ASUS ZenFone 5 review: mid-range ထဲမွာ ထူးျခားပါတယ္

0
2171

Zawgyi Version

၂၀၁၇ခုႏွစ္မွာ ဖုန္းအလံုးေရအနည္းငယ္ေလာက္ထြက္ရွိအျပီးမွာေတာ့ ျဗိတိန္ေစ်းကြက္ကို ZenFone 5 နဲ႕ ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။

ASUS ဟာ ဖုန္းေတြကုိ အရင္ႏွစ္ေတြကတည္းက ထုတ္လုပ္ခဲ့တာျဖစ္ေပမယ့္လည္း ျဗိတိန္ေစ်းကြက္ဆိုရင္ေတာ့ first generation ျပီးေနာက္မွာ မ၀င္ႏုိင္ေတာ့ပါဘူး။ ၂၀၁၇ခုႏွစ္မွာ ျပန္လည္ေရာက္ရွိသြားျပီးေတာ့ ၂၀၁၈ခုႏွစ္မွာေတာ့ ေနာက္တစ္ၾကိမ္ထပ္ေပါက္ပါလိမ့္ဦးမယ္။ ေစ်းႏႈန္းမွန္၊ ပစၥည္းမွန္နဲ႕ ေရာက္ရွိလာတာျဖစ္ပါတယ္။

ZenFone 5 က ယူေကမွာ ဂ်ဴလုိင္၉ရက္ေန႕ကစျပီးေတာ့ £350 နဲ႕ ေရာင္းခ်ေပးေနပါျပီ။ သူဟာ စြမ္းေဆာင္ရည္သင့္အမ်ိဳးအစားျဖစ္ျပီးေတာ့ ေစ်းႏႈန္းကလည္း သင့္တင့္ပါတယ္။ ဖုန္းအလံုးေရအေတာ္မ်ားမ်ားကို ယွဥ္ျပိဳင္ေနရတာျဖစ္လို႕ AI ကင္မရာနဲ႕ ဆြဲေဆာင္ထားပါတယ္။

ASUS ZenFone 5

Price: £350

စဥ္းစားသင့္တဲ့အခ်က္ – ZenFone 5 က ေစ်းႏႈန္းေလးလည္းသင့္သလို ဆြဲေဆာင္မႈလည္းရွိပါတယ္။ OnePlus 6 နဲ႕ေတာ့ အေတာ္ေလးကြာျခားေနပါတယ္။ ဒါေပမယ့္လည္း software support ပိုင္းမွာေတာ့ ZenFone 5 က အႏုိင္ရထားပါတယ္။

အားသာခ်က္ :

  • ခံ့ညားတဲ့ဒီဇုိင္း
  • ၾကည့္ေကာင္းတဲ့ display
  • ကင္မရာေကာင္းေကာင္း
  • ေစ်းႏႈန္းအသင့္တင့္

အားနည္းခ်က္ :

  • Zenimoji ကေတာ့ သိပ္မမိုက္တဲ့စိတ္ကူးပါ
  • notch မၾကိဳက္ရင္ေတာ့ သတင္းဆိုးေျပာရမယ္ထင္တယ္

ဘာၾကီးနဲ႕တူသလဲဆိုတာစဥ္းစားၾကည့္လိုက္ရင္ Android အသံုးျပဳထားတဲ့ iPhone X ၾကီးလိုပါပဲ။ ဒါေပမယ့္လည္း iPhone X ေတာင္မွ ေစ်းသက္သာတဲ့ iPhone X ထက္ ေစ်းခ်ိဳပါလိမ့္မယ္။ ယူေကမွာ £350 ပဲဆိုေတာ့ အလတ္တန္းစား Android စမတ္ဖုန္းလို႕ ေျပာရမွာပါ။

Hardware နဲ႕ အခ်က္အလက္ေလးေတြကို ၾကည့္လိုက္ရေအာင္။

Screen – 6.2-inch FHD+ (2246 x 1080) Super IPS+

Chipset – Snapdragon 636

RAM – 4GB

Storage – 64GB

Rear Camera 1 – 12MP, ƒ/1.7

Rear Camera 2 – 12MP, 120-degree wide-angle

Front Camera – 8MP, ƒ/2.0

Battery – 3300mAh w/ fast charge

Connectivity – Wi-Fi 802.11 ac, BT 5.0

Security – Fingerprint sensor, Face Unlock

Colors – Meteor Silver, Midnight Blue

Dimensions – 153 x 75.6 x 7.7mm

Weight – 165g

Price – £350

အရမ္းေတာ့မဆိုးဘူးမလား။

Related image

ထင္ရွားတာကေတာ့ notch ပါေနတဲ့ display ပါပဲ။ ဒါေပမယ့္ 6.2-inch 2246 x 1080 resolution နဲ႕ 90% screen-to-body ratio တို႕ကေတာ့ အေရွ႕ပိုင္းမွာ ေနရာယူထားဦးမွာပါ။ အနားသတ္ေတြ ပါးလႊာေနတဲ့ေဘးေတြနဲ႕အတူ ေအာက္မွာထင္းေနတဲ့ ေဘာင္ေလးကေတာ့ ရွိေနဦးမွာပါ။

Notch ပါရေတာ့မယ္ဆိုရင္ေတာင္ ASUS လိုမ်ိဳး လုပ္သင့္တာကို လုပ္ပါ။ အေတာ္ေလးလွပါတယ္။ စြမ္းေဆာင္ရည္သင့္စမတ္ဖုန္းအတြက္ေတာ့ ေကာင္းလြန္းေနပါျပီ။

Display ကို လ်စ္လ်ဴရွွဳထားလိုက္မယ္ဆိုရင္ေတာ့ အေနာက္ဘက္ဒီဇုိုင္းကို ၾကိဳက္ႏွစ္သက္ေလာက္မွာပါ။ ခံ့ညားပါတယ္။ Midnight Blue ကို စမ္းသံုးၾကည့္ခဲ့တာပါ။ အေရွ႕ဘက္ကေတာ့ အနက္ေရာင္၊ သတၳဳဖရိန္ကေတာ့ ေမွာင္ေနျပီး အနက္ေရာင္မေပါက္ပါဘူး။ အေနာက္ဘက္က glass panel ကလည္း mirrored blue ကို အသံုးျပဳျပီး ဆြဲေဆာင္ထားသလိုပါပဲ။ display အစြန္းေလးေတြကေတာ့ ေကြးညြတ္ေနျပီးေတာ့ ဖရိန္ထဲကို ေသေသသပ္သပ္ပဲ ၀င္ေနပါတယ္။

