Nikon P1000 မွာ 125x Zoom Lens ပါရွိ
0
1507
unicode
Nikon P1000 မှာ 125x Zoom Lens ပါရှိ
Nikon ရဲ့ နောက်ဆုံးထုတ် Compact Camera မှာကမ္ဘာ့အမြင့်ဆုံး Zoom Ratio ပါရှိပါတယ်။ P1000 ဟာ သူ့ရဲ့ 83x Zoom နဲ့စံချိန်ချိုးထားတဲ့ P900 ရဲ့ မျိူးဆက်သစ်ဖြစ်ပါတယ်။ P1000 ရဲ့ Lens ဟာ f/8 မှာပွင့်ပါတယ်။ P900 ကတော့ f/6.5 မှာသာပွင့်ပါတယ်။ အဲ့ဒီ Focal Length မှာဆိုရင် Tripod ကိုမဖြစ်မနေသုံးရပါမယ်။ Camera ၂ခုလုံးဟာ f/2.8 မှာစပြီး အရွယ်သေး 16 Megapixel 1/2.3-inch Sensor နဲ့တွဲဖက်ထားပါတယ်။
P1000 ကို သဘာဝနဲ့အာကာသ ဓာတ်ပုံများကဲ့သို့ Zoom အမြင့်ဆုံးဆွဲနိုင်ရန် ဒီဇိုင်းထုတ်ထားပါတယ်။ အဆုံးစွန်ဆုံးပြောရရင်သူ့ရဲ့ Mode Dial မှာ ငှက်ကြည့်ခြင်းနဲ့ လဓာတ်ပုံရိုက်ခြင်း Settings ပါဝင်ပါတယ်။ သူဟာ ၁စက္ကန့် ကို 30 Frames နဲ့ 4K Video ကိုရိုက်ကူးနိုင်ပါတယ်။ သူ့မှာ OLED Electronic Viewfinder ပါရှိပါတယ်။ သူဟာ RAW Image Capture ကိုထောက်ပံ့ပါတယ်။ Nikon ရဲ့ SnapBridge Bluetooth image transfer system နဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။ သူဟာ 3.1 Pounds သို့မဟုတ် 1.4 Kilograms အလေးချိန်ရှိပါတယ်။ လည်ပင်းမှာကြာရှည်ဆွဲထားဖို့မသင့်တော်ပါဘူး။
Nikon က P1000 ကို $999 သတ်မှတ်ပါတယ်။ Zoom အရမ်းဆွဲနိုင်တဲ့အတွက် ဈေးကလဲများပါတယ်။ ဒါပေမယ့် လက်ရှိမှာ သူဟာ Zoom အဆွဲနိုင်ဆုံးဖြစ်နေမှာပါ။ မိတ်ဆွေရော ဒီကင်မရာ ထွက်လာရင် ဝယ်မှာလား ။ စက်တင်ဘာလမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။
Leave a Reply