refurbished ဗားရွင္း Pixel နဲ႔ Pixel XL ဖုန္းမ်ားကို ေဒၚလာ၂၀၀ ဝန္းက်င္ျဖင့္ေရာင္းခ်

0
1577

အြန္လိုင္းအေရာင္းစတိုးျဖစ္တဲ့ amazon ကေန refurbished လုပ္ထားတဲ့ Google Pixel နဲ႔  Pixel XL ဖုန္းမ်ားေရာင္းခ် လိုက္ပါတယ္။ ဒီဖုန္းေတြဟာ လြန္ခဲ့တဲ့ ၂ႏွစ္ကေလာက္ ထုတ္လုပ္ေရာင္းခ်ခဲ့တဲ့ဖုန္းေတြ ျဖစ္ၿပီး ေစ်းႏႈန္းအနည္းငယ္ႀကီးျမင့္ပါတယ္။ အခုေတာ့ ပထမမ်ိဳးဆက္ Pixel နဲ႔  Pixel XL ဖုန္းေတြကို ေစ်းသက္သက္သာသာနဲ႔ ဝယ္ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။   Amazon မွာဝယ္ယူႏုိင္မယ့္ ဖုန္းေတြအတြက္ Storage ကေတာ့ 32GB နဲ႔ 128GB( Pixel XL) တို႔ပဲျဖစ္ပါတယ္။

ပထမမ်ိဳးဆက္ Pixel နဲ႔ Pixel XL ဖုန္းႏွစ္မ်ိဳးမွာ အဓိကကြာျခားခ်က္ကေတာ့ မ်က္ႏွာျပင္အရြယ္အစားနဲ႔ ဘက္ထရီပမာဏျဖစ္ျပီး၊ ‘Pixel’ ဖုန္းက မ်က္ႏွာျပင္ ၅ လက္မအက်ယ္ 1920×1080 pixels AMOLED display နဲ႔ျဖစ္ကာ၊ Pixel XL ဖုန္းကေတာ့ ၅.၅ လက္မအက်ယ္ 2560×1440 AMOLED display နဲ႔ ျဖစ္ပါတယ္။ ဘက္ထရီမွာေတာ့ Pixel ဖုန္းက 2770mAh ဘက္ထရီျဖစ္ကာ၊ Pixel XL ကေတာ့ 3450mAh ဘက္ထရီသုံးထားပါတယ္။

Pixel နဲ႔ Pixel XL ဖုန္းရဲ့ ေနာက္တစ္ခုထူးျခားခ်က္ေတာ့ Qualcomm ရဲ့ Snapdragon 821 SoC အသုံးျပဳထားတာျဖစ္ပါတယ္။ USB Type-C သုံးျဖစ္ကာ၊ 3.5mm headphone jack ကိုလည္း သုံးႏိုင္ဦးမွာပါ။ Pixel ဖုန္းေတြဟာ Google ရဲ့ ‘Daydream VR’ platform အဆင္သင့္အသုံးျပဳႏိုင္တဲ့ ပထမဆုံးစမတ္ဖုန္းေတြျဖစ္ပါတယ္။ amazon ကေနေရာင္းခ်လိုက္တာ ျဖစ္ၿပီး Pixel ဖုန္းကို ေဒၚလာ ၂၁၀နဲ႔   Pixel XL ဖုန္းကိုေတာ့ ေဒၚလာ 243.99  နဲ႔ျဖစ္ပါတယ္။

unicode

အွန်လိုင်းအရောင်းစတိုးဖြစ်တဲ့ amazon ကနေ refurbished လုပ်ထားတဲ့ Google Pixel နဲ့  Pixel XL ဖုန်းများရောင်းချ လိုက်ပါတယ်။ ဒီဖုန်းတွေဟာ လွန်ခဲ့တဲ့ ၂နှစ်ကလောက် ထုတ်လုပ်ရောင်းချခဲ့တဲ့ဖုန်းတွေ ဖြစ်ပြီး ဈေးနှုန်းအနည်းငယ်ကြီးမြင့်ပါတယ်။ အခုတော့ ပထမမျိုးဆက် Pixel နဲ့  Pixel XL ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်တော့မှာ ဖြစ်ပါတယ်။   Amazon မှာဝယ်ယူနိုင်မယ့် ဖုန်းတွေအတွက် Storage ကတော့ 32GB နဲ့ 128GB( Pixel XL) တို့ပဲဖြစ်ပါတယ်။

ပထမမျိုးဆက် Pixel နဲ့ Pixel XL ဖုန်းနှစ်မျိုးမှာ အဓိကကွာခြားချက်ကတော့ မျက်နှာပြင်အရွယ်အစားနဲ့ ဘက်ထရီပမာဏဖြစ်ပြီး၊ ‘Pixel’ ဖုန်းက မျက်နှာပြင် ၅ လက်မအကျယ် 1920×1080 pixels AMOLED display နဲ့ဖြစ်ကာ၊ Pixel XL ဖုန်းကတော့ ၅.၅ လက်မအကျယ် 2560×1440 AMOLED display နဲ့ ဖြစ်ပါတယ်။ ဘက်ထရီမှာတော့ Pixel ဖုန်းက 2770mAh ဘက်ထရီဖြစ်ကာ၊ Pixel XL ကတော့ 3450mAh ဘက်ထရီသုံးထားပါတယ်။

Pixel နဲ့ Pixel XL ဖုန်းရဲ့ နောက်တစ်ခုထူးခြားချက်တော့ Qualcomm ရဲ့ Snapdragon 821 SoC အသုံးပြုထားတာဖြစ်ပါတယ်။ USB Type-C သုံးဖြစ်ကာ၊ 3.5mm headphone jack ကိုလည်း သုံးနိုင်ဦးမှာပါ။ Pixel ဖုန်းတွေဟာ Google ရဲ့ ‘Daydream VR’ platform အဆင်သင့်အသုံးပြုနိုင်တဲ့ ပထမဆုံးစမတ်ဖုန်းတွေဖြစ်ပါတယ်။ amazon ကနေရောင်းချလိုက်တာ ဖြစ်ပြီး Pixel ဖုန်းကို ဒေါ်လာ ၂၁၀နဲ့   Pixel XL ဖုန်းကိုတော့ ဒေါ်လာ 243.99  နဲ့ဖြစ်ပါတယ်။

Leave a Reply