Notch နဲ႔ ကင္မရာ ၄ လံုးပါတဲ့ Huawei Nova 3

0
1294

Huawei Nova 3 ကို ယခုလ ၁၈ ရက္ေန႔မွာ တရား၀င္ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ႀကိဳတင္မွာယူႏုိင္ဖို႔အတြက္ VMall မွာ စာရင္းတင္ထားပါတယ္။ ၀က္ဆိုက္မွာ ေဖာ္ျပထားတဲ့ Specs မ်ားအရ သူ႔မွာ ၆.၃ လက္မ LCD Full HD+ Display ထည့္ထားပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးမွာ 19:9 ျဖစ္တဲ့အတြက္ ေခတ္စားေနတဲ့ မ်က္ႏွာျပင္ အရွည္ ဒီဇိုင္း ျဖစ္ပါတယ္။ သူဟာ ဒီဇို္င္းအပိုင္းမွာ P20 Lite နဲ႔ ဆင္တူေပမယ့္ မ်က္ႏွာျပင္က အနည္းငယ္ ပိုမိုႀကီးမားသြားပါတယ္။

သူ႔ရဲ႕ အေနာက္ဘက္မွာ 16MP RGB Camera နဲ႔ 24MP Monochrome Camera မ်ား ပါပါတယ္။ အေရွ႕ဘက္မွာ 24MP+2MP Camera မ်ား ထည့္သြင္းထားၿပီး ေနာက္ခံမႈန္၀ါးတဲ့ ဓါတ္ပံုမ်ား ရိုက္ကူးႏုိင္ပါတယ္။ Notch မွာ ကင္မရာႏွစ္လံုးနဲ႔ ဆန္ဆာမ်ားကို တပ္ဆင္ထားတာ ျဖစ္ပါတယ္။

သူ႔မွာ ဟြာေ၀း ကိုယ္တိုင္ ထုတ္လုပ္ထားတဲ့ Octa-Core Kirin 970 Chipset ထည့္သြင္းထားပါတယ္။ 6GB RAM + 128GB Storage မ်ားပါပါတယ္။ Huawei ရဲ႕ Super Charge ပါတဲ့ 3750mAh Battery ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာပါပါတယ္။ Android 8.1 Oreo အေျချပဳ EMUI 8.2 ထည့္ထားပါတယ္။

ဥာဏ္ရည္တု နည္းပညာ ထည့္သြင္းထားၿပီး ဓါတ္ပံုရိုက္တဲ့ အခါမွာ ရႈခင္းမ်ားအေပၚမူတည္ၿပီး ပိုမို ေကာင္းမြန္တဲ့ ဓါတ္ပံုမ်ားကို ဖန္တီးေပးျခင္း၊ App မ်ား သံုးတဲ့ အခါမွာ လွ်င္ျမန္ေစျခင္း အပါအ၀င္ ဖုန္းရဲ႕ စြမ္းရည္မ်ားကို ျမွင့္တင္ေပးပါတယ္။ ဖုန္းရဲ႕ စြမ္းရည္ကို ျမွင့္တင္ေပးၿပီး စြမ္းအင္ စားသံုးမႈကို သက္သာေစတဲ့ GPU Turbo နည္းပညာ ပါပါတယ္။ VMall က ေစ်းႏႈန္းကိုေတာ့ မေဖာ္ျပထားပါဘူး။ ခရမ္း၊ အနက္၊ အျပာနဲ႔ ေရႊေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။

unicode

Notch နဲ့ ကင်မရာ ၄ လုံးပါတဲ့ Huawei Nova 3

Huawei Nova 3 ကို ယခုလ ၁၈ ရက်နေ့မှာ တရားဝင်ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြိုတင်မှာယူနိုင်ဖို့အတွက် VMall မှာ စာရင်းတင်ထားပါတယ်။ ဝက်ဆိုက်မှာ ဖော်ပြထားတဲ့ Specs များအရ သူ့မှာ ၆.၃ လက်မ LCD Full HD+ Display ထည့်ထားပါတယ်။ မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်တဲ့အတွက် ခေတ်စားနေတဲ့ မျက်နှာပြင် အရှည် ဒီဇိုင်း ဖြစ်ပါတယ်။ သူဟာ ဒီဇိုင်းအပိုင်းမှာ P20 Lite နဲ့ ဆင်တူပေမယ့် မျက်နှာပြင်က အနည်းငယ် ပိုမိုကြီးမားသွားပါတယ်။

သူ့ရဲ့ အနောက်ဘက်မှာ 16MP RGB Camera နဲ့ 24MP Monochrome Camera များ ပါပါတယ်။ အရှေ့ဘက်မှာ 24MP+2MP Camera များ ထည့်သွင်းထားပြီး နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ရိုက်ကူးနိုင်ပါတယ်။ Notch မှာ ကင်မရာနှစ်လုံးနဲ့ ဆန်ဆာများကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။

သူ့မှာ ဟွာဝေး ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Octa-Core Kirin 970 Chipset ထည့်သွင်းထားပါတယ်။ 6GB RAM + 128GB Storage များပါပါတယ်။ Huawei ရဲ့ Super Charge ပါတဲ့ 3750mAh Battery ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာပါပါတယ်။ Android 8.1 Oreo အခြေပြု EMUI 8.2 ထည့်ထားပါတယ်။

ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပြီး ဓါတ်ပုံရိုက်တဲ့ အခါမှာ ရှုခင်းများအပေါ်မူတည်ပြီး ပိုမို ကောင်းမွန်တဲ့ ဓါတ်ပုံများကို ဖန်တီးပေးခြင်း၊ App များ သုံးတဲ့ အခါမှာ လျှင်မြန်စေခြင်း အပါအဝင် ဖုန်းရဲ့ စွမ်းရည်များကို မြှင့်တင်ပေးပါတယ်။ ဖုန်းရဲ့ စွမ်းရည်ကို မြှင့်တင်ပေးပြီး စွမ်းအင် စားသုံးမှုကို သက်သာစေတဲ့ GPU Turbo နည်းပညာ ပါပါတယ်။ VMall က ဈေးနှုန်းကိုတော့ မဖော်ပြထားပါဘူး။ ခရမ်း၊ အနက်၊ အပြာနဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Leave a Reply