Galaxy Note 9 ရဲ႕ေစ်းႏႈန္းနဲ႔ ေၾကာ္ျငာဓာတ္ပုံ ထြက္လာ

0
1681

Samsung အေနနဲ႔ Galaxy Note 9 ကိုေနာက္လမွာ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ ၾသဂုတ္လ ၉ရက္ေန႔ နယူးေယာက္မွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။  ဒီေန႔မွာေတာ့ Galaxy Note 9 ရဲ႕ေစ်းႏႈန္းနဲ႔အတူ ထြက္ရွိလာမယ့္ အေရာင္ေတြအေၾကာင္း သတင္းေတြ ထြက္ရွိလာပါတယ္။ ပုိလန္ဝက္ဘ္ဆိုက္တစ္ခုက ထြက္လာ တာျဖစ္ၿပီး ေစ်းႏႈန္းကေတာ့ 6GBRAM နဲ႔ 128GB သိုေလွာင္မႈကို $1160 ေလာက္က်သင့္မယ္လို႔ ဆိုပါတယ္။

ပိုလန္ဝက္ဘ္ဆုိက္မွာ တက္လာတဲ့သတင္းမရ black, purple ၊ blue ကာလာေတြနဲ႔ ထြက္လာမယ္လို႔ သိရပါတယ္။ ထြက္ရွိထားတဲ့ သတင္းအခ်က္အလက္ေတြအရ Galaxy Note 9 ရဲ႕ screen ကို Infinity Display 2.0 ကိုသုံးလာမယ္လို႔ ဆိုပါတယ္။  6.3 inches မွာSuper AMOLED နည္းပညာသုံးလာမွာျဖစ္ၿပီး  18.5: 9 အခ်ိဳးနဲ႔ျဖစ္မွာပါ။ ၿပီးခဲ့တဲ့ႏွစ္ကထြက္ထားတဲ့ Note 8 နဲ႔အဓိက ကြာျခားခ်က္အေနနဲ႔ fingerprint scanner ကို dual ကင္မရာရဲ႕ေအာက္ဘက္မွာ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။

ပရိုဆက္ဆာပိုင္းမွာေတာ့ Exynos 9810 နဲ႔ Qualcomm Snapdragon 845 ဆိုၿပီးခြဲျခား ထြက္ရွိလာမွာပါ။ Galaxy Note 9 ကို 6GB RAM နဲ႔အတူ 64GB, 128 (သုိ႔) 256GB  နဲ႔ထြက္ရွိလာမွာျဖစ္ၿပီး အထူးဗားရွင္း အေနနဲ႔ 8GBRAM /512GB သိုေလွာင္မႈနဲ႔ပါ ထုတ္လုပ္လာပါလိမ့္မယ္။

ဘက္ထရီစြမ္းအားပိုင္းမွာေတာ့ 4000mAh ကိုသုံးလာမွာျဖစ္ၿပီး S Pen ဟာ Bluetooth-controller စြမ္းေဆာင္ခ်က္ ေထာက္ပံ့လာမွာ ျဖစ္ပါတယ္။ မိတ္ဆက္မယ့္ရက္ထဲက ႀကိဳတင္မွာယူမႈေတြ ျပဳလုပ္ႏိုင္မွာျဖစ္ၿပီး ၾသဂုတ္လ ၂၄ရက္ေန႔မွာ စတင္ေရာင္းခ် သြားမွာျဖစ္ပါတယ္။ ဒီေန႔ထြက္လာတဲ့ ပုံမွေတာ့ Samsung Galaxy Note9 ပံုႏွင့္အတူ အ၀ါေရာင္ S Pen လည္း ပါ၀င္ပါတယ္။ ဒါေပမယ့္ S Pen ရဲ႕ထိပ္မွာေတာ့ အျပာေရာင္သံုးထားပါတယ္။

unicode

Samsung အနေနဲ့ Galaxy Note 9 ကိုနောက်လမှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ သြဂုတ်လ ၉ရက်နေ့ နယူးယောက်မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။  ဒီနေ့မှာတော့ Galaxy Note 9 ရဲ့ဈေးနှုန်းနဲ့အတူ ထွက်ရှိလာမယ့် အရောင်တွေအကြောင်း သတင်းတွေ ထွက်ရှိလာပါတယ်။ ပိုလန်ဝက်ဘ်ဆိုက်တစ်ခုက ထွက်လာ တာဖြစ်ပြီး ဈေးနှုန်းကတော့ 6GBRAM နဲ့ 128GB သိုလှောင်မှုကို $1160 လောက်ကျသင့်မယ်လို့ ဆိုပါတယ်။

ပိုလန်ဝက်ဘ်ဆိုက်မှာ တက်လာတဲ့သတင်းမရ black, purple ၊ blue ကာလာတွေနဲ့ ထွက်လာမယ်လို့ သိရပါတယ်။ ထွက်ရှိထားတဲ့ သတင်းအချက်အလက်တွေအရ Galaxy Note 9 ရဲ့ screen ကို Infinity Display 2.0 ကိုသုံးလာမယ်လို့ ဆိုပါတယ်။  6.3 inches မှာSuper AMOLED နည်းပညာသုံးလာမှာဖြစ်ပြီး  18.5: 9 အချိုးနဲ့ဖြစ်မှာပါ။ ပြီးခဲ့တဲ့နှစ်ကထွက်ထားတဲ့ Note 8 နဲ့အဓိက ကွာခြားချက်အနေနဲ့ fingerprint scanner ကို dual ကင်မရာရဲ့အောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

ပရိုဆက်ဆာပိုင်းမှာတော့ Exynos 9810 နဲ့ Qualcomm Snapdragon 845 ဆိုပြီးခွဲခြား ထွက်ရှိလာမှာပါ။ Galaxy Note 9 ကို 6GB RAM နဲ့အတူ 64GB, 128 (သို့) 256GB  နဲ့ထွက်ရှိလာမှာဖြစ်ပြီး အထူးဗားရှင်း အနေနဲ့ 8GBRAM /512GB သိုလှောင်မှုနဲ့ပါ ထုတ်လုပ်လာပါလိမ့်မယ်။

ဘက်ထရီစွမ်းအားပိုင်းမှာတော့ 4000mAh ကိုသုံးလာမှာဖြစ်ပြီး S Pen ဟာ Bluetooth-controller စွမ်းဆောင်ချက် ထောက်ပံ့လာမှာ ဖြစ်ပါတယ်။ မိတ်ဆက်မယ့်ရက်ထဲက ကြိုတင်မှာယူမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး သြဂုတ်လ ၂၄ရက်နေ့မှာ စတင်ရောင်းချ သွားမှာဖြစ်ပါတယ်။ ဒီနေ့ထွက်လာတဲ့ ပုံမှတော့ Samsung Galaxy Note9 ပုံနှင့်အတူ အဝါရောင် S Pen လည်း ပါဝင်ပါတယ်။ ဒါပေမယ့် S Pen ရဲ့ထိပ်မှာတော့ အပြာရောင်သုံးထားပါတယ်။

Leave a Reply