စားပြဲေပၚမွာ ဒီအတုိင္းတင္မထားပါနဲ႕။ ၾကမ္းျပင္ေပၚကေန မေကာက္ခ်င္ဘူးဆိုရင္ေပါ့။

Related image

ZenFone 4 ကေတာ့ ပိုၾကည့္ေကာင္းပါတယ္။ iPhone X ခံစားမႈနဲ႕ဆိုရင္ေတာ့ ZenFone 5 ကေတာ့ မတူျခားနားပါတယ္။ အေရွ႕ပိုင္းမွာ display ကို ဦးစားေပးထားျပီးေတာ့ အေနာက္ဘက္မွာ fingerprint sensor ကို အသံုးျပဳထားပါတယ္။ ASUS ရဲ႕ face unlock ကလည္း အားျဖည့္ကူညီေပးထားပါေသးတယ္။

Hardware ေတြက ကုန္က်စရိတ္သိပ္မမ်ားဘဲနဲ႕ ပရီမီယမ္ဆန္ေနပါတယ္။ ASUS ဟာ TPU case ေလးကိုထည့္ေပးထားလို႕ အေနာက္ဘက္ Glass Panel ကို ေကာင္းေကာင္းကာကြယ္ေပးထားပါတယ္။ ခံစားမႈလည္း ေကာင္းမြန္ပါတယ္။ ဒါေပမယ့္လည္း ZenFone 5 ရဲ႕ အျပင္ပိုင္းကေတာ့ iPhone 8 Plus ထက္ ပိုေကာင္းတယ္လို႕ ခံစားမိပါတယ္။ ေျမွာက္ေျပာတာ သိသာလြန္းသြားလား။

အတြင္းပိုင္းမွာေတာ့ ASUS ဟာ Snapdragon 636 CPU ကို အသံုးျပဳထားပါတယ္။ အရင္ဖုန္းကေတာ့ Snapdragon 630 ကိုသာ အသံုးျပဳထားတာပါ။ သူဟာ 4GB RAM ၊ 64GB မမ္မိုရီကို အသံုးျပဳထားပါတယ္။ ျပီးေတာ့ ကဒ္ကိုလည္း စိုက္ႏုိင္ပါတယ္။ စြမ္းေဆာင္ရည္ကေတာ့ ေကာင္းမြန္ပါတယ္။ ASUS က stock Android မဟုတ္ေပမယ့္လည္း ေန႕စဥ္အသံုးျပဳမႈအတြက္ကေတာ့ အဆင္ေျပပါတယ္။

ZenFone 5 ကေတာ့ Pixel 2 နဲ႕ ခံစားမႈ၊ သံုးစြဲမႈေလးေတြမွာ ကြဲျပားေနပါတယ္။ အခ်ိ္န္ေတြၾကာလာေတာ့ ထူးျခားမႈေလးေတြ ျဖစ္တတ္ေပမယ့္လည္း ခံစားမႈကိုပ်က္ျပားသြားေစတာမ်ိဳးေတာ့ မရွိပါဘူး။ Final Fantasy 15 Pocket Edition ကို ေဆာ့ၾကည့္တဲ့အခါမွာ ေကာင္းမြန္ပါတယ္။ ထူးျခားေနတဲ့ ဖရိန္ေက်ာ္သြားတာေလးေလာက္ကို မမႈဘူးဆိုရင္ေတာ့ ဖုန္းေကာင္းတစ္လံုးလို႕ ေျပာရမလားပဲ။

gaming performance ကို ေကာင္းမြန္ေစဖို႕အတြက္ ASUS’ Game Genie ေလးရွိပါတယ္။ optimizations ေလးေတြကိုလုပ္ေဆာင္ထားျပီးေတာ့ ဂိမ္းကစားေနတဲ့အခ်ိန္မွာ ေႏွာင့္ယွက္မႈေတြကို ၀င္မလာေအာင္ တားဆီးေပးထားမွာလည္း ျဖစ္ပါတယ္။ Game Genie က သင့္ရဲ႕ mobile escapades ဒါမွမဟုတ္ YouTube မွာၾကည့္ထားတာေလးေတြကိုလည္း မွတ္သားထားေပးမွာပါ။

စပီကာေလးေတြကေတာ့ ေတာင့္ပါတယ္။ ဂိမ္းေဆာ့မလား၊ သင့္ရဲ႕အၾကိဳက္ဆံုးသီခ်င္းေတြကိုနားေထာင္မလား အိုေကပါပဲ။ အရည္အေသြးကေတာ့ ေျပာရေလာက္ေအာင္မဟုတ္ပါဘူး။ စြမ္းေဆာင္ရည္သင့္စမတ္ဖုန္းတစ္လံုးဆီက ေမွ်ာ္မွန္းထားသေလာက္ပါပဲ။ အသံကေတာ့ က်ယ္ပါတယ္။ outdoor mode ဆိုရင္ ပိုက်ယ္ပါတယ္။ ဒီေတာ့ လူရွဳပ္တဲ့လမ္းေတြေပၚမွာ ရွိေနရင္ေတာင္ ဖုန္းေခၚလို႕မၾကားတာမ်ိဳး မျဖစ္ေတာ့ပါဘူး။

ASUS ZenFone 5 Software ကေတာ့ အရမ္းမိုက္ပါတယ္

ASUS mobile software မွာ ရွဳပ္ယွက္ေတြခတ္ေနတာမ်ိဳးက အဆံုးသတ္သြားပါျပီ။ ရိုးရိုးသားသား၀န္ခံရမယ္ဆုိရင္ ZenFone 4 ကေတာ့ လုပ္ေဆာင္ခ်က္ေကာင္းမြန္ပါတယ္။ ဒါေပမယ့္ ZenUI 5 ကေတာ့ ေနာက္ထပ္ၾကိဳးစားမႈတစ္ခုပါပဲ။ Google က သူ႕ရဲ႕ကိုယ္ပိုင္ဖုန္းေတြမွာ လုပ္ေဆာင္ေပးသေလာက္ေတာင္ ရွိလာပါျပီ။

Launcher အသစ္ကေတာ့ Pixel launcher ကို နည္းနည္း တုပထားပါတယ္။ အစဥ္လိုက္ျမင္ခ်င္တယ္ဆိုရင္ေတာ့ နည္းနည္းစိတ္ပူစရာလိုပါတယ္။ ဒါေပမယ့္လည္း settings ထဲမွာ ျပင္လို႕လြယ္ပါတယ္။

