Zawgyi version
Xiaomi Mi Mix 2S
Xiaomi Redmi Note 5 Pro
Xiaomi Mi Mix 2
Xiaomi Mi 6
Xiaomi Mi A1
Xiaomi Redmi 5A
Xiaomi Mi Max 2
Unicode version
Xiaomi ဆိုတာက စမတ်ဖုန်းထုတ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပြီး တစ်နေ့တစ်ခြားအောင်မြင်လာတယ်လို့လဲ ပြောလို့ရနိုင်ပါတယ်။ ခုချိန်မှာ သူက ပဉ္စမမြောက်အကြီးဆုံး စမတ်ဖုန်းဖြန့်ချီရေးကုမ္ပဏီလဲ ဖြစ်ပါတယ်။ သူက လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး တစ်ဖြည်းဖြည်း တိုးတက်လာတာပဲ ဖြစ်ပါတယ်။
သူက စမတ်ဖုန်းဈေးကွက်မှာ Apple နဲ့ Samsung လိုပဲ အောင်မြင်မှုကို တစ်ဖြည်းဖြည်းအရယူနေပါတယ်။ မနှစ်က Samsung က အိန္ဒိယမှာ အရောင်းရဆုံး စမတ်ဖုန်း brand တစ်မျိုး ဖြစ်ခဲ့ပါတယ်။
Xiaomi ရဲ့ ထုတ်သမျှ product တွေထဲကမှ 2018 ရဲ့ အကောင်းဆုံး ဖုန်းများကို လေ့လာကြည့်ရအောင်။
XiaomiMi Mix 2S
Xiaomi ရဲ့ Mi Mix 2S က 2018 မတ်လမှာ ထွက်ရှိခဲ့ပြီးတော့
2018 မှာ Xiaomi ရဲ့ first flagship လဲဖြစ်ပါတယ်။ အရင်နှစ်က ထွက်ရှိခဲ့တဲ့ Mi Mix 2 နဲ့ ပုံစံဆင်ပေမဲ့ Mi Mix 2S မှာတော့ hardware ရော software ရောကို upgrade မြှင့်ပေးထားတာဖြစ်ပါတယ်။
Mi Mix 2S က Qualcomm ရဲ့ latest 10nm Snapdragon 845 chipset ကိုသုံးထားပြီး 8GB RAM နဲ့ internal storage ကတော့ 256GB ပဲဖြစ်ပါတယ်။
သူက 6GB RAM ကိုမှ internal 64GB နဲ့ 128GB လဲရှိပါသေးတယ်။ သူရဲ့ အားသာချက်က နောက်ကျောဘက်မှာ ကင်မရာ ၂ လုံးပါရှိပြီးတော့ ၂ ခုလုံးက 12MP တွေပဲဖြစ်ပါတယ်။ ပထမတစ်လုံးက
Sony IMX 363 sensor ဖြစ်ပြီးတော့ 1.4-micron pixels ဖြစ်ပါတယ်။ ဒုတိယတစ်လုံးကတော့ Samsung ထုတ်တဲ့ကင်မရာကိုသုံးပြီးတော့ telephoto lens ပဲဖြစ်ပါတယ်။ ကင်မရာမှာ AI-assisted features လဲပါဝင်ပါသေးတယ်။ lighting condition တွေပေါ်မူတည်ပြီး အကောင်းဆုံးရိုက်ချက်တွေကို ဖမ်းယူနိုင်မှာပဲ ဖြစ်ပါတယ်။
သူက portrait mode မှာ AI feature ပါဝင်ပြီးတော့ နောက်ခံအဝါးတွေရိုက်တဲ့နေရာမှာ တော်တော်လေးကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်မှာပါ။software ပိုင်းကိုပြောရမယ်ဆိုရင် Mi Mix 2S က Xiaomi ဖုန်းတွေထဲမှာ ပတမဦးဆုံး Android 8.0 Oreo ကသုံးထားတာပဲ ဖြစ်ပါတယ်။
သူ့ကိုတော့ တရုတ်မှာ $540 နဲ့ရောင်းချပေးနေပြီးတော့ 8GB RAM နဲ့
256GB storage က $640 ပဲဖြစ်ပါတယ်။
XiaomiRedmi Note 5 Pro
Xiaomi ရဲ့ Redmi Note 5 Pro ကိုတော့ 2018 ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့ပါတယ်။ Xiaomi ရဲ့ Redmi Note 5 series ကတော့ ၅ သန်းအထိရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ Redmi Note 5 Pro ကတော့ Snapdragon 636 ကိုသုံးထားပြီး 6GB RAM နဲ့ internal storage ကတော့ 64GB ပဲဖြစ်ပါတယ်။ သူကလဲနောက်ကျော်ဘက်မှာ ကင်မရာ ၂ လုံးတပ်ဆင်ပေးထားပါတယ်။ သူကလဲ ကင်မရာ တော်တော် ကောင်းမွန်ပါတယ်။
သူ့ကိုတော့ 4GB RAM နဲ့ storage 64GB ကို $214 ဖြစ်ပြီးတော့
6GB RAM နဲ့ storage 64GB ကတော့ $260 ပဲဖြစ်ပါတယ်။
XiaomiMi Mix 2
Xiaomi Mi Mix 2 ကတော့ 2017 အောက်တိုဘာမှာ ထွက်ရှိခဲ့တာာ ဖြစ်ပါတယ်။ သူကတော့ Mi Mix နဲ့ ပုံစံတူဖြစ်ပြီးတော့ မျက်နှာပြင် 5.99 လက်မပဲဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ global LTE connectivity ပဲဖြစ်ပါတယ်။ သူကလဲဘေးဘောင်ကျဉ်းပြီး မျက်နှာပြင်အပြည့်နီးပါးပဲဖြစ်ပါတယ်။
