Huawei အေနနဲ႔ Talkband B5 နဲ႔ Nova 3 ဖုန္းေတြကို ယခုလ၁၈ ရက္ေန႔မွာ ပြဲထုတ္မိတ္ဆက္ သြားမွာျဖစ္ပါတယ္။ မိတ္ဆက္ၿပီးသြားတာနဲ႔ Chinese e-commerce ဝက္ဘ္ဆိုက္ေတြျဖစ္တဲ့Jd.com နဲ႔ Vmall.com တို႔ကေနေရာင္းခ်သြားမွာပါ။ ဒီေန႔မွာေတာ့ အဆိုပါဝက္ဘ္ဆိုက္ ၂ခုကေန Talkband B5 ရဲ႕အခ်က္အလက္ေတြကို တင္လိုက္ပါတယ္။ TalkBand B5 ကိုဗားရွင္း၂မ်ိဳးနဲ႔ ေရာင္းခ်သြားမွာ ျဖစ္ၿပီး Sports Edition နဲ႔ Business Edition တို႔ျဖစ္ပါတယ္။
TalkBand B5 မွာ ထူးျခားလာမယ့္ ေနာက္ထပ္အခ်က္တစ္ခုကေတာ့ Apple Watch မွာ Siri Voice Assistant ပါ၀င္သလုိမ်ဳိး Huawei ရဲ႕ ကုိယ္ပုိင္ Voice Assistant ပါ၀င္လာပါမယ္။ အျခား စမတ္လက္ပတ္မ်ားမွာလည္း ပါ၀င္တဲ့ ႏွလံုးခုန္ႏႈန္းတိုင္းစနစ္၊ အိပ္ခ်ိန္ေစာင့္ၾကည့္စနစ္တုိ႔ ပါ၀င္လာပါမယ္။ TalkBand B5 မွာ သားေရလက္ပတ္ အသံုးျပဳႏုိင္မယ့္အျပင္ ယခင္ေမာ္ဒယ္လုိပဲ Bluetooth Headset အျဖစ္လည္း အသံုးျပဳႏုိင္ပါမယ္။
TalkBand B5 ဟာေရစိုဒဏ္နဲ႔ ဖုံဒဏ္ခံႏုိင္စြမ္း ပါဝင္လာမွာျဖစ္ၿပီး band 3 တုန္းကလိုပဲ 58.2mm × 23.3mm × 12.9mm အရြယ္အစားနဲ႔ ထြက္လာဖို႔မ်ားပါတယ္။ 1.13-inch AMOLED နည္းပညာtouchscreen display နဲ႔ျဖစ္ၿပီး 2.5D curved glass သုံးထားမွာပါ။ Android နဲ႔ iOS စမတ္ဖုန္း၂မ်ိဳးလုံးနဲ႔ ခ်ိတ္ဆက္အလုပ္ လုပ္ႏုိင္မွာျဖစ္ၿပီး Bluetooth version 4.2 ကိုေထာက္ပံ့ေပးမွာပါ။ 108mAh ဘက္ထရီကိုသုံးလာမွာျဖစ္ၿပီး ပုံမွန္သုံးမယ္ဆိုရင္ ၃ရက္၊ ဖုန္းနဲ႔ခ်ိတ္ဆက္ ေျပာဆိုမႈေတြ လုပ္မယ္ဆို ၆နာရီသက္တမ္း ခံပါလိမ့္မယ္။
unicode
Huawei အနေနဲ့ Talkband B5 နဲ့ Nova 3 ဖုန်းတွေကို ယခုလ၁၈ ရက်နေ့မှာ ပွဲထုတ်မိတ်ဆက် သွားမှာဖြစ်ပါတယ်။ မိတ်ဆက်ပြီးသွားတာနဲ့ Chinese e-commerce ဝက်ဘ်ဆိုက်တွေဖြစ်တဲ့Jd.com နဲ့ Vmall.com တို့ကနေရောင်းချသွားမှာပါ။ ဒီနေ့မှာတော့ အဆိုပါဝက်ဘ်ဆိုက် ၂ခုကနေ Talkband B5 ရဲ့အချက်အလက်တွေကို တင်လိုက်ပါတယ်။ TalkBand B5 ကိုဗားရှင်း၂မျိုးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး Sports Edition နဲ့ Business Edition တို့ဖြစ်ပါတယ်။
TalkBand B5 မှာ ထူးခြားလာမယ့် နောက်ထပ်အချက်တစ်ခုကတော့ Apple Watch မှာ Siri Voice Assistant ပါဝင်သလိုမျိုး Huawei ရဲ့ ကိုယ်ပိုင် Voice Assistant ပါဝင်လာပါမယ်။ အခြား စမတ်လက်ပတ်များမှာလည်း ပါဝင်တဲ့ နှလုံးခုန်နှုန်းတိုင်းစနစ်၊ အိပ်ချိန်စောင့်ကြည့်စနစ်တို့ ပါဝင်လာပါမယ်။ TalkBand B5 မှာ သားရေလက်ပတ် အသုံးပြုနိုင်မယ့်အပြင် ယခင်မော်ဒယ်လိုပဲ Bluetooth Headset အဖြစ်လည်း အသုံးပြုနိုင်ပါမယ်။
TalkBand B5 ဟာရေစိုဒဏ်နဲ့ ဖုံဒဏ်ခံနိုင်စွမ်း ပါဝင်လာမှာဖြစ်ပြီး band 3 တုန်းကလိုပဲ 58.2mm × 23.3mm × 12.9mm အရွယ်အစားနဲ့ ထွက်လာဖို့များပါတယ်။ 1.13-inch AMOLED နည်းပညာtouchscreen display နဲ့ဖြစ်ပြီး 2.5D curved glass သုံးထားမှာပါ။ Android နဲ့ iOS စမတ်ဖုန်း၂မျိုးလုံးနဲ့ ချိတ်ဆက်အလုပ် လုပ်နိုင်မှာဖြစ်ပြီး Bluetooth version 4.2 ကိုထောက်ပံ့ပေးမှာပါ။ 108mAh ဘက်ထရီကိုသုံးလာမှာဖြစ်ပြီး ပုံမှန်သုံးမယ်ဆိုရင် ၃ရက်၊ ဖုန်းနဲ့ချိတ်ဆက် ပြောဆိုမှုတွေ လုပ်မယ်ဆို ၆နာရီသက်တမ်း ခံပါလိမ့်မယ်။