ASUS ရဲ႕ ကိုယ္ပိုင္ app ေတြကို အဆင္မေျပဘူးဆိုရင္ contacts ေတြကို Google option နဲ႕ ျပန္ေျပာင္းတာမ်ိဳးေပါ့။ ဒါေပမယ့္လည္း built in ပါေနတဲ့ feature ေလးေတြက အသံုး၀င္တာမ်ိဳးလည္း ရွိပါတယ္။ Mobile Manager ဆိုရင္ ဘတ္ထရီသက္သာေစႏုိင္တဲ့ ထိန္းခ်ဳပ္မႈေလးေတြ ထည့္သြင္းေပးထားပါတယ္။ ဘတ္ထရီကေတာ့ စိုးရိမ္စရာမလိုအပ္ပါဘူး။ 3300mAh ဆိုေတာ့ တစ္ေန႕တာအတြက္ အဆင္ေျပပါတယ္။

ASUS နဲ႕ Google ကို နည္းနည္းေလး mix လုပ္ထားတယ္လို႕ထင္ပါတယ္။ ဒါလည္း အဆင္ေျပပါတယ္။ stock SMS app က Google ျဖစ္ျပီးေတာ့ Google Calendar က default calendar application ျဖစ္ပါတယ္။ ASUS ကေတာ့ dialer, calculator နဲ႕ weather apps တို႕ကိုလုပ္ေဆာင္ထားပါတယ္။

Zen UI ကေတာ့ အေရာင္စံုေနပါတယ္။ stock theme မွာ အျဖဴေရာင္ေနာက္ခံနဲ႕ ေရာင္စံုအုိင္ကြန္ေလးေတြကိုအသံုးျပဳထားျပီးေတာ့ launcher ကေတာ့ ေတာက္ေတာက္ေလးေတြ ျဖစ္ပါတယ္။ ASUS ဖုန္းျဖစ္တဲ့အတြက္ေၾကာင့္ vivid ဒီဇိုင္းမျဖစ္တာမ်ားပါတယ္။ မ်က္လံုးကို ေတာ္ေတာ္ေလးျဖန္႕က်က္ၾကည့္ရမွာပါ။

Software ကလည္း notch ကို အဓိကထားတဲ့ feature ေလးေတြလည္း ေတြ႕ျမင္ရပါတယ္။ မၾကိဳက္ဘူးဆိုရင္ေတာ့ ေဖ်ာက္ထားလို႕ရပါတယ္။ ဒါဆိုရင္ ထိပ္ပိုင္းေလးေတြက အနက္ေလးျဖစ္ေနပါလိမ့္မယ္။ ဒီေတာ့ standard status bar ကို တုပထားသလိုပါပဲ။ ကၽြန္ေတာ္ကေတာ့ notch မၾကိဳက္တဲ့သူျဖစ္တာမို႕ ေဖ်ာက္ထားၾကည့္လိုက္ပါတယ္။ ဒါဆိုရင္လည္း ထူးဆန္းေနသလိုျဖစ္ေနပါတယ္။ ဒီေတာ့ လက္ခံလိုက္တာပဲ ေကာင္းပါတယ္။

ေအာက္ဘက္မွာဆိုရင္လည္း software buttons ေလးေတြကို ေဖ်ာက္ထားႏုိင္ျပီးေတာ့ app ေတြကို ခ်ဲ႕လို႕ရပါတယ္။ ဒါေပမယ့္လည္း app အမ်ားစုုက notch display ကို အျပည့္အ၀မေထာက္ပံ့့ထားေသးေတာ့ ခလုတ္ေလးကိုႏွိပ္ျပီး အဆင္ေျပသလို ကပ္ႏုိင္ပါတယ္။ ဗြီဒီယိုၾကည့္တဲ့အခါမွာ သတိမထားမိေပမယ့္လည္း ပံုမွန္ aspect ratio နဲ႕ျပႏုိင္ေအာင္ ေဘးသားေလးေတြ ျပတ္ေနမွာပါ။

ခံစားရတာကေတာ့ ASUS ဟာ ဒီဖုန္းမွာ display အမ်ိိဳးအစားကို အေရးေပးမထားဘူးလို႕ပါ။ ဘတ္ထရီရာခိုင္ႏႈန္းကိုၾကည့္မယ္ဆိုရင္ status bar က ေထာင့္လံုးေလးနဲ႕ အဆင္မေျပသလိုပါပဲ။

Image result for asus zenfone 5 zenimoji

အဆင္မေျပတာကိုေျပာရမယ္ဆိုရင္ေတာ့ ZenFone 5 software experience ပါပဲ။ ပထမတစ္ခုကေတာ့ Zenimoji ပါ။ သူကေတ့ Apple ရဲ႕ Animoji နဲ႕ ဆင္တူေပမယ့္လည္း ေကာင္းမြန္ေအာင္လုပ္ေဆာင္ထားျခင္းနည္းပါတယ္။ iPhone ကို MS နဲ႕ ပို႕ၾကည့္တဲ့အခါ iPhone က ဖြင့္လို႕မရပါဘူး။ ဘယ္ဖုန္းမွားတယ္ဆိုတာ မေျပာခ်င္ပါဘူး။ ဒါေပမယ့္လည္း သံုးလို႕မရတာကေတာ့ ဆိုးရြားလြန္းပါတယ္။ ZenFone 5 မွာ သိမ္းလိုက္တဲ့ Zenimoji ဟာ အရည္အေသြးနည္းပါးလြန္းတဲ့အတြက္ေၾကာင့္ မသံုးတာေကာင္းပါလိမ့္မယ္။

ေနာက္တစ္ခုကေတာ့ ASUS ရဲ႕ update စနစ္ပါပဲ။ ZenFone 5 သံုးေနတုန္းမွာ pre-release update ေလးခုေလာက္ေတာင္ ရခဲ့ပါတယ္။ တစ္ခုကေတာ့ Zenimoji ထည့္သြင္းေပးတာပါ။ ေနာက္ဆံုးတစ္ခုကေတာ့ May security update ျဖစ္ပါတယ္။ ဒါေပမယ့္ဖုန္းကေတာ့ Android 8.0. Oreo ပါပဲ။ security patch ေနာက္ဆံုးကေတာ့ က်န္ရစ္ေနတုန္းပါပဲ။ ကၽြန္ေတာ္တို႕ကေတာ့ ေနာက္ပိုင္းမွာ ဘယ္လိုေတြလုပ္မလဲဆိုတာ ၾကည့္ခ်င္ပါတယ္။

