သင့်ဖုန်းထဲမှာရှိပေမဲ့ သိပ်မသုံးဖြစ်တဲ့ feauture များ
0
959
Zawgyi version
  1. Gyro Sensor
  1. Airplane Mode
  1. Audio Recording
  1. Google Translate
Unicode version
သင်ကိုင်နေတဲ့ဖုန်းမှာ ဖုန်းရဲ့ version အလိုက် လုပ်ဆောင်ပေးနိုင်တဲ့ feature လေးတွေရှိပါတယ်။
အဲ့ဒီ feature တွေရဲ့ လုပ်ဆောင်ချက်တွေကို သိထားမှ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
1. Activate Hidden Options (Android)
Hidden Options ကို Activate လုပ်ချင်တယ်ဆိုရင်တော့ Settings ထဲက About Phone ထဲက Model Number/Build Number ကိုသွားပါ။ Build Number or Model Numberကိုနှိပ်လိုက်ပါက menu item အသစ် “Developer Options” ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ထဲဝင်ပြီး မိမိအသုံးဝင်တဲ့ အချက်များကို on ထားလို့ရပါတယ်။
2. Gyro Sensor
ဒါလေးကလဲဖုန်းထဲမှာပါသော်လဲလူတော်တေ်ာများများကသိပ်မသုံးဖြစ်ကြပါဘူး။ သူ့ကဘယ်ချိန်မှာပေါ်မှာလဲဆိုတော့ user က camera မှာportrait နဲ့ landscape modesပြောင်းတဲ့ချိန်မှာပိုသိသာမှာပဲ ဖြစ်ပါတယ်။ အဲ့လိုမြင်ချင်ရင်တော့ app store ကနေ“Bubble Level”or “spirit level” ဆိုတဲ့ app လေးကို download ဆွဲပေးရမှာပဲ ဖြစ်ပါတယ်။ အဲ့ဒါမှ သူ့ရဲ့ level ကိုသိသာထင်ရှားစွာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ app လေးက physical level အတိုင်းပဲအလုပ်လုပ်မှာ ဖြစ်ပါတယ်။
3. Airplane Mode
စမတ်ဖုန်း user တော်တော်များများက ဖုန်းကို ပိတ်ထားတယ်ဆိုတာ တော်တော်ရှားပါတယ်။ နောက်ဆုံးပေါ်သတင်းတွေ၊ အကြောင်းအရာတွေ ဖြစ်ပျက်နေတဲ့အရာတွေကို မလွတ်တမ်းသိချင်ကြတဲ့သူတွေက များပါတယ်။ ဒါပေမဲ့ တစ်ချို့သူတွေအတွက်ကျတော့လဲ အဲ့ဒီအရာတွေက အနှောက်အယှက်တွေဖြစ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် social media တွေနဲ့ ခနတာ အဆက်သွယ်ကြည့်ချင်တယ်ဆိုရင်တော့ Airplane Mode ကိုဖွင့်ထားနိုင်ပတယ်။ အဲ့ဒါဆိုရင်တော့ အားလုံးနဲ့ အဆက်သွယ်ဖြတ်ထားနိုင်ပါတယ်။ Airplane Mode ကိုလုပ်ချင်တယ်ဆိုရင်တော့ ဖုန်းအမျိုးအစားပေါ် မူတည်ပြီး ဖွင့်နိုင်ပါတယ်။ Setting ထဲမှာလဲ ဝင်ဖွင့်လို့ရပါတယ်။ တစ်ချို့ဖုန်းတွေက power key ကိုအကြာကြီးနှိပ်ထားခြင်းအားဖြင့် Airplane Mode ကိုဖွင့်ထားလို့ရပါတယ်။
4. Audio Recording
စမတ်ဖုန်းသုံးတဲ့သူတော်တော်များများက ဗွီဒီယိုတွေနဲ့ မှတ်တမ်းတင်ကြတယ်။ ဓာတ်ပုံတွေ ရိုက်ကြပါပေမဲ့ အသံဖိုင်ချည်းပဲကို မှတ်တမ်းတင်တာက တော်တေ်ာရှားပါတယ်။ သင့်ဖုန်းကသာ iPhone ဆိုရင်တော့ Voice Memos ဆိုတဲ့ app လေးနဲ့ အသံဖိုင်ကို မှတ်တမ်းတင် နိုင်မှာဖြစ်ပါတယ်။ အသံဖိုင်ကို မှတ်တမ်းတင်နိုင်တဲ့ တစ်ခြား app တော်တော် များများကိုလဲ App Store မှာ ရှာကြည့်လို့ရပါတယ်။
သင့်ဖုန်းကသာ Android ဖုန်းဆိုရင် အသံဖိုင်တွေကို မှတ်တမ်းတင်ဖို့ Sony Mobile Communications က ထုတ်လုပ်ထားတဲ့ Audio Recorder app ကိုလဲ အသုံးပြုနိုင်ပါတယ်။
5. Google Translate
Google Translate ဆိုတဲ့ app လေးကတော့ feature တွေတော်တေ်ာစုံတဲ့ app လို့ပြောလို့ ရပါတယ်။ အဲ့ဒီ app ကို download ဆွဲဖို့ အခကြေးငွေ ပေးစရာမလိုပါဘူး။ သူက free app ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူက အင်တာနက်မရှိရင်တော့ အလုပ်မလုပ်ပါဘူး။ Google Translate က စာသား၊ ဓာတ်ပုံနဲ့ အသံတွေကို ဘာသာပြန်ပေးတာဖြစ်ပါတယ်။ Google Translate ကို App Store ကနေ Download ဆွဲပြီး အသုံးပြုနိုင်ပါတယ်။
Leave a Reply