Notch နဲ့ 4230mAh ဘက်ထရီတပ်ဆင်ထားတဲ့ OPPO A5 စမတ်ဖုန်း
0
1353
unicode
OPPO အနေနဲ့ mid-range စမတ်ဖုန်းဖြစ်တဲ့ Oppo A5 ကိုထုတ်ဖော်မိတ်ဆက် လိုက်ပါတယ်။ ဒီဇိုင်းကတော့ လက်ရှိစမတ်ဖုန်းတွေမှာ ခေတ်စားနေတဲ့ Notch နဲ့မျက်နှာပြင်အပြည့်ပုံစံဖြစ်တဲ့ အပြင် ဘက်ထရီစွမ်းအားကလည်း အတော်ကြီးမြင့်မားပါတယ်။ Oppo A5 က မျက်နှာပြင် ၆.၂ လက်မရှိပြီး LCD 1520×720 ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အချိုးကတော့ 18::9 သုံးထားပါတယ်။ ဒီဖုန်းကို Snapdragon 450 Chipset နှင့်ပါဝါထောက်ပံံ့ထားပါတယ်။
သူ့မှာ Octa-core 1.8GHz CPU ပါဝင်ပါတယ်။ RAM4GB နှင် Storage 64GB ပါဝင်ပါတယ်။ microSD မှ တစ်ဆင့် ထပ်မံ တိုးမြှင့်နိုင်ပါဦးမယ်။ ကျောဘက်ကင်မရာနှစ်လုံးတပ်ဆင်ထားပြီး  အဓိကကင်မရာက 13MP f/2.2 ဖြစ်ပြီးဒုတိယကင်မရာငယ်ကတော့ 2MP f/2.4 ဖြစ်ပါတယ်။  Portrait Mode ရိုက်ကူးနိုင်ပါမယ်။ ရှေကင်မရာက 8MP ဖြစ်ပါတယ်။
ဖုန်းရဲ့အတိုင်းအတာက 156.2×75.6×8.2mm ဖြစ်ပြီး အလေးချိန် 168g ရှိပါတယ်။ ဘက်ထရီ 4230 mAh ပါဝင်ပါတယ်။ Oppo A5 မှာ ကွန်ရက်ချိတ်ဆက်မှုအပိုင်းအတွက်တော့ 4G VoLTE, Wi-Fi 802.11 b / g / n, Bluetooth 4.2, GPS + GLONASS နဲ့ USB OTG တို့ကိုထောက်ပံ့ပေးပါတယ်။ သူ့မှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေဟာ RealMe 1 ၊Oppo A3 တို့နဲ့ ဆင်တူပါတယ်။ ဇွန်လ ၁၃ ရက်နေ့မှာ ဈေးနှုန်း ဒေါ်လာ ၂၂၅ ဖြင့် ရောင်းချသွားပါမယ်။
Leave a Reply