ASUS ZenFone 5 ရဲ႕ AI ကင္မရာ

AI ဆိုတာကေတာ့ စမတ္ဖုန္းနယ္ပယ္မွာ ေခတ္ထေနတဲ့စကားလံုးျဖစ္ျပီးေတာ့ လူုတိုင္းက AI ကိုဖုန္းထဲကို မရမကထည့္သြင္းေနၾကပါတယ္။ ASUS ကလည္း Huawei လိုမ်ိဳး လုပ္ေဆာင္ထားတဲ့အတြက္ေၾကာင့္ စမတ္ျဖစ္ျပီး သင္ယူႏုိင္စြမ္းရွိတဲ့ AI ကို အသံုးျပဳႏုိင္မွာပါ။

သီအိုရီပိုင္းအရဆုိရင္ေတာ့ အားသာခ်က္ေတြအမ်ားၾကီးရွိပါတယ္။ တကယ္သံုးႏုိင္တာမ်ိဳး၊ မားကတ္တင္းပိုင္းအရ ဆြဲေဆာင္ႏုိင္တာမ်ိဳး လုိခ်င္မိပါတယ္။ အေျခခံအရေတာ့ AI ကင္မရာက သင္ရုိက္ေနတဲ့ scene ကို သိရွိႏုိင္ျပီးေတာ့ အေကာင္းဆံုးရုိက္ခ်က္ျဖစ္ေအာင္ setting ေတြကို အလိုအေလ်ာက္ခ်ိန္ညွိေပးသြားမွာပါ။ ဒါေလးကေတာ့ portrait mode ကို အားျဖည့္ေပးထားတဲ့အစြမ္းေလးလို႕ေျပာရမွာပါ။ သင့္ရဲ႕ေခြးကိုေတာင္ သိႏုိင္ပါတယ္။

အခ်ိန္ၾကာလာတဲ့အခ်ိန္မွာ ZenFone 5 က သင့္ရဲ႕ပံုရိပ္ေတြကို ဘယ္လိုရိုက္ေလ့ရွိေၾကာင္း ဘယ္လိုေတြခ်ိန္ညွိေလ့ရွိေၾကာင္း နားလည္လာမွာပါ။ ရလဒ္ကေတာ့ အရမ္းမုိက္တဲ့ပံုေတြပဲ ျဖစ္ပါတယ္။

Hardware ပိုင္းအရဆိုရင္ေတာ့ အေနာက္ကင္မရာမွာ 12MP sensor ေတြကို အသံုးျပဳထားျပီးေတာ့ main shooter မွာ Sony’s IMX363 ၊ aperture ƒ/1.7 ကို အသံုးျပဳထားပါတယ္။ secondary camera ကေတာ့ 120-degree wide-angle shot ကို ေပးႏုိင္ပါတယ္။ တစ္ခ်က္ေလးနဲ႕ ကင္မရာက ေျပာင္းလဲေပးႏုိင္ပါတယ္။

အေရွ႕ဘက္မွာေတာ့ 8MP ကို အသံုးျပဳထားျပီးေတာ့ ဆယ္လ္ဖီၾကိဳက္သူတစ္ေယာက္ဆိုရင္ေတာ့ ASUS SelfieMaster application ေလးကလည္း သင့္ကိုကူညီေပးဦးမွာပါ။ ကၽြန္ေတာ့အတြက္ အသံုးမ၀င္ေပမယ့္လည္း သူလုပ္ေပးႏုိင္တာေတြ အမ်ားၾကီးရွိေနပါတယ္။

main app ကေတာ့ အေတာ္ေလးရုိးရွင္းပါတယ္။ Google Lens သံုးဖို႕အတြက္ တစ္ခ်က္ေလာက္ပဲထိရမွာပါ။ အရမ္းမိုက္ပါတယ္။ ျပီးေတာ့ creative filter အပံုလိုက္၊ shooting mode ေတြထဲမွာ super-resolution ၊ panorama တို႕လည္း ပါ၀င္ေနပါတယ္။ robust pro mode ကလည္း သင့္စိတ္ၾကိဳက္တုိင္းက် ခ်ိန္ညွိလို႕ရမွာပါ။

ASUS က ကင္မရာပိုင္းမွာ အေတာ္ေလးအသားေပးျပီးေတာ့ ေရာင္းေနခဲ့တာပါ။ ZenFone 2 launch ကတည္းက စတင္ခဲ့တာလို႕ ေျပာရမွာပါပဲ။ ဒီေတာ့ စြမ္းေဆာင္ရည္သင့္စမတ္ဖုန္းကို ရိုက္ခ်က္အမိုက္စားေတြအတြက္ အသံုးျပဳႏုိင္မယ္ဆိုရင္ေတာ့

သင့္ကိုပဲ ဆံုးျဖတ္ခိုင္းရေတာ့မွာပါ။

ASUS ZenFone 5 က ၀ယ္သင့္လား

ZenFone 4 တုန္းကေတာ့ ေစ်းႏႈန္းကိုေ၀ဖန္ခဲ့တယ္။ ယူေကမွာက ျပိဳင္ဘက္ဖုန္းေတြထက္ ေစ်းမ်ားေနတာကိုး။ ZenFone 5 ကေတာ့ အရင္ထက္ £100 နည္းတယ္ဆိုေတာ့ အဆင္ေျပပါတယ္။

£350 တန္ေၾကးနဲ႕ အေကာင္းေတြရႏုိင္ပါတယ္။ ကင္မရာေကာင္းေကာင္း၊ ခံ့ညားျပီး ပရီမီယမ္ဆန္တဲ့ဖုန္းတစ္လံုး၊ ဘတ္ထရီအားမိုက္မိုက္၊ display လန္းလန္းကို ေတြ႕ျမင္ခံစားရမွာပါ။ ဖုန္းေကာင္းတစ္လံုးပါပဲ။ July 8 မတုိင္ခင္ ေအာ္ဒါမွာထားမယ္ဆိုရင္ေတာ့ £300 နဲ႕ ရမွာျဖစ္ပါတယ္။

ASUS က ယူေကေစ်းကြက္ကို ျပန္လည္ေနရာယူေတာ့မယ့္ဟန္ရွိေနပါတယ္။ Tango-fitted ZenFone AR ၊ ေစ်းအရမ္းၾကီးတဲ့ ZenFone 4 တို႕နဲ႕ ျပန္လာခဲ့သလိုေပါ့။ 2018 အတြက္ကေတာ့ ေစ်းမွန္၊ ပစၥည္းမွန္နဲ႕ ေစ်းကြက္ေဖာက္မွာပါ။

