HONOR 10 ကို ROLLS ROYCE EDITION အျဖစ္ပါထုတ္လုပ္ဖို႔ ျပဳလုပ္ေန

0
1494

Huawei Honor 10  ကိုဇူလိုင္ ၂၅ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ ယခုရက္ပိုင္းအတြင္းမွာ Huawei Honor Note 10 စမတ္ဖုန္းရဲ႕ အေၾကာင္းေတြသာ သတင္းေတြမွာ ေနရာယူလ်က္ရွိပါတယ္။ ဒီေန႔မွာလည္း  Honor Note 10 စမတ္ဖုန္းရဲ႕ ေနာက္ထပ္ဗားရွင္းတစ္မ်ိဳး ရုပ္ပုံေတြ ထပ္မံထြက္ရွိလာပါတယ္။ ဒီေန႔ေပါက္ၾကားထြက္ရွိလာတဲ့ ဓာတ္ပုံမွာေတာ့ Honor Note 10 ကို Rolls Royce EDITION ျပဳလုပ္ေနတယ္ဆိုတာပါ။ စမတ္ဖုန္းကိုင္ထားတဲ့ ဓာတ္ပုံမွာေတာ့ အရမ္းကိုၾကြားဝါတဲ့ စတိုင္ကိုေတြ႕ရမွာပါ။ Honor Note 10 ကုိ P20 စီးရီးမွာ အသံုးျပဳထားတဲ့ Kirin 970 SoC ႏွင့္ ပါ၀ါေထာက္ပံ့လာပါမယ္။

ကင္မရာနဲ႔ လက္ေဗြဖတ္စနစ္ရဲ႕ေအာက္ဘက္မွာ Rolls Royce အမွတ္တံဆိပ္ေလးကို ခတ္ႏွိပ္ထားပါတယ္။ အေနာက္ဘက္ဟာ လုံးဝေတာက္ေျပာင္ေနတဲ့ ဖန္သားပုံစံျဖစ္ေနၿပီး edge to edge ဒီဇိုင္းေၾကာင့္လုံးဝ premium ဖုန္းအရသာကို ရရွိမွာပါ။ ေပါက္ၾကားထြက္ေနတဲ့ အခ်က္အလက္ေတြမွာေတာ့ မ်က္ႏွာျပင္ 6.9 လက္မ ျဖစ္လာမွာျဖစ္ၿပီး Super AMOLED သံုးလာပါမယ္။ 2K ႐ုပ္ထြက္ သံုးလာမွာျဖစ္ပါတယ္။ Honor Note 10 ကုိ သတၱဳကုိယ္ထည္ႏွင့္ တည္ေဆာက္ထားၿပီး 18:9 သံုးထားပါတယ္။

ဒါ့အျပင္ လတ္တေလာနာမည္ႀကီးေနတဲ့ Huawei ရဲ႕ GPU စြမ္းေဆာင္ရည္ျမင့္ ေဆာ့၀ဲလ္ GPU Turbo နည္းပညာပါ၀င္လာပါမယ္။ အခ်က္အလက္သိုေလွာင္မႈအတြက္ Honor Note 10 မွာ RAM 6GB နဲ႔အတူ Storage 128GB အထိ ပါ၀င္လာပါမယ္။ ဓာတ္ပံုပုိင္းအတြက္ AI စနစ္ေထာက္ပံ့ထားတဲ့ ေက်ာဘက္ကင္မရာႏွစ္လံုး ပါ၀င္ပါမယ္။ ကင္မရာစြမ္းအားေတြကေတာ့  16MP + 16MP ျဖစ္ပါတယ္။ ဘက္ထရီစြမ္းအားပိုင္းအတြက္  6000 mAh ပါ၀င္လာမွာျဖစ္ၿပီး အလ်င္အျမန္ အားသြင္းနည္းပညာ ကိုလည္းေထာက္ပံ့ေပးလာမွာျဖစ္ပါတယ္။

Unicode

Huawei Honor 10  ကိုဇူလိုင် ၂၅ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ Huawei Honor Note 10 စမတ်ဖုန်းရဲ့ အကြောင်းတွေသာ သတင်းတွေမှာ နေရာယူလျက်ရှိပါတယ်။ ဒီနေ့မှာလည်း  Honor Note 10 စမတ်ဖုန်းရဲ့ နောက်ထပ်ဗားရှင်းတစ်မျိုး ရုပ်ပုံတွေ ထပ်မံထွက်ရှိလာပါတယ်။ ဒီနေ့ပေါက်ကြားထွက်ရှိလာတဲ့ ဓာတ်ပုံမှာတော့ Honor Note 10 ကို Rolls Royce EDITION ပြုလုပ်နေတယ်ဆိုတာပါ။ စမတ်ဖုန်းကိုင်ထားတဲ့ ဓာတ်ပုံမှာတော့ အရမ်းကိုကြွားဝါတဲ့ စတိုင်ကိုတွေ့ရမှာပါ။ Honor Note 10 ကို P20 စီးရီးမှာ အသုံးပြုထားတဲ့ Kirin 970 SoC နှင့် ပါဝါထောက်ပံ့လာပါမယ်။

ကင်မရာနဲ့ လက်ဗွေဖတ်စနစ်ရဲ့အောက်ဘက်မှာ Rolls Royce အမှတ်တံဆိပ်လေးကို ခတ်နှိပ်ထားပါတယ်။ အနောက်ဘက်ဟာ လုံးဝတောက်ပြောင်နေတဲ့ ဖန်သားပုံစံဖြစ်နေပြီး edge to edge ဒီဇိုင်းကြောင့်လုံးဝ premium ဖုန်းအရသာကို ရရှိမှာပါ။ ပေါက်ကြားထွက်နေတဲ့ အချက်အလက်တွေမှာတော့ မျက်နှာပြင် 6.9 လက်မ ဖြစ်လာမှာဖြစ်ပြီး Super AMOLED သုံးလာပါမယ်။ 2K ရုပ်ထွက် သုံးလာမှာဖြစ်ပါတယ်။ Honor Note 10 ကို သတ္တုကိုယ်ထည်နှင့် တည်ဆောက်ထားပြီး 18:9 သုံးထားပါတယ်။

ဒါ့အပြင် လတ်တလောနာမည်ကြီးနေတဲ့ Huawei ရဲ့ GPU စွမ်းဆောင်ရည်မြင့် ဆော့ဝဲလ် GPU Turbo နည်းပညာပါဝင်လာပါမယ်။ အချက်အလက်သိုလှောင်မှုအတွက် Honor Note 10 မှာ RAM 6GB နဲ့အတူ Storage 128GB အထိ ပါဝင်လာပါမယ်။ ဓာတ်ပုံပိုင်းအတွက် AI စနစ်ထောက်ပံ့ထားတဲ့ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပါမယ်။ ကင်မရာစွမ်းအားတွေကတော့  16MP + 16MP ဖြစ်ပါတယ်။ ဘက်ထရီစွမ်းအားပိုင်းအတွက်  6000 mAh ပါဝင်လာမှာဖြစ်ပြီး အလျင်အမြန် အားသွင်းနည်းပညာ ကိုလည်းထောက်ပံ့ပေးလာမှာဖြစ်ပါတယ်။

Leave a Reply