MI MAX 3 ရဲ့ RETAIL BOX ပုံစံပေါက်ကြားထွက်လာ

0
1462




unicode

Xiaomi အနေနဲ့ Mi Max 3 ကိုလာမယ့် တပတ်မှာကြာသပတေးနေ့မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Xiaomi အနေနဲ့ ယခု၁၉ရက်နေ့မှာ မိတ်ဆက်ပေးတော့မယ်လို့ တရားဝင်ပြောကြားပြီးသွားပါပြီ။ ဒီနေ့မှာတော့ MI MAX 3 ရဲ့ RETAIL BOX ပုံစံထွက်လာပါတယ်။  သို့ပေမယ့်ကုမ္ပဏီစီအီးအိုဖြစ်တ Lei Jun ဇူလိုင်လအစောပိုင်းအစောပိုင်းကတင်ခဲ့တဲ့  RETAIL BOX ဒီဇိုင်းနဲ့တော့ ကွာခြားပါတယ်။ Xiaomi Mi MAX 3 ဟာ ထိပ်ဘက်မှာ Notch ပါဝင်လာမှာ မဟုတ်တော့ပဲ full-View အပြည့်နဲ့သာ ဖြစ်လာမှာပါ။

သူ့အတွက်ထွက်ထားတဲ့ အချက်အလက်တွေမှာတော့ မျက်နှာပြင် 6.99 လက်မ 18:9 အချိုးနဲ့ full view display သုံးထားမှာဖြစ်ပြီး ၊စွမ်းအားပိုင်းမှာတော့ Snapdragon 710 SoC ကိုထည့်သွင်းထားပါတယ်။ Snapdragon 710 ဟာ2 Cortex-A75 big core နဲ့ 6 Cortex-A55 small core ပေါင်းစပ်ထားတာ ဖြစ်ပြီးGPU Adreno 616 ကိုပေါင်းစပ်ထားပါတယ်။ သူ့ရဲ့ပါဝါစွမ်းအားဟာ AI engine ပါဝင်တဲ့ Snapdragon 660 ရဲ့လုပ်ဆောင်ချက် ထက် ၂ဆပိုကောင်းလာမယ်လို့ ဆိုပါတယ်။ ကင်မရာပိုင်းမှတော့ နောက်ကျောဘက်မှာ Dual ဖြစ်နိုင်ပြီး  20MP ( Sony IMX363) နဲ့အတူ 5MP ကင်မရာငယ်ကို သုံးလာမယ်လို့ သိရပါတယ်။

Android 8.1 Oreo အခြေပြု MIUI 10 ကိုတပါတည်း သုံးနိုင်မှာဖြစ်ပြီး RAM 4GB နဲ့သိုလှောင်မှုပိုင်းမှာ 32GB ဖြစ်နိုင်ပြီး မတူညီတဲ့ Storage တွေနဲ့ပါ ထွက်လာနိုင်ပါတယ်။ဘက်ထရီကိုတော့ 5,500mAh နဲ့ဖြစ်ပြီး Quick Charge 3.0 ထောက်ပံ့မှုပါဝင်လာမှာပါ။ ပရိုဗားရှင်းလည်း ထွက်လာဖို့ရှိနေပြီး သူ့မှာ Snapdragon 710 (octa-core up to 2.2 GHz) နဲ့ 6GB  RAM ပါဝင်ပြီး အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 128GB storage အထိပေးထားပါတယ်။ ဘက်ထရီစွမ်းအား၊မျက်နှာပြင်ပိုင်းနဲ့ ကင်မရာပိုင်းမှာတော့  Mi MAX 3 ထက်ပိုကောင်းမယ်လို့ ဆိုပါတယ်။

Leave a Reply