ယွဥ္ျပိဳင္ရမယ္ဆိုတာကေတာ့ ေျပာေနစရာမလိုေလာက္ပါဘူး။ Honor 10 ကလည္း ေစ်းသိပ္မၾကီးပါဘူး။ Nokia 7 Plus ကလည္း အဲဒီေစ်းေလာက္ပါပဲ။ Android One ပါေနတာက အားသာခ်က္ပါပဲ။ အဆိုးၾကီးေတာ့ မဟုတ္ပါဘူး။ ASUS ကသာ software update ေကာင္းမယ္ဆိုရင္ေတာ့ အဆင္ေျပေလာက္မွာပါ။

တစ္ခုတည္းစဥ္းစားမယ္ဆိုရင္ေတာ့ ZenFone 5 က တကယ့္ကိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္သင့္ စမတ္ဖုန္းတစ္လံုး ျဖစ္ပါတယ္။ ASUS ဖုန္းေတြထဲမွာ အေတာ္ေလးတုိးတက္ေကင္းမြန္ျပီးေတာ့ သံုးရတာလည္း အဆင္ေျပပါတယ္။ Zenimoji ကလြဲရင္ အဆင္ေျပတယ္လို႕ ေျပာရမွာပါပဲ။

Unicode Version

၂၀၁၇ခုနှစ်မှာ ဖုန်းအလုံးရေအနည်းငယ်လောက်ထွက်ရှိအပြီးမှာတော့ ဗြိတိန်ဈေးကွက်ကို ZenFone 5 နဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ASUS ဟာ ဖုန်းတွေကို အရင်နှစ်တွေကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့်လည်း ဗြိတိန်ဈေးကွက်ဆိုရင်တော့ first generation ပြီးနောက်မှာ မဝင်နိုင်တော့ပါဘူး။ ၂၀၁၇ခုနှစ်မှာ ပြန်လည်ရောက်ရှိသွားပြီးတော့ ၂၀၁၈ခုနှစ်မှာတော့ နောက်တစ်ကြိမ်ထပ်ပေါက်ပါလိမ့်ဦးမယ်။ ဈေးနှုန်းမှန်၊ ပစ္စည်းမှန်နဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။
ZenFone 5 က ယူကေမှာ ဂျူလိုင်၉ရက်နေ့ကစပြီးတော့ £350 နဲ့ ရောင်းချပေးနေပါပြီ။ သူဟာ စွမ်းဆောင်ရည်သင့်အမျိုးအစားဖြစ်ပြီးတော့ ဈေးနှုန်းကလည်း သင့်တင့်ပါတယ်။ ဖုန်းအလုံးရေအတော်များများကို ယှဉ်ပြိုင်နေရတာဖြစ်လို့ AI ကင်မရာနဲ့ ဆွဲဆောင်ထားပါတယ်။

