ထားခဲ့တာ အကောင်းဆုံးပါ။ ယူသွားရင်တော့ သင့် ဖုန်း ဆုံးရှုံးသွားနိုင်သလို အောက်က လူများကို ထိခိုက်မှုများလည်း ဖြစ်ပွားနိုင်ပါတယ်။

Ref : tnw

Leave a Reply