0
1269
unicode
Lenovo Z5 အတွက် Aurora အရောင်ကို ရောင်းပြီ
စမတ်ဖုန်း ထုတ်လုပ်သူများဟာ ထူးခြားဆန်းသစ်တဲ့ အရောင် အတွဲအစပ်များကို ဖန်တီး ရောင်းချနေကြပါတယ်။ အခုလည်း Lenovo က ပတ်ဝန်းကျင် အလင်းရောင် အပေါ် မူတည်၍ အပြာကနေ ခရမ်းရောင် ပြောင်းသွားတဲ့ Aurora အရောင်ကို Z5 အတွက် ရောင်းချပေးလိုက်ပါတယ်။ အစောပိုင်းမှာတော့ အနက်နဲ့ အပြာရောင်များသာ ရောင်းချပေးထားတာပါ။ ဈေးနှုန်းက အခြား မော်ဒယ်များနဲ့ တူညီပြီး ယွမ် ၁၇၉၉ ( ၂၇၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။
အရောင် အသစ်မှာ 6GB RAM , 128GB Storage သာ ပါပြီး 64GB Storage Version ကို မထုတ်လုပ်ထားပါဘူး။ သူ့ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့ရဲ့ Notch ဟာ iPhone X ထက်ပိုမိုသေးငယ်ပါတယ်။ သူ့မှာအလွန်ရှည်တဲ့ မျက်နှာပြင်ပါရှိပါတယ်။ ၆.၂ လက်မ 19:9 IPS LCD Screen ဖြစ်ပြီး 1080p Resolution ဖြစ်ပါတယ်။ သူရဲ့အနောက်ဖက်မှာ 16-Megapixel Cameras ၂ လုံးနဲ့ လျင်မြန်စွာအားသွင်းနိုင်တဲ့စနစ်ပါဝင်ပါတယ်။
သူ့ကို ဇွန်လမှာ မိတ်ဆက်ခဲ့တာပါ။ မိတ်ဆက်ပွဲ မတိုင်ခင်က Lenovo ရဲ့ဒုတိယဥက္ကဋ္ဌ Chang Cheng က Z5 မှာ 95 Percent Screen-to-body ratio ပါမယ်လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် Spec Sheet မှာ Ratio ဟာ 90 percent ရှိတယ်လို့ဖော်ပြထားပါတယ်။ မှတ်သားစရာကောင်းတာက အဲ့ဒီအချိူးဟာ iPhone X, Essential Phone, Galaxy S9 တို့ထက်မြင့်ပါတယ်။ အဲ့ဒီဖုန်းများမှာ 80 Percent လောက်သာပါပါတယ်။
Leave a Reply