ASUS ZenFone 5
Price: £350
စဉ်းစားသင့်တဲ့အချက် – ZenFone 5 က ဈေးနှုန်းလေးလည်းသင့်သလို ဆွဲဆောင်မှုလည်းရှိပါတယ်။ OnePlus 6 နဲ့တော့ အတော်လေးကွာခြားနေပါတယ်။ ဒါပေမယ့်လည်း software support ပိုင်းမှာတော့ ZenFone 5 က အနိုင်ရထားပါတယ်။
အားသာချက် :
• ခံ့ညားတဲ့ဒီဇိုင်း
• ကြည့်ကောင်းတဲ့ display
• ကင်မရာကောင်းကောင်း
• ဈေးနှုန်းအသင့်တင့်
အားနည်းချက် :
• Zenimoji ကတော့ သိပ်မမိုက်တဲ့စိတ်ကူးပါ
• notch မကြိုက်ရင်တော့ သတင်းဆိုးပြောရမယ်ထင်တယ်
ဘာကြီးနဲ့တူသလဲဆိုတာစဉ်းစားကြည့်လိုက်ရင် Android အသုံးပြုထားတဲ့ iPhone X ကြီးလိုပါပဲ။ ဒါပေမယ့်လည်း iPhone X တောင်မှ ဈေးသက်သာတဲ့ iPhone X ထက် ဈေးချိုပါလိမ့်မယ်။ ယူကေမှာ £350 ပဲဆိုတော့ အလတ်တန်းစား Android စမတ်ဖုန်းလို့ ပြောရမှာပါ။
Hardware နဲ့ အချက်အလက်လေးတွေကို ကြည့်လိုက်ရအောင်။
Screen – 6.2-inch FHD+ (2246 x 1080) Super IPS+
Chipset – Snapdragon 636
RAM – 4GB
Storage – 64GB
Rear Camera 1 – 12MP, ƒ/1.7
Rear Camera 2 – 12MP, 120-degree wide-angle
Front Camera – 8MP, ƒ/2.0
Battery – 3300mAh w/ fast charge
Connectivity – Wi-Fi 802.11 ac, BT 5.0
Security – Fingerprint sensor, Face Unlock
Colors – Meteor Silver, Midnight Blue
Dimensions – 153 x 75.6 x 7.7mm
Weight – 165g
Price – £350
အရမ်းတော့မဆိုးဘူးမလား။
ထင်ရှားတာကတော့ notch ပါနေတဲ့ display ပါပဲ။ ဒါပေမယ့် 6.2-inch 2246 x 1080 resolution နဲ့ 90% screen-to-body ratio တို့ကတော့ အရှေ့ပိုင်းမှာ နေရာယူထားဦးမှာပါ။ အနားသတ်တွေ ပါးလွှာနေတဲ့ဘေးတွေနဲ့အတူ အောက်မှာထင်းနေတဲ့ ဘောင်လေးကတော့ ရှိနေဦးမှာပါ။
Notch ပါရတော့မယ်ဆိုရင်တောင် ASUS လိုမျိုး လုပ်သင့်တာကို လုပ်ပါ။ အတော်လေးလှပါတယ်။ စွမ်းဆောင်ရည်သင့်စမတ်ဖုန်းအတွက်တော့ ကောင်းလွန်းနေပါပြီ။
Display ကို လျစ်လျူရှုထားလိုက်မယ်ဆိုရင်တော့ အနောက်ဘက်ဒီဇိုင်းကို ကြိုက်နှစ်သက်လောက်မှာပါ။ ခံ့ညားပါတယ်။ Midnight Blue ကို စမ်းသုံးကြည့်ခဲ့တာပါ။ အရှေ့ဘက်ကတော့ အနက်ရောင်၊ သတ္ထုဖရိန်ကတော့ မှောင်နေပြီး အနက်ရောင်မပေါက်ပါဘူး။ အနောက်ဘက်က glass panel ကလည်း mirrored blue ကို အသုံးပြုပြီး ဆွဲဆောင်ထားသလိုပါပဲ။ display အစွန်းလေးတွေကတော့ ကွေးညွတ်နေပြီးတော့ ဖရိန်ထဲကို သေသေသပ်သပ်ပဲ ဝင်နေပါတယ်။
စားပွဲပေါ်မှာ ဒီအတိုင်းတင်မထားပါနဲ့။ ကြမ်းပြင်ပေါ်ကနေ မကောက်ချင်ဘူးဆိုရင်ပေါ့။
ZenFone 4 ကတော့ ပိုကြည့်ကောင်းပါတယ်။ iPhone X ခံစားမှုနဲ့ဆိုရင်တော့ ZenFone 5 ကတော့ မတူခြားနားပါတယ်။ အရှေ့ပိုင်းမှာ display ကို ဦးစားပေးထားပြီးတော့ အနောက်ဘက်မှာ fingerprint sensor ကို အသုံးပြုထားပါတယ်။ ASUS ရဲ့ face unlock ကလည်း အားဖြည့်ကူညီပေးထားပါသေးတယ်။
Hardware တွေက ကုန်ကျစရိတ်သိပ်မများဘဲနဲ့ ပရီမီယမ်ဆန်နေပါတယ်။ ASUS ဟာ TPU case လေးကိုထည့်ပေးထားလို့ အနောက်ဘက် Glass Panel ကို ကောင်းကောင်းကာကွယ်ပေးထားပါတယ်။ ခံစားမှုလည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့်လည်း ZenFone 5 ရဲ့ အပြင်ပိုင်းကတော့ iPhone 8 Plus ထက် ပိုကောင်းတယ်လို့ ခံစားမိပါတယ်။ မြှောက်ပြောတာ သိသာလွန်းသွားလား။
အတွင်းပိုင်းမှာတော့ ASUS ဟာ Snapdragon 636 CPU ကို အသုံးပြုထားပါတယ်။ အရင်ဖုန်းကတော့ Snapdragon 630 ကိုသာ အသုံးပြုထားတာပါ။ သူဟာ 4GB RAM ၊ 64GB မမ်မိုရီကို အသုံးပြုထားပါတယ်။ ပြီးတော့ ကဒ်ကိုလည်း စိုက်နိုင်ပါတယ်။ စွမ်းဆောင်ရည်ကတော့ ကောင်းမွန်ပါတယ်။ ASUS က stock Android မဟုတ်ပေမယ့်လည်း နေ့စဉ်အသုံးပြုမှုအတွက်ကတော့ အဆင်ပြေပါတယ်။
ZenFone 5 ကတော့ Pixel 2 နဲ့ ခံစားမှု၊ သုံးစွဲမှုလေးတွေမှာ ကွဲပြားနေပါတယ်။ အချိန်တွေကြာလာတော့ ထူးခြားမှုလေးတွေ ဖြစ်တတ်ပေမယ့်လည်း ခံစားမှုကိုပျက်ပြားသွားစေတာမျိုးတော့ မရှိပါဘူး။ Final Fantasy 15 Pocket Edition ကို ဆော့ကြည့်တဲ့အခါမှာ ကောင်းမွန်ပါတယ်။ ထူးခြားနေတဲ့ ဖရိန်ကျော်သွားတာလေးလောက်ကို မမှုဘူးဆိုရင်တော့ ဖုန်းကောင်းတစ်လုံးလို့ ပြောရမလားပဲ။
