Design လန္းတဲ့ ဂ်ပန္မွ Feature Phone

0
1059

သိပ္မၾကာခင္မွာေတာ့ ဂ်ပန္မွ မူလ Infobar Feature Phone ဟာ သက္တမ္း ၁၅ ႏွစ္ျပည့္္ေတာ့မွာျဖစ္ၿပီး ဆက္သြယ္ေရး ကုမၸဏီ KDDI က သူ႔ရဲ႕ ေမာ္ဒယ္ အသစ္ကို အထိမ္းအမွတ္ အျဖစ္ ေရာင္းခ်ေပးလိုက္ပါတယ္။ Infobar xv ဟာ စီးရီးထဲမွာ တတိယေျမာက္ျဖစ္ပါတယ္။ သူ႔မွာ Android App အနည္းငယ္ကိုလည္း သံုးႏုိင္ပါတယ္။

Infobar xv မွာ ၃.၁ လက္မ WVGA LCD Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ ေဘးေဘာင္္မ်ားက အနက္ေရာင္ျဖစ္ပါတယ္။ ကိုယ္ထည္က ေကြးညႊတ္တဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ Physical Keys မ်ားက မူလေမာ္ဒယ္မ်ား အတိုင္းျဖစ္ၿပီး ေရာင္စံု ခလုတ္မ်ားအျဖစ္ ဖန္တီးထားပါတယ္။

သူ႔ကို ဂ်ပန္မွာ ေအာက္တိုဘာလတြင္ ေရာင္းဖို႔ စီစဥ္ထားပါတယ္။ Nishikigoi, Nasukon (eggplant) နဲ႔ Cherry Berry အေရာင္သံုးမ်ိဳးထုတ္လုပ္ေပးထားပါတယ္။ သူ႔မွာ တရုတ္ရဲ႕ နာမည္ေက်ာ္ Messaging App ျဖစ္တဲ့ LINE နဲ႔ ဂ်ပန္မွ Carrier ၃ ခုက ေထာက္ပံ့တဲ့ +message အမည္ရ App မ်ားကို သံုးႏိုင္ပါတယ္။ ဒါေပမယ့္လည္း Play Store မွ App မ်ားကိုေတာ့ ေဒါင္းလုပ္လုပ္လို႔ မရပါဘူး။

အေနာက္ဘက္မွာ 8MP Camera တစ္လံုးပါပါတယ္။ 1500mAh Battery ၊ 32GB အထိ ၀င္ဆန္႔တဲ့ microSDHC Storage ၊ LTE ၊ ၀ိုင္ဖိုင္မ်ား ပါပါတယ္။ Siri , Google Assistant တို႔မွာ ပါတဲ့ Smart Voice Assistant Calling လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။ ဖုန္းအားသြင္းေနစဥ္မွာ နာရီလို အခ်ိန္ျပသေပးတဲ့ Desktop Holder လည္းပါပါတယ္။ သူ႔ရဲ႕ ေစ်းႏႈန္းကို မသိရေသးပါဘူး။

Ref : androidpolice

unicode

Design လန်းတဲ့ ဂျပန်မှ Feature Phone

သိပ်မကြာခင်မှာတော့ ဂျပန်မှ မူလ Infobar Feature Phone ဟာ သက်တမ်း ၁၅ နှစ်ပြည့်တော့မှာဖြစ်ပြီး ဆက်သွယ်ရေး ကုမ္ပဏီ KDDI က သူ့ရဲ့ မော်ဒယ် အသစ်ကို အထိမ်းအမှတ် အဖြစ် ရောင်းချပေးလိုက်ပါတယ်။ Infobar xv ဟာ စီးရီးထဲမှာ တတိယမြောက်ဖြစ်ပါတယ်။ သူ့မှာ Android App အနည်းငယ်ကိုလည်း သုံးနိုင်ပါတယ်။

Infobar xv မှာ ၃.၁ လက်မ WVGA LCD Display ထည့်သွင်းထားပြီး မျက်နှာပြင် ဘေးဘောင်များက အနက်ရောင်ဖြစ်ပါတယ်။ ကိုယ်ထည်က ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ Physical Keys များက မူလမော်ဒယ်များ အတိုင်းဖြစ်ပြီး ရောင်စုံ ခလုတ်များအဖြစ် ဖန်တီးထားပါတယ်။

သူ့ကို ဂျပန်မှာ အောက်တိုဘာလတွင် ရောင်းဖို့ စီစဉ်ထားပါတယ်။ Nishikigoi, Nasukon (eggplant) နဲ့ Cherry Berry အရောင်သုံးမျိုးထုတ်လုပ်ပေးထားပါတယ်။ သူ့မှာ တရုတ်ရဲ့ နာမည်ကျော် Messaging App ဖြစ်တဲ့ LINE နဲ့ ဂျပန်မှ Carrier ၃ ခုက ထောက်ပံ့တဲ့ +message အမည်ရ App များကို သုံးနိုင်ပါတယ်။ ဒါပေမယ့်လည်း Play Store မှ App များကိုတော့ ဒေါင်းလုပ်လုပ်လို့ မရပါဘူး။

အနောက်ဘက်မှာ 8MP Camera တစ်လုံးပါပါတယ်။ 1500mAh Battery ၊ 32GB အထိ ဝင်ဆန့်တဲ့ microSDHC Storage ၊ LTE ၊ ဝိုင်ဖိုင်များ ပါပါတယ်။ Siri , Google Assistant တို့မှာ ပါတဲ့ Smart Voice Assistant Calling လုပ်ဆောင်ချက်လည်း ပါပါတယ်။ ဖုန်းအားသွင်းနေစဉ်မှာ နာရီလို အချိန်ပြသပေးတဲ့ Desktop Holder လည်းပါပါတယ်။ သူ့ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : androidpolice

Leave a Reply