Xiaomi Mi Pad 4 မွာ Global MIUI 10 ရၿပီ

0
1287

Xiaomi အေနနဲ႔ ဇြန္၂၅ရက္ေန႔က Mi Pad 4 ကိုတရားဝင္ မိတ္ဆက္ခဲ့ပါတယ္။ စတင္ထြက္ရွိလာတဲ့ အခ်ိန္တုန္းက Mi Pad 4 မွာ MIUI 9 ကိုသာထည့္သြင္းေပးထား ခဲ့ပါတယ္။ တရုတ္ကုမၸဏီအေနနဲ႔ သူတို႔ရဲ႕တက္ဘလက္အသစ္အတြက္  MIUI 10 ဗီတာဗားရွင္းကို ထုတ္ေပးလုိက္ၿပီ ျဖစ္ပါတယ္။ MIUI 10 ရဲ႕ sideload ဟာ1.21 GB size ပမာဏေလာက္ ရွိမွာျဖစ္ပါတယ္။ ထပ္မံပံ့ပိုးေပးလိုက္တဲ့ အျပင္အဆင္သစ္ေၾကာင့္ တက္ဘလက္မွာ စြမ္းေဆာင္ရည္ပိုင္းပိုေကာင္းလာမွာ ျဖစ္သလို၊ ကင္မရာပိုင္းမွာလည္း AI ရဲ႕စြမ္းေဆာင္မႈနဲ႔ blur ပိုင္းမွာ ပိုေကာင္းလာမွာ ျဖစ္ပါတယ္။

MI Pad 4 မွာ မ်က္ႏွာျပင္ ၈လက္မမွာ 16: 10 Aspect Ratio Display သုံးထားပါတယ္။ LCD display အမ်ိဳးအစားနဲ႔ျဖစ္ၿပီး 320 ppi ေထာက္ပံ့ေပးလာမွာပါ။ ယခင္မ်ိဳးဆက္ MI Pad 3 မွာေတာ့ Xiaomi အေနနဲ႔ 7.9 လက္မမွာ  2048×1536 screen နဲ႔ျဖစ္ၿပီး 326 ppi ေထာက္ပံ့ေပးထားပါတယ္။ MI Pad 4 မွာ ထပ္မံပါဝင္လာမွာေတြကေတာ့ အေရွ႕ဘက္မွာ 5MP Selfie ကင္မရာနဲ႔ျဖစ္ၿပီး AI ေထာက္ပံ့မႈပါဝင္မွာပါ။

ေနာက္ေက်ာဘက္မွာေတာ့ 13MP အရြယ္အစားကို သုံးထားပါတယ္။  6,000mAh ဘက္ထရီစြမ္းအားကို သုံးထားပါတယ္။ Snapdragon 660 ပရိုဆက္ဆာဟာ 8-core Kryo 260 core ကိုအသုံးျပဳထားၿပီး 2.2GHz အျမန္ႏႈန္းရွိမွာ ျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းမွာေတာ့ Adreno 512 နဲ႔ေထာက္ပံ့ေပးမွာပါ။ Xiaomi အေနနဲ႔ စမတ္ဖုန္း ၈မ်ိဳးအတြက္ MIUI 10 Global Beta 8.7.5 ကိုထုတ္ေပးထားပါေသးတယ္။ Beta ဗားရွင္းကို ရရွိသြားတဲ့ဖုန္းေတြကေတာ့ Xiaomi Mi 6 ၊ Xiaomi Mi Mix 2၊ Xiaomi Redmi S2 (Redmi Y2 in India)၊ Xiaomi Redmi Note 5 Pro/Redmi Note 5 ၊Xiaomi Mi Mix 2S၊ Xiaomi Mi 5၊ Xiaomi Mi Note 2 နဲ႔ Xiaomi Mi Mix တို႔ပဲျဖစ္ပါတယ္။

unicode

Xiaomi အနေနဲ့ ဇွန်၂၅ရက်နေ့က Mi Pad 4 ကိုတရားဝင် မိတ်ဆက်ခဲ့ပါတယ်။ စတင်ထွက်ရှိလာတဲ့ အချိန်တုန်းက Mi Pad 4 မှာ MIUI 9 ကိုသာထည့်သွင်းပေးထား ခဲ့ပါတယ်။ တရုတ်ကုမ္ပဏီအနေနဲ့ သူတို့ရဲ့တက်ဘလက်အသစ်အတွက်  MIUI 10 ဗီတာဗားရှင်းကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ MIUI 10 ရဲ့ sideload ဟာ1.21 GB size ပမာဏလောက် ရှိမှာဖြစ်ပါတယ်။ ထပ်မံပံ့ပိုးပေးလိုက်တဲ့ အပြင်အဆင်သစ်ကြောင့် တက်ဘလက်မှာ စွမ်းဆောင်ရည်ပိုင်းပိုကောင်းလာမှာ ဖြစ်သလို၊ ကင်မရာပိုင်းမှာလည်း AI ရဲ့စွမ်းဆောင်မှုနဲ့ blur ပိုင်းမှာ ပိုကောင်းလာမှာ ဖြစ်ပါတယ်။

MI Pad 4 မှာ မျက်နှာပြင် ၈လက်မမှာ 16: 10 Aspect Ratio Display သုံးထားပါတယ်။ LCD display အမျိုးအစားနဲ့ဖြစ်ပြီး 320 ppi ထောက်ပံ့ပေးလာမှာပါ။ ယခင်မျိုးဆက် MI Pad 3 မှာတော့ Xiaomi အနေနဲ့ 7.9 လက်မမှာ  2048×1536 screen နဲ့ဖြစ်ပြီး 326 ppi ထောက်ပံ့ပေးထားပါတယ်။ MI Pad 4 မှာ ထပ်မံပါဝင်လာမှာတွေကတော့ အရှေ့ဘက်မှာ 5MP Selfie ကင်မရာနဲ့ဖြစ်ပြီး AI ထောက်ပံ့မှုပါဝင်မှာပါ။

နောက်ကျောဘက်မှာတော့ 13MP အရွယ်အစားကို သုံးထားပါတယ်။  6,000mAh ဘက်ထရီစွမ်းအားကို သုံးထားပါတယ်။ Snapdragon 660 ပရိုဆက်ဆာဟာ 8-core Kryo 260 core ကိုအသုံးပြုထားပြီး 2.2GHz အမြန်နှုန်းရှိမှာ ဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ Adreno 512 နဲ့ထောက်ပံ့ပေးမှာပါ။ Xiaomi အနေနဲ့ စမတ်ဖုန်း ၈မျိုးအတွက် MIUI 10 Global Beta 8.7.5 ကိုထုတ်ပေးထားပါသေးတယ်။ Beta ဗားရှင်းကို ရရှိသွားတဲ့ဖုန်းတွေကတော့ Xiaomi Mi 6 ၊ Xiaomi Mi Mix 2၊ Xiaomi Redmi S2 (Redmi Y2 in India)၊ Xiaomi Redmi Note 5 Pro/Redmi Note 5 ၊Xiaomi Mi Mix 2S၊ Xiaomi Mi 5၊ Xiaomi Mi Note 2 နဲ့ Xiaomi Mi Mix တို့ပဲဖြစ်ပါတယ်။

Leave a Reply