gaming performance ကို ကောင်းမွန်စေဖို့အတွက် ASUS’ Game Genie လေးရှိပါတယ်။ optimizations လေးတွေကိုလုပ်ဆောင်ထားပြီးတော့ ဂိမ်းကစားနေတဲ့အချိန်မှာ နှောင့်ယှက်မှုတွေကို ဝင်မလာအောင် တားဆီးပေးထားမှာလည်း ဖြစ်ပါတယ်။ Game Genie က သင့်ရဲ့ mobile escapades ဒါမှမဟုတ် YouTube မှာကြည့်ထားတာလေးတွေကိုလည်း မှတ်သားထားပေးမှာပါ။
စပီကာလေးတွေကတော့ တောင့်ပါတယ်။ ဂိမ်းဆော့မလား၊ သင့်ရဲ့အကြိုက်ဆုံးသီချင်းတွေကိုနားထောင်မလား အိုကေပါပဲ။ အရည်အသွေးကတော့ ပြောရလောက်အောင်မဟုတ်ပါဘူး။ စွမ်းဆောင်ရည်သင့်စမတ်ဖုန်းတစ်လုံးဆီက မျှော်မှန်းထားသလောက်ပါပဲ။ အသံကတော့ ကျယ်ပါတယ်။ outdoor mode ဆိုရင် ပိုကျယ်ပါတယ်။ ဒီတော့ လူရှုပ်တဲ့လမ်းတွေပေါ်မှာ ရှိနေရင်တောင် ဖုန်းခေါ်လို့မကြားတာမျိုး မဖြစ်တော့ပါဘူး။
ASUS ZenFone 5 Software ကတော့ အရမ်းမိုက်ပါတယ်
ASUS mobile software မှာ ရှုပ်ယှက်တွေခတ်နေတာမျိုးက အဆုံးသတ်သွားပါပြီ။ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် ZenFone 4 ကတော့ လုပ်ဆောင်ချက်ကောင်းမွန်ပါတယ်။ ဒါပေမယ့် ZenUI 5 ကတော့ နောက်ထပ်ကြိုးစားမှုတစ်ခုပါပဲ။ Google က သူ့ရဲ့ကိုယ်ပိုင်ဖုန်းတွေမှာ လုပ်ဆောင်ပေးသလောက်တောင် ရှိလာပါပြီ။
Launcher အသစ်ကတော့ Pixel launcher ကို နည်းနည်း တုပထားပါတယ်။ အစဉ်လိုက်မြင်ချင်တယ်ဆိုရင်တော့ နည်းနည်းစိတ်ပူစရာလိုပါတယ်။ ဒါပေမယ့်လည်း settings ထဲမှာ ပြင်လို့လွယ်ပါတယ်။
ASUS ရဲ့ ကိုယ်ပိုင် app တွေကို အဆင်မပြေဘူးဆိုရင် contacts တွေကို Google option နဲ့ ပြန်ပြောင်းတာမျိုးပေါ့။ ဒါပေမယ့်လည်း built in ပါနေတဲ့ feature လေးတွေက အသုံးဝင်တာမျိုးလည်း ရှိပါတယ်။ Mobile Manager ဆိုရင် ဘတ်ထရီသက်သာစေနိုင်တဲ့ ထိန်းချုပ်မှုလေးတွေ ထည့်သွင်းပေးထားပါတယ်။ ဘတ်ထရီကတော့ စိုးရိမ်စရာမလိုအပ်ပါဘူး။ 3300mAh ဆိုတော့ တစ်နေ့တာအတွက် အဆင်ပြေပါတယ်။
ASUS နဲ့ Google ကို နည်းနည်းလေး mix လုပ်ထားတယ်လို့ထင်ပါတယ်။ ဒါလည်း အဆင်ပြေပါတယ်။ stock SMS app က Google ဖြစ်ပြီးတော့ Google Calendar က default calendar application ဖြစ်ပါတယ်။ ASUS ကတော့ dialer, calculator နဲ့ weather apps တို့ကိုလုပ်ဆောင်ထားပါတယ်။
Zen UI ကတော့ အရောင်စုံနေပါတယ်။ stock theme မှာ အဖြူရောင်နောက်ခံနဲ့ ရောင်စုံအိုင်ကွန်လေးတွေကိုအသုံးပြုထားပြီးတော့ launcher ကတော့ တောက်တောက်လေးတွေ ဖြစ်ပါတယ်။ ASUS ဖုန်းဖြစ်တဲ့အတွက်ကြောင့် vivid ဒီဇိုင်းမဖြစ်တာများပါတယ်။ မျက်လုံးကို တော်တော်လေးဖြန့်ကျက်ကြည့်ရမှာပါ။
Software ကလည်း notch ကို အဓိကထားတဲ့ feature လေးတွေလည်း တွေ့မြင်ရပါတယ်။ မကြိုက်ဘူးဆိုရင်တော့ ဖျောက်ထားလို့ရပါတယ်။ ဒါဆိုရင် ထိပ်ပိုင်းလေးတွေက အနက်လေးဖြစ်နေပါလိမ့်မယ်။ ဒီတော့ standard status bar ကို တုပထားသလိုပါပဲ။ ကျွန်တော်ကတော့ notch မကြိုက်တဲ့သူဖြစ်တာမို့ ဖျောက်ထားကြည့်လိုက်ပါတယ်။ ဒါဆိုရင်လည်း ထူးဆန်းနေသလိုဖြစ်နေပါတယ်။ ဒီတော့ လက်ခံလိုက်တာပဲ ကောင်းပါတယ်။
အောက်ဘက်မှာဆိုရင်လည်း software buttons လေးတွေကို ဖျောက်ထားနိုင်ပြီးတော့ app တွေကို ချဲ့လို့ရပါတယ်။ ဒါပေမယ့်လည်း app အများစုက notch display ကို အပြည့်အဝမထောက်ပံ့ထားသေးတော့ ခလုတ်လေးကိုနှိပ်ပြီး အဆင်ပြေသလို ကပ်နိုင်ပါတယ်။ ဗွီဒီယိုကြည့်တဲ့အခါမှာ သတိမထားမိပေမယ့်လည်း ပုံမှန် aspect ratio နဲ့ပြနိုင်အောင် ဘေးသားလေးတွေ ပြတ်နေမှာပါ။
ခံစားရတာကတော့ ASUS ဟာ ဒီဖုန်းမှာ display အမျိုးအစားကို အရေးပေးမထားဘူးလို့ပါ။ ဘတ်ထရီရာခိုင်နှုန်းကိုကြည့်မယ်ဆိုရင် status bar က ထောင့်လုံးလေးနဲ့ အဆင်မပြေသလိုပါပဲ။
အဆင်မပြေတာကိုပြောရမယ်ဆိုရင်တော့ ZenFone 5 software experience ပါပဲ။ ပထမတစ်ခုကတော့ Zenimoji ပါ။ သူကတေ့ Apple ရဲ့ Animoji နဲ့ ဆင်တူပေမယ့်လည်း ကောင်းမွန်အောင်လုပ်ဆောင်ထားခြင်းနည်းပါတယ်။ iPhone ကို MS နဲ့ ပို့ကြည့်တဲ့အခါ iPhone က ဖွင့်လို့မရပါဘူး။ ဘယ်ဖုန်းမှားတယ်ဆိုတာ မပြောချင်ပါဘူး။ ဒါပေမယ့်လည်း သုံးလို့မရတာကတော့ ဆိုးရွားလွန်းပါတယ်။ ZenFone 5 မှာ သိမ်းလိုက်တဲ့ Zenimoji ဟာ အရည်အသွေးနည်းပါးလွန်းတဲ့အတွက်ကြောင့် မသုံးတာကောင်းပါလိမ့်မယ်။
