Posted on Leave a comment

Samsung က ဒီနှစ်ထဲမှာ Galaxy Watch ထုတ်ဖို့အတွက် ကြိုးစားနေ

Zawgyi version





 

Unicode version

Samsung က gear watch ကို ၂၀၁၄ ခုနှစ်မှာထဲက စထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Samsung က smartwatch ကိုပြောင်းလဲပြီးတော့ Galaxy Watch ဆိုတဲ့ နာမည်နဲ့ ထွက်ရှိလာမယ်လို့လဲ သတင်းတွေ ရရှိပါသေးတယ်။ နာမည်ပြောင်းလိုက်ခြင်းရဲ့ အဓိကကတော့ Samsung Galaxy Watch ဆိုတဲ့နာမည်နဲ့ ကိုရီးယားမှာရပ်တည်ချင်လို့ပဲ ဖြစ်ပါတယ်တဲ့။ Samsung ရဲ့ Galaxy ဆိုတဲ့ နာမည်ကို အစွဲပြုပြီး ထုတ်လုပ်ချင်တာပါတဲ့။ Galaxy brand ကအစထဲက နာမည်ကြီးပြီး ရောင်းအားရောင်းတဲ့ထဲမှာ ပါလို့လဲ ဖြစ်ပါတယ်။
Samsung က နာမည်ကသာ Galaxy watch ပြောင်းသွားသော်လဲ သူ့ရဲ့ အသစ်ထွက်ရှိမဲ့ smartwatch ကို Google ရဲ့ Wear OS မှာ run မှာဖြစ်ပဲ ဖြစ်ပါတယ်။ Samsung ရဲ့ ကိုယ်ပိုင် Tizen-based smartwatch OS ရှိသော်လဲပဲ သူက သုံးစွဲရတာ နည်းနည်းအခက်အခဲကြောင့်ပါတဲ့။
User တွေကတော့ နာမည်ပြောင်းသွားတာနဲ့ ဘာတွေများပိုပြီး ထူးခြားလာနိုင်မလဲ ဒါမှမဟုတ် OS ပြောင်းသွားတဲ့အတွက်ကြောင့် ဘာတွေများ support လုပ်ပေးနိုင်မလဲ ဆိုပြီး စောင့်မျှော်နေကြရမှာပဲ ဖြစ်ပါတယ်။
Samsung ကတော့ သူ့ရဲ့ Galaxy Smartwatch ကို August လကုန်လောက်မှာ မိတ်ဆက်မယ်လို့လဲ သတင်းထွက်ရှိထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.