၆ လက္မ 18:9 Screen ပါတဲ့ Sony Xperia XA2 Plus

0
862




unicode

၆ လကျမ 18:9 Screen ပါတဲ့ Sony Xperia XA2 Plus

Sony က စွမ်းဆောင်ရည်သင့် စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Xperia XA2 Plus ဖြစ်ပြီး သူဟာ XA2 Series များထဲမှာ 18:9 Screen ပါတဲ့ ပထမဆုံး ဖုန်းပါ။ သူ့မှာ ၆ လက်မ Full HD+ LCD Display ကို Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ အနောက်ဘက်မှာ 4K Video နဲ့ 120fps Slow-Mo Video များကို ရိုက်ကူးနိုင်တဲ့ 23MP Camera ပါပါတယ်။ အရှေ့ဘက်မှာ Group Selfie များ ရိုက်ကူးဖို့ ကောင်းတဲ့ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် 8MP Camera ပါပြီး Bokeh Mode, Soft Skin နဲ့ အခြား မျက်နှာ ပြောင်းလဲတဲ့ Effect များ ပါပါတယ်။

သူ့အတွက် 4GB or 6GB RAM နဲ့ 32GB or 64GB Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card ဖြင့် Storage ကို မြှင့်တင်နိုင်ပါတယ်။ သူ့မှာ 2.2GHz Octa-Core CPU နဲ့ Adreno 508 GPU များပါတဲ့ Qualcomm Snapdragon 630 Chipset ထည့်သွင်းထားပါတယ်။

သူ့မှာ 3580mAh Battery ပါပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ Quick Charge 3.0 ပါပါတယ်။ USB-C အပြင် သာမာန် 3.5mm Jack ထည့်ပေးထားပါတယ်။ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ အနက်၊ ငွေ၊ ရွှေနဲ့ အစိမ်းရောင်များ ရွေးချယ်နိုင်ပါတယ်။

Leave a Reply