Snapdragon 450 ပရိုဆက္ဆာ သုံးလာမယ့္ Samsung Galaxy J6+

0
713

Samsung အေနနဲ႔ၿပီးခဲ့တဲ့ ေမလေလာက္က Galaxy J4 နဲ႔ Galaxy J6 ဖုန္းေတြကို ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ အခုေတာ့ Samsung အေနနဲ႔  Galaxy J6 ရဲ႕ Plus-sized ဗားရွင္းကို ထုတ္လုပ္ဖို႔ ျပဳလုပ္ေနပါတယ္။  xda-developers မွာတက္လာတဲ့ အခ်က္အလက္ေတြအရ Samsung အေနနဲ႔ စမတ္ဖုန္းသစ္ရဲ႕ codenamed ကို  j6plte လို႔ေပးထားၿပီး ဒါဟာ J6 Plus LTE ဗားရွင္း ျဖစ္ႏုိင္ပါတယ္။  firmware ဖိုင္မွာေတာ့ “Samsung J6-Plus LTE CIS SER” လို႔ေပးထားၿပီး သူ႕မွာပရိုဆက္ဆာပိုင္းအတြက္ Snapdragon 450 chipset ကိုသံုးလာမွာ ျဖစ္ပါတယ္။

Samsung အေနနဲ႔ Galaxy J6 မွာတုံးက Exynos 7870 Octa ကိုအသုံးျပဳခဲ့ပါတယ္။  စမတ္ဖုန္းရဲ႕ အျခားေမာ္ဒယ္နာမည္အေနနဲ႔ Samsung Galaxy On6+ဆုိၿပီးသတ္မွတ္ထားၿပီး သူ႕မွာ 5.6″ (1480×720) နဲ႔အတူ 18.5:9 aspect ratio ကိုသုံးလာဖုိ႔ မ်ားပါတယ္။ ေနာက္ေက်ာဘက္မွာ ကင္မရာ၂လုံးတပ္ဆင္ထားမယ့္ ဆိုေပမယ့္ အရည္အေသြးကိုေတာ့ မသိရေသးပါဘူး။ Galaxy J6 မွာတုန္းကေတာ့ 13MP ကင္မရာတစ္လုံးကိုသာ တပ္ဆင္ထားပါတယ္။

4,350 mAh ဘက္ထရီစြမ္းအားနဲ႔ ျဖစ္ၿပီးAndroid Oreo တစ္ပါတည္း ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။ Samsung အေနနဲ႔ J-series ဖုန္းေတြကို အျခားနာမည္တစ္ခုျဖစ္တဲ့  On-series နာမည္နဲ႔ အိႏိၵယေစ်းကြက္မွာ ေရာင္းခ်ေပးေလ့ရွိတာေၾကာင့္ အခု Snapdragon 450 သံုးထားတဲ့ ဖုန္းကလည္း Samsung Galaxy On6+ ဆိုၿပီး ေစ်းကြက္ထဲကို ပုံစံေျပာင္းလဲဝင္ေရာက္ႏိုင္ပါတယ္။ စမတ္ဖုန္းသစ္ကို ထုတ္ေဖာ္မယ့္ အခ်ိန္ကို မသိရွိရေသးေပမယ့္  Galaxy A6+ နဲ႔ Galaxy A8+ ဖုန္းေတြထက္ ေစ်းသက္သာႏုိင္ပါတယ္။

unicode

Samsung အနေနဲ့ပြီးခဲ့တဲ့ မေလလောက်က Galaxy J4 နဲ့ Galaxy J6 ဖုန်းတွေကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Samsung အနေနဲ့  Galaxy J6 ရဲ့ Plus-sized ဗားရှင်းကို ထုတ်လုပ်ဖို့ ပြုလုပ်နေပါတယ်။  xda-developers မှာတက်လာတဲ့ အချက်အလက်တွေအရ Samsung အနေနဲ့ စမတ်ဖုန်းသစ်ရဲ့ codenamed ကို  j6plte လို့ပေးထားပြီး ဒါဟာ J6 Plus LTE ဗားရှင်း ဖြစ်နိုင်ပါတယ်။  firmware ဖိုင်မှာတော့ “Samsung J6-Plus LTE CIS SER” လို့ပေးထားပြီး သူ့မှာပရိုဆက်ဆာပိုင်းအတွက် Snapdragon 450 chipset ကိုသုံးလာမှာ ဖြစ်ပါတယ်။

Samsung အနေနဲ့ Galaxy J6 မှာတုံးက Exynos 7870 Octa ကိုအသုံးပြုခဲ့ပါတယ်။  စမတ်ဖုန်းရဲ့ အခြားမော်ဒယ်နာမည်အနေနဲ့ Samsung Galaxy On6+ဆိုပြီးသတ်မှတ်ထားပြီး သူ့မှာ 5.6″ (1480×720) နဲ့အတူ 18.5:9 aspect ratio ကိုသုံးလာဖို့ များပါတယ်။ နောက်ကျောဘက်မှာ ကင်မရာ၂လုံးတပ်ဆင်ထားမယ့် ဆိုပေမယ့် အရည်အသွေးကိုတော့ မသိရသေးပါဘူး။ Galaxy J6 မှာတုန်းကတော့ 13MP ကင်မရာတစ်လုံးကိုသာ တပ်ဆင်ထားပါတယ်။

4,350 mAh ဘက်ထရီစွမ်းအားနဲ့ ဖြစ်ပြီးAndroid Oreo တစ်ပါတည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Samsung အနေနဲ့ J-series ဖုန်းတွေကို အခြားနာမည်တစ်ခုဖြစ်တဲ့  On-series နာမည်နဲ့ အိန္ဒိယဈေးကွက်မှာ ရောင်းချပေးလေ့ရှိတာကြောင့် အခု Snapdragon 450 သုံးထားတဲ့ ဖုန်းကလည်း Samsung Galaxy On6+ ဆိုပြီး ဈေးကွက်ထဲကို ပုံစံပြောင်းလဲဝင်ရောက်နိုင်ပါတယ်။ စမတ်ဖုန်းသစ်ကို ထုတ်ဖော်မယ့် အချိန်ကို မသိရှိရသေးပေမယ့်  Galaxy A6+ နဲ့ Galaxy A8+ ဖုန်းတွေထက် ဈေးသက်သာနိုင်ပါတယ်။

Leave a Reply