Gaming စြမ္းေဆာင္ရည္အျပည့္နဲ႔ ထြက္လာမယ့္ Xiaomi Mi Max 3

0
1081

Xiaomi ရဲ႕စမတ္ဖုန္းသစ္ျဖစ္တဲ့ Mi Max 3 ကိုမိတ္ဆက္မယ့္ရက္အတိအက်ဟာ တရုတ္လူမႈကြန္ရက္ Weibo မွာထြက္ရွိလာပါတယ္။ တရုတ္ကုမၸဏီရဲ႕ အသစ္မိတ္ဆက္မယ့္ phablet နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကို လည္း ဇူလိုင္၁၉ရက္ေန႔မွာ သိရေတာ့မွာမို႔ ရက္အနည္းငယ္သာေစာင့္ရေတာ့မွာပါ။  ဒီေန႔ထြက္လာတဲ့ Teaser မွာေတာ့ ဖုန္းအသစ္ဟာ  ဂိမ္းစြမ္းေဆာင္ရည္အျပည့္နဲ႔အတူ စမတ္ဖုန္းေစ်းကြက္ကို ယွဥ္ၿပိဳင္လာမယ္လို႔ သိရပါတယ္။

သူ႕မွာ 6.99 လက္မနဲ႔ Full HD + (2160 x 1080 pixels) သုံးထားၿပီး 18: 9 အခ်ိဳးနဲ႔ျဖစ္ပါတယ္။ dual ကင္မရာတပ္ဆင္လာမွာျဖစ္ၿပီးအဓိကကင္မရာဟာ 12MP(Sony IMX363 sensor) သုံးလာမွာပါ။ ဒါဟာ flagship ဖုန္းေတြျဖစ္တဲ့ Xiaomi Mi 8 နဲ႔ Mi MIX 2S တို႔မွာသံုးထားတဲ့ ဆင္ဆာအရြယ္အစားနဲ႔ တူညီပါတယ္။ အေရွ႕ဘက္ Selfie ကင္မရာကိုေတာ့  8MP ကိုသာသုံးသြားမွာျဖစ္ၿပီး 1.8 GHz အျမန္ႏႈန္းရိွမယ့္ Octa-core Snapdragon 636 ပရိုဆက္ဆာနဲ႔ ထြက္လာမွာျဖစ္ပါတယ္။

အခ်က္အလက္ပိုင္းအတြက္ 3GB, 4GB ,6 GBRAM လို႔ခြဲျခားထားၿပီး၊ ေဒတာသုိေလွာင္မႈပိုင္းမွာေတာ့ 32GB, 64GB ၊128 GB ဆိုၿပီး ေရြးခ်ယ္ႏုိင္မွာပါ။ Android 8.1 Oreo နဲ႔အတူ ဘက္ထရီအႀကီးစား 5000mAh စြမ္းအားကိုသုံးထားမွာျဖစ္ပါတယ္။ အရြယ္အစား176.15 x 87.4 x 7.99 mm ရွိၿပီး၊အေလးခ်ိန္ကေတာ့  221ဂရမ္ျဖစ္တာေၾကာင့္ အေတာ္ေလးမွာပါ။  ထပ္မံထြက္ထားတဲ့ သတင္းေတြအရ Xiaomi အေနနဲ႔ ပရိုဆက္ဆာစြမ္းအားပိုင္း ပိုမိုေကာင္းမြန္တဲ့ phablet ျဖစ္တဲ့  Mi Max 3 Pro ကို ဇူလိုင္ ၁၉ရက္ေန႔မွာ တၿပိဳင္တည္း မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။ သူ႕မွာေတာ့  Snapdragon 710 ပရိုဆက္ဆာကို သုံးထားမွာျဖစ္ပါတယ္။

unicode

Xiaomi ရဲ့စမတ်ဖုန်းသစ်ဖြစ်တဲ့ Mi Max 3 ကိုမိတ်ဆက်မယ့်ရက်အတိအကျဟာ တရုတ်လူမှုကွန်ရက် Weibo မှာထွက်ရှိလာပါတယ်။ တရုတ်ကုမ္ပဏီရဲ့ အသစ်မိတ်ဆက်မယ့် phablet နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို လည်း ဇူလိုင်၁၉ရက်နေ့မှာ သိရတော့မှာမို့ ရက်အနည်းငယ်သာစောင့်ရတော့မှာပါ။  ဒီနေ့ထွက်လာတဲ့ Teaser မှာတော့ ဖုန်းအသစ်ဟာ  ဂိမ်းစွမ်းဆောင်ရည်အပြည့်နဲ့အတူ စမတ်ဖုန်းဈေးကွက်ကို ယှဉ်ပြိုင်လာမယ်လို့ သိရပါတယ်။

သူ့မှာ 6.99 လက်မနဲ့ Full HD + (2160 x 1080 pixels) သုံးထားပြီး 18: 9 အချိုးနဲ့ဖြစ်ပါတယ်။ dual ကင်မရာတပ်ဆင်လာမှာဖြစ်ပြီးအဓိကကင်မရာဟာ 12MP(Sony IMX363 sensor) သုံးလာမှာပါ။ ဒါဟာ flagship ဖုန်းတွေဖြစ်တဲ့ Xiaomi Mi 8 နဲ့ Mi MIX 2S တို့မှာသုံးထားတဲ့ ဆင်ဆာအရွယ်အစားနဲ့ တူညီပါတယ်။ အရှေ့ဘက် Selfie ကင်မရာကိုတော့  8MP ကိုသာသုံးသွားမှာဖြစ်ပြီး 1.8 GHz အမြန်နှုန်းရှိမယ့် Octa-core Snapdragon 636 ပရိုဆက်ဆာနဲ့ ထွက်လာမှာဖြစ်ပါတယ်။

အချက်အလက်ပိုင်းအတွက် 3GB, 4GB ,6 GBRAM လို့ခွဲခြားထားပြီး၊ ဒေတာသိုလှောင်မှုပိုင်းမှာတော့ 32GB, 64GB ၊128 GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။ Android 8.1 Oreo နဲ့အတူ ဘက်ထရီအကြီးစား 5000mAh စွမ်းအားကိုသုံးထားမှာဖြစ်ပါတယ်။ အရွယ်အစား176.15 x 87.4 x 7.99 mm ရှိပြီး၊အလေးချိန်ကတော့  221ဂရမ်ဖြစ်တာကြောင့် အတော်လေးမှာပါ။  ထပ်မံထွက်ထားတဲ့ သတင်းတွေအရ Xiaomi အနေနဲ့ ပရိုဆက်ဆာစွမ်းအားပိုင်း ပိုမိုကောင်းမွန်တဲ့ phablet ဖြစ်တဲ့  Mi Max 3 Pro ကို ဇူလိုင် ၁၉ရက်နေ့မှာ တပြိုင်တည်း မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ သူ့မှာတော့  Snapdragon 710 ပရိုဆက်ဆာကို သုံးထားမှာဖြစ်ပါတယ်။

Leave a Reply