နောက်တစ်ခုကတော့ ASUS ရဲ့ update စနစ်ပါပဲ။ ZenFone 5 သုံးနေတုန်းမှာ pre-release update လေးခုလောက်တောင် ရခဲ့ပါတယ်။ တစ်ခုကတော့ Zenimoji ထည့်သွင်းပေးတာပါ။ နောက်ဆုံးတစ်ခုကတော့ May security update ဖြစ်ပါတယ်။ ဒါပေမယ့်ဖုန်းကတော့ Android 8.0. Oreo ပါပဲ။ security patch နောက်ဆုံးကတော့ ကျန်ရစ်နေတုန်းပါပဲ။ ကျွန်တော်တို့ကတော့ နောက်ပိုင်းမှာ ဘယ်လိုတွေလုပ်မလဲဆိုတာ ကြည့်ချင်ပါတယ်။
ASUS ZenFone 5 ရဲ့ AI ကင်မရာ
AI ဆိုတာကတော့ စမတ်ဖုန်းနယ်ပယ်မှာ ခေတ်ထနေတဲ့စကားလုံးဖြစ်ပြီးတော့ လူုတိုင်းက AI ကိုဖုန်းထဲကို မရမကထည့်သွင်းနေကြပါတယ်။ ASUS ကလည်း Huawei လိုမျိုး လုပ်ဆောင်ထားတဲ့အတွက်ကြောင့် စမတ်ဖြစ်ပြီး သင်ယူနိုင်စွမ်းရှိတဲ့ AI ကို အသုံးပြုနိုင်မှာပါ။
သီအိုရီပိုင်းအရဆိုရင်တော့ အားသာချက်တွေအများကြီးရှိပါတယ်။ တကယ်သုံးနိုင်တာမျိုး၊ မားကတ်တင်းပိုင်းအရ ဆွဲဆောင်နိုင်တာမျိုး လိုချင်မိပါတယ်။ အခြေခံအရတော့ AI ကင်မရာက သင်ရိုက်နေတဲ့ scene ကို သိရှိနိုင်ပြီးတော့ အကောင်းဆုံးရိုက်ချက်ဖြစ်အောင် setting တွေကို အလိုအလျောက်ချိန်ညှိပေးသွားမှာပါ။ ဒါလေးကတော့ portrait mode ကို အားဖြည့်ပေးထားတဲ့အစွမ်းလေးလို့ပြောရမှာပါ။ သင့်ရဲ့ခွေးကိုတောင် သိနိုင်ပါတယ်။
အချိန်ကြာလာတဲ့အချိန်မှာ ZenFone 5 က သင့်ရဲ့ပုံရိပ်တွေကို ဘယ်လိုရိုက်လေ့ရှိကြောင်း ဘယ်လိုတွေချိန်ညှိလေ့ရှိကြောင်း နားလည်လာမှာပါ။ ရလဒ်ကတော့ အရမ်းမိုက်တဲ့ပုံတွေပဲ ဖြစ်ပါတယ်။
Hardware ပိုင်းအရဆိုရင်တော့ အနောက်ကင်မရာမှာ 12MP sensor တွေကို အသုံးပြုထားပြီးတော့ main shooter မှာ Sony’s IMX363 ၊ aperture ƒ/1.7 ကို အသုံးပြုထားပါတယ်။ secondary camera ကတော့ 120-degree wide-angle shot ကို ပေးနိုင်ပါတယ်။ တစ်ချက်လေးနဲ့ ကင်မရာက ပြောင်းလဲပေးနိုင်ပါတယ်။
အရှေ့ဘက်မှာတော့ 8MP ကို အသုံးပြုထားပြီးတော့ ဆယ်လ်ဖီကြိုက်သူတစ်ယောက်ဆိုရင်တော့ ASUS SelfieMaster application လေးကလည်း သင့်ကိုကူညီပေးဦးမှာပါ။ ကျွန်တော့အတွက် အသုံးမဝင်ပေမယ့်လည်း သူလုပ်ပေးနိုင်တာတွေ အများကြီးရှိနေပါတယ်။
main app ကတော့ အတော်လေးရိုးရှင်းပါတယ်။ Google Lens သုံးဖို့အတွက် တစ်ချက်လောက်ပဲထိရမှာပါ။ အရမ်းမိုက်ပါတယ်။ ပြီးတော့ creative filter အပုံလိုက်၊ shooting mode တွေထဲမှာ super-resolution ၊ panorama တို့လည်း ပါဝင်နေပါတယ်။ robust pro mode ကလည်း သင့်စိတ်ကြိုက်တိုင်းကျ ချိန်ညှိလို့ရမှာပါ။
ASUS က ကင်မရာပိုင်းမှာ အတော်လေးအသားပေးပြီးတော့ ရောင်းနေခဲ့တာပါ။ ZenFone 2 launch ကတည်းက စတင်ခဲ့တာလို့ ပြောရမှာပါပဲ။ ဒီတော့ စွမ်းဆောင်ရည်သင့်စမတ်ဖုန်းကို ရိုက်ချက်အမိုက်စားတွေအတွက် အသုံးပြုနိုင်မယ်ဆိုရင်တော့
သင့်ကိုပဲ ဆုံးဖြတ်ခိုင်းရတော့မှာပါ။
ASUS ZenFone 5 က ဝယ်သင့်လား
ZenFone 4 တုန်းကတော့ ဈေးနှုန်းကိုဝေဖန်ခဲ့တယ်။ ယူကေမှာက ပြိုင်ဘက်ဖုန်းတွေထက် ဈေးများနေတာကိုး။ ZenFone 5 ကတော့ အရင်ထက် £100 နည်းတယ်ဆိုတော့ အဆင်ပြေပါတယ်။
£350 တန်ကြေးနဲ့ အကောင်းတွေရနိုင်ပါတယ်။ ကင်မရာကောင်းကောင်း၊ ခံ့ညားပြီး ပရီမီယမ်ဆန်တဲ့ဖုန်းတစ်လုံး၊ ဘတ်ထရီအားမိုက်မိုက်၊ display လန်းလန်းကို တွေ့မြင်ခံစားရမှာပါ။ ဖုန်းကောင်းတစ်လုံးပါပဲ။ July 8 မတိုင်ခင် အော်ဒါမှာထားမယ်ဆိုရင်တော့ £300 နဲ့ ရမှာဖြစ်ပါတယ်။
ASUS က ယူကေဈေးကွက်ကို ပြန်လည်နေရာယူတော့မယ့်ဟန်ရှိနေပါတယ်။ Tango-fitted ZenFone AR ၊ ဈေးအရမ်းကြီးတဲ့ ZenFone 4 တို့နဲ့ ပြန်လာခဲ့သလိုပေါ့။ 2018 အတွက်ကတော့ ဈေးမှန်၊ ပစ္စည်းမှန်နဲ့ ဈေးကွက်ဖောက်မှာပါ။
ယှဉ်ပြိုင်ရမယ်ဆိုတာကတော့ ပြောနေစရာမလိုလောက်ပါဘူး။ Honor 10 ကလည်း ဈေးသိပ်မကြီးပါဘူး။ Nokia 7 Plus ကလည်း အဲဒီဈေးလောက်ပါပဲ။ Android One ပါနေတာက အားသာချက်ပါပဲ။ အဆိုးကြီးတော့ မဟုတ်ပါဘူး။ ASUS ကသာ software update ကောင်းမယ်ဆိုရင်တော့ အဆင်ပြေလောက်မှာပါ။
တစ်ခုတည်းစဉ်းစားမယ်ဆိုရင်တော့ ZenFone 5 က တကယ့်ကိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ASUS ဖုန်းတွေထဲမှာ အတော်လေးတိုးတက်ကေင်းမွန်ပြီးတော့ သုံးရတာလည်း အဆင်ပြေပါတယ်။ Zenimoji ကလွဲရင် အဆင်ပြေတယ်လို့ ပြောရမှာပါပဲ။

Leave a Reply