ေစ်းကြက္ထဲမွာ ေရာင္းခ်ေပးေတာ့မယ့္ XIAOMI MI 8 EE

0
1504

Xiaomi အေနနဲ႔ ေမ၃၁ရက္ေန႔ုတုန္းက က်င္းပျပဳလုပ္ခဲ့တဲ့ပြဲမွာ Mi 8 စမတ္ဖုန္းထက္ Feature သစ္မ်ားစြာပါဝင္တဲ့ Xiaomi Mi 8 Explorer Edition ကိုပါမိတ္ဆက္ေပးခဲ့ပါတယ္။  ဒီစမတ္ဖုန္းသစ္ကို ယခုလေႏွာင္ပိုင္းေလာက္မွာ ေရာင္းခ်ႏုိင္ဖုိ႔ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။ အခုေတာ့ စမတ္ဖုန္းသစ္ဟာ model နံပတ္ M1807E8S နဲ႔ TENAA ရဲ႕အသိအမွတ္ျပဳမႈ ရရွိလုိက္ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ စမတ္ဖုန္းကို ယခုလကုန္ပိုင္းေလာက္မွာ စတင္ဝယ္ယူႏုိင္ေတာ့မွာပါ။

Xiaomi Mi 8 Explorer Edition

သူ႕မွာပုံမွန္ Mi8 ဖုန္းနဲ႔ကြဲျပားၿပီးသီးသန္႔လုပ္ေဆာင္ခ်က္ေတြအေနနဲ႔ pressure-sensitive on-screen လက္ေဗြဖတ္စနစ္၊ structured light face recognition နဲ႔အတူ transparent back cover တုိ႔ကိုသံုးထားပါတယ္။ Mi 8 နဲ႕ Mi 8 Explorer Edition ေတြမွာ ဖုန္းရဲ႕ေက်ာဘက္ျခမ္းကုိ Glass Panel သုံးထားတာျခင္း တူေပမယ့္ Mi 8 Explorer Edition စမတ္ဖုန္းမွာေတာ့ ဖုန္းရဲ႕ေက်ာဘက္ျခမ္းအတြင္းအစိတ္အပုိင္းမ်ားကုိ လွပစြာ ေဖာက္ထြင္း ျမင္ေတြ႕ေနရမယ့္ Glass Panel ဒီဇုိင္းနဲ႕တန္ဆာဆင္ထားတာပါ။

Xiaomi Mi 8 Explorer Edition

ဒီ Design မ်ိဳးကုိေတာ့ HTC ထုတ္စမတ္ ဖုန္းေတြျဖစ္တဲ့ HTC U11 နဲ႕ U12 တုိ႕မွာေတြ႕ျမင္ခဲ့ရျပီးျဖစ္ပါတယ္။ Mi 8 Explorer Edition ကိုုေတာ့ 8GB RAM /128GB  တမ်ိဳးတည္းသာ ထုုတ္လုုပ္ေပးထားပါတယ္။ Camera ပိုုင္းကိုုေတာ့ 12MP + 12MP Dual ကင္မရာ တပ္ဆင္ေပးထားၿပီး 4-axis OIS, Dual Pixel autoflcus, AI portraits, AI scene detection နဲ႔ video editing စတဲ့လုပ္ေဆာင္ခ်က္ေတြကို ထည့္သြင္းထားပါတယ္။ Resolution အေနနဲ့ FHD+ Display မွာ 2248p x 1080p ရွိမွာျဖစ္ၿပီး  ပရိုဆက္ဆာပိုင္းမွာေတာ့Snapdragon 845 SoC ကိုသုံးထားပါတယ္။

unicode

Xiaomi အနေနဲ့ မေ၃၁ရက်နေ့ုတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ပွဲမှာ Mi 8 စမတ်ဖုန်းထက် Feature သစ်များစွာပါဝင်တဲ့ Xiaomi Mi 8 Explorer Edition ကိုပါမိတ်ဆက်ပေးခဲ့ပါတယ်။  ဒီစမတ်ဖုန်းသစ်ကို ယခုလနှောင်ပိုင်းလောက်မှာ ရောင်းချနိုင်ဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ အခုတော့ စမတ်ဖုန်းသစ်ဟာ model နံပတ် M1807E8S နဲ့ TENAA ရဲ့အသိအမှတ်ပြုမှု ရရှိလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းကို ယခုလကုန်ပိုင်းလောက်မှာ စတင်ဝယ်ယူနိုင်တော့မှာပါ။

သူ့မှာပုံမှန် Mi8 ဖုန်းနဲ့ကွဲပြားပြီးသီးသန့်လုပ်ဆောင်ချက်တွေအနေနဲ့ pressure-sensitive on-screen လက်ဗွေဖတ်စနစ်၊ structured light face recognition နဲ့အတူ transparent back cover တို့ကိုသုံးထားပါတယ်။ Mi 8 နဲ့ Mi 8 Explorer Edition တွေမှာ ဖုန်းရဲ့ကျောဘက်ခြမ်းကို Glass Panel သုံးထားတာခြင်း တူပေမယ့် Mi 8 Explorer Edition စမတ်ဖုန်းမှာတော့ ဖုန်းရဲ့ကျောဘက်ခြမ်းအတွင်းအစိတ်အပိုင်းများကို လှပစွာ ဖောက်ထွင်း မြင်တွေ့နေရမယ့် Glass Panel ဒီဇိုင်းနဲ့တန်ဆာဆင်ထားတာပါ။

ဒီ Design မျိုးကိုတော့ HTC ထုတ်စမတ် ဖုန်းတွေဖြစ်တဲ့ HTC U11 နဲ့ U12 တို့မှာတွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။ Mi 8 Explorer Edition ကိုတော့ 8GB RAM /128GB  တမျိုးတည်းသာ ထုတ်လုပ်ပေးထားပါတယ်။ Camera ပိုင်းကိုတော့ 12MP + 12MP Dual ကင်မရာ တပ်ဆင်ပေးထားပြီး 4-axis OIS, Dual Pixel autoflcus, AI portraits, AI scene detection နဲ့ video editing စတဲ့လုပ်ဆောင်ချက်တွေကို ထည့်သွင်းထားပါတယ်။ Resolution အနေနဲ့ FHD+ Display မှာ 2248p x 1080p ရှိမှာဖြစ်ပြီး  ပရိုဆက်ဆာပိုင်းမှာတော့Snapdragon 845 SoC ကိုသုံးထားပါတယ်။

Leave a Reply