သူကတော့ Snapdragon 835 ကိုသုံးထားပြီး 6GB or 8GB RAM ဖြစ်ပြီးတော့ internal storage တွေကတော့ 64GB/128GB/256GB တွေပဲ ဖြစ်ကြပါတယ်။ ကင်မရာကတော့ 12MP ဖြစ်ပြီးတော့ Bluetooth 5.0 နဲ့ ဘက်ထရီကတော့ 3400mAh ဖြစ်ပါတယ်။
သူ့ကိုတော့ 6GB RAM နဲ့ 128GB storage ကို $500 နဲ့ ဝယ်ယူနိုင်ပါပြီ။
XiaomiMi 6
Xiaomi Mi 6 ကတော့ 2017 ဧပြီမှာ ထွက်ရှိခဲ့တာဖြစ်ပြီး Snapdragon 835 ကို $500 နဲ့ရရှိနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ နောက်ကျောဘက်မှာ ကင်မရာ ၂ လုံးပါရှိပြီး
12-megapixel wide-angle lens ကိုအသုံးပြုထားပါတယ်။ 12MP telephoto lens ကိုသုံးထားပြီး 2x lossless zoom ထိရနိုင်ပါတယ်။
သူကတော့ အရင်နှစ်ကထွက်ရှိခဲ့တဲ့ Mi 5 ဒီဇိုင်းကို upgrade မြှင့်ထားတာပဲဖြစ်ပါတယ်။ Mi 6 ကတော့ .45GHz Snapdragon 835 ကိုအသုံးပြုထားပြီးတော့ မျက်နှာပြင်က 5.15 လက်မနဲ့ Full HD display ပဲဖြစ်ပါတယ်။ သူက 6GB RAM, internal memory
ကတော့ 64GB/128GB အသီးသီးပဲဖြစ်ပါတယ်။ သူ့ရဲ့ USB ကတော့ USB-C အမျိုးအစားပဲ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3,350mAh ဖြစ်ပြီး Mi 5 ထက်စာရင် 15% ပိုပြီးများပါတယ်။ သူ့ရဲ့ဈေးလေးက $420 ဖြစ်ပြီးတော့ သူက global LTE bands တော့မဟုတ်ပါဘူး။
XiaomiMi A1
Xiaomi ရဲ့ A1 ကိုတော့ 2017 အောက်တိုဘာမှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူကတော့ Xiaomi ဖုန်းဆိုပေမဲ့ MIUI ပေါ်မှာ မ run တဲ့
Xiaomi ရဲ့ ပထမဦးဆုံးဖုန်းပါ။ သူက Chinese manufacturer နဲ့ Google နဲ့ပူးပေါင်းထားတဲ့ Android One platform ပေါ်မှာ run မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Xiaomi ရဲ့ design language နဲ့ Google ရဲ့ software ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ သူကလဲ ကင်မရာ ၂ လုံးပါရှိပြီးတော့ Mi 6 လိုပဲ wide-angle lens ပါရှိပါသေးတယ်။
သူက 5.5 လက်မနဲ့ Full HD display ဖြစ်ပြီးတော့ Snapdragon 625 ကိုအသုံးပြုထားပါတယ်။ 4GB RAM နဲ့ internal storageကတော့ 64GB ဖြစ်ပါတယ်။ microSD slot လဲပါရှိပါသေးတယ်။ ဘက်ထရီကတော့ 3080mAh ဖြစ်ပြီးတော့ USB ကတော့ USB-C အမျိုးအစားပဲ ဖြစ်ပါတယ်။
XiaomiRedmi 5A
Xiaomi ရဲ့ Redmi 5A ကတော့ 2017 နိုဝင်ဘာလမှာ ထွက်ရှိခဲ့တာဖြစ်ပြီး Redmi 5A ကတော့ အိန္ဒိယဈေးကွက်ကို အဓိကထားထုတ်လုပ်ထားပါတယ်။ သူက 2GB RAM နဲ့ storageကတော့ 16GB ပဲဖြစ်ပါတယ်။ သူရဲ့ မျက်နှာပြင်က ၅ လက်မဖြစ်ပြီးတော့ Snapdragon 425 ကိုအသုံးပြုထားပါတယ်။ RAM တွေကတော့ 2GB/3GB ရှိပြီးတော့ internal storage ကလဲ 16GB/32GB ဆိုပြီး အသီးသီးရှိပါတယ်။ SIM ကဒ် ၂ ကဒ်သုံး ဖြစ်ပါတယ်။ နောက်ကင်မရာက 13MP ဖြစ်ပြီးတော့ ရှေ့ကင်မရာကတော့ 5MP ပဲဖြစ်ပါတယ်။ ဘက်ထရီကတော့ 3000mAh ဖြစ်ပါတယ်။
XiaomiMi Max 2
Xiaomi ရဲ့ Mi Max 2 ကိုတော့ 2017 မေလမှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး သူကတော့ မျက်နှာပြင်ကျယ်ကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ်။ သူကတော့ မျက်နှာပြင်ကျယ်ဆိုပေမဲ့ one-handed mode တော့မရပါဘူး။ သူက 6.44 လက်မဖြစ်ပြီး Full HD display ပဲဖြစ်ပါတယ်။ Snapdragon 625 ကိုအသုံးပြုထားပြီး 4GB RAM နဲ့ internal storageကတော့ 64GB/128GB ပဲဖြစ်ပါတယ်။ microSD card slot ပါရှိပြီးတော့ နောက်ကင်မရာက 12MP ဖြစ်ပြီး ရှေ့က 5MP ပဲဖြစ်ပါတယ်။ ဘက်ထရီကတော့ 5300mAh ပဲဖြစ်ပါတယ်။
Please describe about their Processors !