Laptop/PC Trending


Zawgyi version





Unicode version

Apple က အသစ်ထွက်ရှိမဲ့ MacBook Pro ကို ဆန်းသစ်တဲ့ အိုင်ဒီယာနဲ့ ထုတ်ဖို့စီစဉ်

Apple ရဲ့ အသစ်ထွက်ရှိမဲ့ MacBook Pro ကတော့ six-core Intel i9 processor ဖြစ်ပြီးတော့ RAM 32GB နဲ့ Storage ကတော့ 4TB ပဲ ဖြစ်ပါတယ်။ Apple ကတော့ သူ့ကို internal specification တွေ update မြှင့်လိုက်ပြီပဲ ဖြစ်ပါတယ်။ Apple ရဲ့ အသစ်ထွက်ရှိမဲ့ MacBook Pro ကီးဘုတ်တွေကတော့ အရင်ထွက်ရှိခဲ့တဲ့ ကီးဘုတ် တွေနဲ့တူမှာ မဟုတ် တော့ပါဘူး။
user တွေက ဖုန်ဒဏ်ခံနိုင်ပြီးတော့ ဒီဇိုင်းပိုမိုက်တာကို မျှော်လင့် နေကြတာပါ။ အဲ့ဒါကြောင့် Apple က ဖြေရှင်းပေးလိုက်ပါပြီ။ ကီးဘုတ်ကိုလွန်ခဲ့တဲ့လကစပြီး ပြောင်းလဲဖို့ကို စီစဉ်ခဲ့တာပါ။ Apple ကတော့ သူ့ရဲ့ ကီးဘုတ်တွေက အညစ်ပေခံနိုင်ပြီး ဖုန်ဒဏ် ခံနိုင်တယ်လို့လဲ ပြောကြားထားပါတယ်။
MacBook Pro ကီးဘုတ်ရဲ့ ခလုတ်တစ်ခုချင်းစီအောက်မှာ စီလီကွန် အမြှေးပါးလေးတွေကို သုံးပေးထားတာဖြစ်ပါတယ်။ သူ့ရဲ့ခလုတ် တစ်ခု ချင်းစီအောက်မှာပါတဲ့ စီလီကွန်အမြှေးပါးလေးတွေက ကီးကိုတစ်ခါနှိပ်တိုင်း ဖုန်တွေကို အဝေးကို ထုတ်ပေးမှာ ဖြစ်ပါတယ်တဲ့။

ကီးဘုတ်ကို အကွယ်အကာနဲ့ သုံးလို့ရတယ်ဆိုပေမဲ့လဲ တစ်ချို့ အကာအကွယ်တွေက ကီးတွေကို အသုံးပြုတဲ့အခါ လွတ်တာတွေရှိတဲ့ အတွက်ကြောင့် အမြဲတမ်းအဆင်မပြေနိုင်ပါဘူး။ အဲ့ဒါကြောင့် Apple က user တွေဘက်စဉ်းစားပြီး လုပ်ပေးထားတာပဲ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.